ဘလော့ဂ်ရောက်လာသူ မိတ်ဆွေ အပေါင်း စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ
Saturday, 31 August 2013
ပုဇွန်လေးနှင့် လျှိုဝှက်စွာ
မလေးတစ်ယောက် အခုတလော သားပိုင်အကြောင်းတောင် မရေးဖြစ်တာကြာပြီ။ မလေးသားပိုင်က အခုဆို ၂ နှစ်ရှိပြီ။ စကားကလည်း လူကြီးတွေ ပြောသလိုကို ပြောတတ်နေပြီ။ အခုတလောဖုန်းလာတယ်ဆိုရင်လည်း ပြေးကိုင်ပြီး (ဘယ်သူရယ် ဘယ်ဝါရာယ်တော့ မသိဘူးပေါ့နော် ) ကလေးဆိုတာသူတို့ တတ်တာလေးကိုပြောချင်တာ။ ဖုန်းကိုင်ပြီးတာနဲ့  apple ပန်းသီး ၊ orange လိမ္မော်သီး ၊ goat ဆိတ် အဲလိုလေးတွေပေါ့နော် သူသိတာလေးတွေ ပြောပြီးဖုန်းကို ချလိုက်ရော။ ဟောတခါတလေကျလည်း "ဟလို ဘယ်သူလဲ၊ ဒါပဲနော်" ဆိုပြီး ချလိုက်ရော။ ပိုင်ဘယ်သူလဲဆိုပြီး မေးရင် ဘယ်သူဆက်ဆက် ဦးငယ်လို့ အမြဲပြောတာ။ အဲဒါ ပစ္စည်းမှာတဲ့ လူများလားဆိုပြီး ပေါ်တဲ့နံပါတ် ပြန်ခေါ်ရတော့တာ။ ဟန်းဖုန်းဆိုလည်း သူ့ အိတ်ထဲထည့် ပြီးဖွတ်တယ်လုပ်သေးတာ။ ပြီးတော့ အဖိုးနဲ့ အဘွားကိုလည်း ဖုန်း screeen ကို ဒီလိုလက်ကလေးနဲ့ ထိရတာဆိုပြီး သင်ပေးလေရဲ့။ အဖိုးနဲ့ အဘွားကတော့ ဟုတ်ပ ငါ့ မြေးကမှ သင်ပေးဖော်ရသေးဆိုပြီး တဟားဟားနဲ့  သဘောကျလေရဲ့ ။
   ဖုန်းကြိုက်သောပိုင်
သားပိုင်ကနဲနဲလည်း ကြီးလာပြီဆိုတော့ လူကလည်လာပြီလေ။ ပိုင်ကပုဇွန်ခြောက် အရမ်းကြိုက်တာ။ မလေးတို့ ကလည်း ကျွေးဖြစ်တာပေါ့နော်။ နောက်မှ မလေးသူငယ်ချင်းက ပုဇွန်ခြောက်အရမ်းမကျွေးနဲ့  တုတ်ကောင် ထွက်တတ်တယ်တဲ့။ အဲဒါနဲ့ မလေးတို့ ကလည်း ပိုင်မမြင်အောင် ဖွတ်ထားတာပေါ့ ။ မလေးတို့ ကပုဇွန်ခြောက်ကို ရေခဲသေတ္တာထဲသိမ်းမှန်းသိတယ်လေ။ အဲဒါပိုင်က လူကြီးတွေခေါ်ပြီး ဖွင့်ခိုင်းတာ ။ ပြီးရင်ပုဇွန်ခြောက်ကိုတွေ့ အောင်ရှာတာ ရှာလို့ တွေ့ ရင် တွေ့ ပြီဆိုပြီး ၀မ်းသာအားရနဲ့ ကျွေးခိုင်း တော့ တာ။ နောက်တော့ သားကိုရှင်းပြရတာ။ ပုဇွန်ခြောက်တွေ စားရင် ကောင်ကောင်ကြီးတွေ ထွက်တတ်တယ်လို့ ပြောတော့ ပိုင်နောက်ဆို စားတော့ဘူးနော်တဲ့။ သားက အလိုပြောတော့ မိဘဖြစ်တဲ့ ကိုယ်ကစိတ်မကောင်း။
ပိုင်ကယောကျာင်္းလေးဆိုတော့ ကွန်ပျူတာတို့ ၊ ဖုန်းတို့ ၊ တက်ပလက်တို့ သိပ်စိတ်ဝင်စားတာ၊ တီဗီ ဆိုလည်း ကွန်ထရိုးကို အဖွင့်၊အပိတ် channel ပြောင်းတာတွေ ဘယ်တော့မှ မမှားဘူး။ ကွန်ထရိုးကတော့ ဘာမှမဖြစ်ဘူး၊ ကိုင်လို့ ရတယ်၊ တခြားအရာတွေကို မလေးက မကိုင်စေချင်ဘူး။ ကလေးကငယ်သေးတော့ ပေးမကိုင်စေချင်တာ။ မကိုင်စေချင်ဘူးသာပြောရတာ မလေးကိုယ်တိုင်တောင် တခါတလေဆို သားရေ mouse လေးရွှေ့ လိုက်ပါအုံး ၊ တခါတလေကျတော့လည်း သားရေ enter လေးနှိပ်လိုက်ပါအုံးဆိုလည်း မှန်အောင်နှိပ်တတ်တာ။ အဲ့ တော့လည်း သြော်သားလေးတော်လိုက်တာဆိုပြီး မိဘဖြစ်တဲ့  မလေးတို့ က၀မ်းသာရတာပေါ့။ တခါတလေ ဂိမ်းဖွင့်ထားရင်လည်း ပိုင်က mouse ကိုင်ပြီး ကလစ် ကလစ်နဲ့ လျောက်နှိပ်တာ၊ ဘယ်အရာပဲဖြစ်ဖြစ် ကိုယ်နဲ့ နီးစပ်တဲ့ အရာတွေဆို မကြောက်မရွံ ကိုင်ရဲတော့တာ။ မလေးတူလေးကျတော့ ကွန်ပျုတာဆိုလည်းမထိရဲဘူး။ သားသားသွား ညီလေးပိုင်နဲ့ ဂိမ်းသွားဆော့ချည်ဆိုလည်း ဝေးဝေးကသာ ရပ်ကြည့် နေတာ။ သားတော်မောင်ကတော့ ဟုတ်ဟုတ်မဟုတ်ဟုတ် mouse နဲ့ လျှောက်နှိပ်ပြီးတော့ ဟီးရိုးကြီး လုပ်ပြနေလေရဲ့ ။
Saturday, 24 August 2013
မလေး နှင့်စလုံး-၁
ဒီနေ့ ကတော့ မလေးရဲ့ အလွဲတွေရေးချင်တာလေ။  ဒီလို ဒီလိုမလေး စလုံး မှာကျောင်းတက်တုန်းက အလွဲတွေလေ။  ကျောင်းစတက်တော့ မလေးနဲ့ သူငယ်ချင်းနဲ့ နှစ်ယောက် ကျောင်းအတူတူတက်တာလေ။ သူကစလုံးကို အရင်ရောက်နှင့်တာ။ မလေးက ၅ရက်နောက်ကျပြီးမှ စလုံးရောက်တာ။ ကျောင်းဖွင့်ရက် တင်္နလာနေ့ ရောက် တော့ မလေးက ကျောင်းသွားတာပေါ့။ သူငယ်ချင်းက ကျောင်းရှေ့ ထိလိုက်ပို့ ပေးတယ်။ သူကပြောလိုက်သေးတယ်။ department ကအများကြီးနော်။ အခန်းသေချာကြည့်ဝင်တဲ့လေ။ သူက ICA သွားစရာရှိ လို့ ဆိုပြီးကျောင်းမလာဘူး။ မလေးကိုပဲသီးသန့် လိုက်ပို့ ပေးတာ။ ဒီလိုနဲ့  department ကြည့် အားလုံးအဆင်ပြေပေါ့။
ပထမအချိန် F1 ဆရာစာသင်တယ်။ အဆင်ကိုပြေလို့  ဒုတိယအချိန် F2  ok ပေါ့။ တတိယအချိန်မတက်ခင် ၁၅ မိနစ်နား အဲ့မှာ အလွဲကစတော့တာပဲ။ မလေးကလည်း နားတုန်း library သွားပါအုံးမယ်လေဆိုပြီး သွားတာ။ library ကို ရောက်ရော ခုံတစ်ခုံမှာဝင်ထိုင် ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို ယူပြီးဖတ်နေတာ။ အဲ့အချိန်မှာ ဘေးက ခုံအလွတ်မှာထိုင်လို့ ရလားတဲ့မေးတာနဲ့  ရတယ်ထိုင်ပေါ့ ။  ထိုင်ပေါ့လို့ ပြောရင်း သူ့ မျက်နှာကိုကြည့်လိုက်မိတာ။ စိတ်ထဲကနေဟယ် ချော လိုက်တာ (မြန်မာတော့မဟုတ်တာသေချာတယ်၊ သူကလည်းအင်္ဂလိပ်လိုမေး ကိုယ်ကလည်းဖြေဆိုတော့  အရပ်ရှည်ရှည် အသားဖြူဖြူ၊ မျက်လုံးကလည်း ပြာမှာလိုလို နက်မှာလိုလိုနဲ့ ) ဆိုတော့ မြန်မာကတော့မဟုတ်တာကသေချာတယ်။ အဲ့အချိန်မှာပဲ သူငယ်ချင်း ဒေါ်မော်ဒယ်ကဖုန်းဆက်ပါရော။ သူကိုမလေးက အားရပါးရကိုပြောနေတာ။ နင် ICA ကိုနောက်နေ့ မှ သွားလို့ ရရဲ့သားနဲ့ ဒီမှာကောင်လေးတစ်ယောက် ချောလိုက်တာ လို့ သူ့ ကို အပီအပြင် ပြောနေတာ။ မလေးဖုန်းပြောတာကို ကိုယ်တော်ချောက ပြုံးပြုံးကြီး ကြည့် နေတာ။
သူငယ်ချင်းကိုပြောလိုက်သေးတာ။ ဟယ်သူ့ ခမျာ သနားပါတယ်။ ငါပြောတာနားမလည်ရှာဘူး ဆိုပြီး ဖုန်းထဲကနေအပီ ကိုပြောနေတာ။ နောက်တော့ F3 ချိန်ရောက်တော့မယ် ဒါပဲ ဒါပဲဆိုပြီး ဖုန်းကိုပိတ်ပြီး ထမယ်အလုပ် ကိုယ်တော်ချောကလေ ဟုတ်ကဲ့ ကျွန်တော် မြန်မာပါခင်ဗျာ ၊ ရန်ကုန်ကပါတဲ့  မလေးဆိုတာလေ ပူထူပြီးတော့ အတန်း ကိုတန်းလို့ ပြေးပါလေရော။ အဲဒါနဲ့ အတန်းထဲရောက် F3 ဆရာမကစာသင် အစအဆုံး အဆင်ကိုပြေလို့  ပြီးခါနီးမှ လွဲတော့တာ။ ဆရာမကပြောလိုက်တာက ' တောက်တယ်ကော့စ်'  ဆိုတော့ ဟယ်ဘာလဲပေါ့ ဆိုပြီး စာရွက်ကို ဟိုဘက်လှန်လိုက် ဒီဖက်လှန်လိုက်နဲ့  ဘေးမှာထိုင်တဲ့ ဟောင်ကောင်ကလာတက်တဲ့ တယောက်က ဘာဖြစ်လို့  လဲတဲ့ ။ မလေးကလည်းဘာမှ ဖြစ်ဘူးလို့ ပြောလိုက်တာ။ စိတ်ထဲက အရမ်းသိချင်နေတာ။ အဲဒါနဲ့ အတန်းပြီးရော ဆရာမနောက်လိုက်သွားပြီး နောက်ထပ်ရှင်းပြပေးလို့ ရမလားလို့ ဆရာမကိုမေးတော့ ရတယ် ။ ok ပေါ့ ။ ဆရာမ ရှင်းပြရင် သေချာတော့ကြည့်ထားရမယ် ဆိုပြီး ကိုယ်ကို ကိုယ်ပြောထားတာ။ 
ဆရာမက သေချာရှင်းပြပေးတယ်။ နောက်ဆုံးအဆင့်ရောက်ခါနီးမှပဲ သိလိုက်ပါပြီ။ သြော် တောက်တယ်ကောစ့်ဆိုတာ (Total Cost) ကိုပြောတာပါလား ဆိုပြီး အလွဲတွေးတတ်တဲ့ ကိုယ်ဟာ ကိုယ်ပဲ အပြစ်တင်မိတော့တယ်။ ရောက်ခါစဆိုတော့ singlish ကို အထာမကျတာ လည်းပါမှာပေါ့။
Monday, 19 August 2013
ခွဲစိတ်ခန်းမှ အလှပုံရိပ်-၂
ဟိုတနေ့ ကရေးရင်းနဲ့ ရပ်လိုက်ရလို့ ။ ဒီနေ့ မှဆက်ေ၇းရတော့မယ်။ ဒီလိုလေ သားက တင်ပဆုံထဲညှပ်နေတယ်တဲ့ ချက်ချင်းခွဲရမယ်တဲ့။ ရုတ်တရက်ဆိုတော့ ဘယ်သူမှ စဉ်းစားချိန်တောင် မရလိုက်ဘူး။ ခွဲခန်းထဲရောက်သွားတယ်။ ခွဲစိတ်ခန်းထဲရောက်တော့ မေ့ဆေးအထူးကုဆရာဝန်က ခါးအလယ်ကို ညှစ်ပြီး ဆေးထိုးလိုက် တာကိုသိလိုက်တယ်။ သတိကတော့မမေ့ဘူး ။ ခွဲနေပြီဆိုတာတော့သိတယ်။ ချက်ချင်းကြီးဆိုတော့ ကြောက်ချိန်တောင် မရလိုက်ရဘူး။ ဘုရားစာတော့ ရွတ်နေတာပေါ့။ ကြားဖြတ်ပြောရအုံးမယ်။ မလေးသူငယ်ချင်းက မလေးအရင်တပတ် စောတယ်မွေးတာ။ အဲဒါသူက ခွဲစိတ်ခန်း ၀င်ခါနီးမှာ ကြောက်တော့ သွေးအရမ်းတိုးလာလို့  သွေးပြန်ကျအောင် ၂နာရီလောက်စောင့်လိုက်ရတယ်။ 
ပုံမှန်ကတော့ ခွဲမွေးတာက ၇ရက် ဆေးရုံမှာနေရတယ်။ မလေးက ကလေးရော လူကြီးရော ကျန်းမာလို့ ၆ရက်နဲ့ ဆင်းရတယ်။ ဆရာဝန်တွေက ၇ရက် တက်ခိုင်းတာက ပထမတရက်က medical check up လုပ်ရတာ။ မလေးကချက်ချင်းခွဲတာမို့ check up မလုပ်လိုက်ရတာ check up ဖိုး ၄၃၀၀၀ သက်သာသွားတာပေါ့။ နာရီဝက်လောက်နေတော့ သားသား ငိုသံကြားရရော။ သြော် သားလေးမွေးပြီဆိုတာ သိလိုက်တော့ တအားကို ပျော်သွားတာ။ အဲအချိန်မှာအိုဂျီက သမီး သားလေးက ကိုယ်လက်အင်္ဂါလည်းစုံတယ် အရမ်းလည်း ချစ်စရာကောင်းတယ် လို့ ပြော ရင်း မလေးရင်ဘတ်ပေါ် ခဏလာတင်ပေးတယ်။ ပြန်ချုပ်တာနဲ့  ဘာနဲ့ ဆိုတော့ စုစုပေါင်း အချိန် ၁နာရီခွဲလောက်ကြာတယ်။
ခွဲခန်းထဲက ထွက်လာပြီး တော့ မလေးကအိပ်ပျော်သွားတာ။ ဘာမှလည်းမနာဘူး။ nurse ကလည်းပြောပါတယ်။ မနာတဲ့ဆေးထည့်ပေးလိုက်တာတဲ့။ ခဏနေတော့ အိုဂျီရောက်လာပြီးတော့ သမီးစားချင်တာ အစုံစားနော်တဲ့  ။ သမီးများများစားမှ ကလေးကအားရှိမှာတဲ့။ ကြားဖြတ်ပြောဖို့ မေ့နေတာ။ အိပ်ရာကနိုးလာတော့ nurse က အစ်မ juice သောက်မလား ၊ ရေသောက်မလား ကော်ဖီ သောက်မလားတဲ့။ အဲဒါနဲ့ မလေးကလည်းရေပဲသောက်ချင်တယ်လို့ ပြောတော့ ရေတိုက်ပေးတယ်။ ၂နာရီတခါ pressure လာတိုင်းတယ်။  တကယ်တမ်းတော့ ကလေးမွေးပြီးပြီးခြင်း ဟင်းချိုပူပူလေးသောက်တာကောင်းတယ်။ မလေးတစ်ယောက်သားကိုမွေးပြီး စားကောင်းလိုက်ပုံများ ချိုင့်ကြီး ချိုင့်ငယ်နဲ့ ကို အိမ်ကမနားတမ်းပို့ နေရတာ။
ခွဲမွေးတာဆိုတော့ ၀မ်းမချုပ်အောင်လည်း ဂရုစိုက်ရတယ်။  လူကြီးတွေကတော့ ခေါင်းမလျှော်ရဘူး။ ဘာမှ မလုပ်ရဘူး အစုံပေါ့နော်။ မလေးကတော့ ၁၅ရက်နေတော့ ခေါင်းလျှော်တယ်။ ရေကတော့နေ့ တိုင်းချိုးဖြစ်တယ်။  သားသားကိုတော့ nurse က တရက်ခြားရေချိုးပေးတယ်။ မိဘဖြစ်သွားပြီဆိုတော့ အစစအရာရာတော့ ဂရုစိုက်ရတော့တာပေါ့နော်။ မလေးရဲ့ nurse ကပြောပြတာက ကလေးတစ်ယောက်က မွေးပြီး၁လကျော်လောက်ထိကို နို့ စို့ လိုက် အိပ်လိုက်လုပ်နေမှ ကျန်းမာပြီး ညဏ်ရည်ဖွံဖြိုးတာ တဲ့။
image from yahoo
Tuesday, 13 August 2013
ခွဲစိတ်ခန်းမှ အလှပုံရိပ် - ၁
ဒီနေ့ မလေးရေးချင်တာလေးက သားကိုမွေးတုန်းက အကြောင်းလေးပါ။ မလေးကသားကို ခွဲမွေးတာ။ တကယ်တမ်းကတော့ ရိုးရိုးမွေးတာအကောင်းဆုံးပါ။ ခွဲမွေးတော့ အစစအရာရာဆင်ခြင်ရတယ်။ တခါလေကိုယ်ဟာကိုယ် အစားများသွားလို့ ဗိုက်ကလေးအောင့်ရင်တောင် ဗိုက်ကဘာဖြစ်တာလဲဆိုပြီး စိတ်ပူတာ။ မလေးက ဆေးထိုးဆေးသောက် သိပ်ကြောက်တာ.။ တော်ရုံလည်းဘာမှမဖြစ်တတ်ဘူး။ ဗိုက်ခွဲမွေးပြီးမှ ပဲဟို နားက အောင့်ချင်သလိုလို ဒီနားကအောင့်ချင်သလိုလို (တကယ်တမ်းကဘာမှမဖြစ်ဘူး ဂရုစိုက်တာလိုချင်တာ)။ ခွဲမွေးတာမို့ လို့  မလေးကတော့ ၆လတခါလောက်အိုဂျီနဲ့ စစ်ဖြစ်တယ်။ အိုဂျီကတော့ ပြောရှာပါတယ် ။ ဘာမှမဖြစ်ဘူးစိတ်မပူနဲ့  အားလုံး clear ဖြစ်တယ် ။ မလေးကိုက ရှာကြံပြီး စိုးရိမ်တာ။ 
ဒီလို မလေးကသားကိုမမွေးခင် တရက်အလိုညက မိုးတွေကလည်းတအားရွာတာ။ မှတ်မှတ်ရရ ညကလည်း၁၀ နာရီလောက်ရှိနေပြီ ။ ကိုယ်ဗိုက်ကလည်း အတင်းဆာတော့ ပေါင်မုန့် မီးကင်လေးစားလိုက်တာ။ စားပြီးလည်း ဗိုက်ကမ၀သေးပါဘူးဆိုပြီးတော့  ထမင်းနှစ်ပန်းကန်ထပ်စားဖြစ်ရော။ စားပြီးတော့လည်း ချက်ချင်းကြီးအိပ်လို့ မဖြစ်ဘူး လမ်းလေးလျှောက်အုံးမှရဲ့ ဆိုပြီး လမ်းလျှောက်နေတာ။ တစ်နာရီလောက်ကြာတော့ အိပ်ပါတော့မယ်လေဆိုပြီး အိပ်ရာဝင်တာ ။ အဲဒါလေဘယ်လိုမှကို လှဲလို့ မရဘူး။ လှဲလိုက်ရင်ဗိုက်ကနာလာရော။ အဲဒါနဲ့ မလေးကလည်း အင်းငါတော့ အစားများသွားပြီထင်တယ် အိပ်လို့ မရ။ အဲလိုနဲ့ ပဲ အိပ်လိုက် ထိုင်လိုက် လမ်းလျှောက်လိုက်နဲ့  မိုးလင်းသွားပါရော။ နောက်နေ့ မနက်ရောက်တော့မှ စတော့တာ။ အိမ်ကတအိမ်လုံးကလည်း ညကတည်းက ကောင်းကောင်းမအိပ်ရတာသိနေတော့ အိုဂျီဆီသွားပြပေါ့ ။ မနက် ၆နာရီဆိုတာကလည်း စောနေသေးတယ်ပေါ့။ ဆေးခန်းဖွင့်ချိန်ရောက်ရင်တော့သွားအုံးမှ ။ ၆နာရီခွဲလောက်ရောက်တော့ ဗိုက်ကတော်တော်နာလာတာ။ မလေးတို့ မေမေကတော့ မမွေးသေးပါဘူး။ မွေးဖို့ ရက်က လည်း၅ရက်လောက်လိုသေးတဲ့ဟာ။ နာတာကလည်း သွေးလေးတစ်စက်ကျသွားရင် ဗိုက်ကမနာတော့ဘူး။ တအိမ်လုံးကတော့ မနာနာ နာနာအိုဂျီဆီကို သွားပြ ပေါ့ နော်။ အဲအချိန်မှာပဲ အိမ်နားကအန်တီကြီးတစ်ယောက်က ရောက်လာတာ ပြီးတော့မလေးကိုကြည့်ပြီး မလေးရယ်ဘယ်လိုဖြစ်သွားတာလဲ မျက်နှာကိုတအားကျသွားတာ ။ မနေ့ ကတောင်မျက်နှာလေးကပြည့် ပြည့်ဖောင်းဖောင်း လေးတဲ့ ။ အဲဒါနဲ့ မလေးလည်းဟုတ်တယ် သတိထားမိတယ် ။မနက်ကမှန်ကြည့်တော့ တအားကို မျက်နှာကကျသွားတာလို့ ပြောတော့ အဲ့အန်တီကမွေးချင်လို့ နေမှာပေါ့။
အဲဒါမလေးမေမေက မမွေးသေးပါဘူး ။ မွေးချင်ရင်ရေမွှာအရင်ပေါက်တာ။  (အပျိုကြီးဘာမှမသိပဲနဲ့ ဆိုပြီး မေမေကပြောသေးတာ)  မေမေတို့ သိတာကမွေးခါနီးရင် ရေမွှာပေါက်တယ်ဆိုတာပဲသိထား
တာလေ ။  မလေးတို့ တောင်အဲလိုပဲသိထားတာ ။ ဘာပဲဖြစ်ဖြစ် အိုဂျီကိုလည်းဖုန်းဆက်ပြီးပြီဆိုတော့ သွားတော့ပြလိုက်မယ်။ မမွေးသေးဘူးဆိုလည်းပြန်လာမယ် ။ လိုအပ်တာတွေကတော့အားလုံးယူသွားတာပေါ့နော်။ ဒီကြားထဲမှာတော့ ဗိုက်ကမနာတော့ဘူးဆိုတော့ အလှကပြင်လိုက်သေး။ နေ့ လည်လောက်ရောက်တော့ အပြင်အထူးကုဆေးရုံ ကိုရောက်ရော။ ရောက်တော့ ခဏနေအိုဂျီလာမှာ ဆိုပြီး လက်ထောက်ဆရာဝန်က အရင် စမ်းသပ်ပေးမလို့ လုပ်တုန်း ဗွမ်းဆို သွေးတွေအများကြီးကျတာ။ ဘာဖြစ်တာလဲဆိုပြီး အားလုံးကအရမ်းစိုးရိမ်ကြတာ။ လက်ထောက်ဆရာဝန်ကဘာမှ မဖြစ်ဘူး။ အစ်မကသွေးမွေး မွေးတာတဲ့။ တချို့ တွေက ရေမွှာမပေါက်ဘူးတဲ့ ။ သွေးမွေး မွေးတာတဲ့ ။ အိမ်ကလူတွေအားလုံးကို လက်ထောက်ဆရာဝန် ကရှင်းပြနေတာ။ အဲအချိန်မှာပဲ အိုဂျီကလည်းရောက်လာပြီးတော့ စမ်းသပ်တာပေါ့ ။ ချက်ချင်းခွဲရမယ်တဲ့ အမှန်ဆိုမနေ့ ကတည်းကမွေးမှာတဲ့ ။ ကလေးကလှည့်ရင်းနဲ့  တင်ပါးဆုံထဲ ညှပ်သွားလို့ ချက်ချင်းခွဲရမယ်တဲ့လေ။
Image from yahoo
Friday, 2 August 2013
ဒူးရင်းသီးနှင့် ကြောင်
ဒီပိုစ့်လေးရေးဖို့ ဖန်လာတာကတော့ သားတော်မောင်ပိုင်က ဒူးရင်းသီးလုံးဝမကြိုက်ဘူး။ မကြိုက်ဘူးဆိုတာက မလေးအထင်သားက ဒူးရင်းသီးအနံ့ ကို မကြိုက်တာထင်တယ်။ ဒီလို မလေးတို့ က သားကို ဒူးရင်းသီးအနံ့ ပါတဲ့ ဘီစကစ်လေးတွေ ဆိတ်နို့  နဲ့ လုပ်တဲ့ဘီစကစ်လေးတွေဝယ်ကျွေးတာပေါ့နော်။ ဘယ်လိုကြောင့်ရယ်မသိဘူး။ အဲဒီဒူးရင်းသီးနံ့ ပါတဲ့ ဘီစကစ်ကို လုံးဝမစားဘူး။ အဲဒါနဲ့ မလေးတို့ က ဒူးရင်းသီးပါတဲ့ မုန့် ရယ် တခြားမုန့် တွေရယ် ရောပြီး သားကိုပေးတာ ။ဘယ်လောက်ပဲရောထား ရောထား တခြားမုန့် တွေသာယူတာ အဲဒီဒူးရင်းသီးမုန့် ဆို လွှင့် ကိုပစ်တာ။ အဲဒါအိမ်က အဖိုးတွေ အဘွားတွေက အတင်းသဘောကျကြတာ။ (မင်းတို့ ငါမြေးမြန်း ဘာထင်နေလို့ လဲ မင်းတို့ တောင်ရောင်းစားသွားအုန်းမယ်တဲ့ ) လူကြီးတွေဆိုတော့ သူတို့ မြေးလည်တာကို အတင်းသဘောကျတာလေ)။ အဲဒါပိုင်ဘွားဘွားရဲ့ မိတ်ဆွေအိမ်ကို လာလည်တော့ ပိုင်ရေဒူးရင်းသီးစားမလားလို့ မေးတာကို သားပိုင်တစ်ယောက် စားဘူး စားဘူးဆိုပြိး ပြေးလေရဲ့ ။ကလေးတွေက ဘယ်လိုလုပ်သိလဲမသိဘူးနော်။ သူတို့ မကြိုက်တာကို။ ပိုင်ကတော်ရုံ ဆို အစားမရွေးဘူးရယ် အစုံစားတာ။ သားပိုင်ရဲ့ ဦးငယ်ဆို သားပိုင်ကို အစုံစားလေးရေ ဆိုပြိးချစ်စနိုးနဲ့  ခေါ်တာ။ ပိုင်ဦးငယ်က အံ့သြနေတာ။ အစုံစားလေးက ဒူးရင်းသီး မုန့် တော့မစားပါလားကွ ဆိုပြိး ရယ်လေရဲ့ ။ပိုင်ကအိမ်ရဲ့ ဗိုလ်လေ။ပိုင်ဦးငယ်ဆိုတူလေးကိုချစ်လိုက်တာမှတုန်လို့ ။
မိဘတွေဆိုတာတော့ပြောမပြတတ်အောင်ပေါ့။ မလေးတို.က သားကို ငယ်ငယ်ထဲက အတတ်နိုင်ဆုံး ဆီမပါတာကို ကျွေးဖြစ်တယ်။
မလေးတို့ မိသားစုက များသောအားဖြင့်ဆီလည်းလျော့စားဖြစ်တယ်။ soup ကို ပိုင်ကအရမ်းကြိုက်တယ်။ များသောအားဖြင့်  ဟင်းနုနွယ်ရွက် ရယ် ငါးအသားလုံးလေးတွေရယ် ကို အမြဲလိုလိုကျွေးဖြစ်တယ်။ ဆီလည်းလုံးဝ မပါတော့ ကလေးအတွက် side effect မဖြစ်တာပေါ့။ တခါတလေလည်း ဂေါ်ဖီကို နူးနေအောင်ပြုတ် ပြီးရင်ကြက်သားလေးကို ထည့်ပြီးပြုတ် ကျွေးတယ် ။ ဂေါ်ဖီရဲ့ အရသာက မူလကိုက ချိုတယ်။ တခါလေလည်း noddle soup လေး လုပ်ကျွေးတယ် (အရွက်တမျိုးမျိုးတော့ပါအောင်ထည့်တယ်)။ ကန်စွန်းရွက်ကိုလည်းငါးဖယ်လေးတွေ ကြက်သားလေးနဲ့ ရောပြီးလည်း soupလေးလုပ်ပြီးကျွေးတယ်။ အချိုကတော့ သိပ်မကျွေးဘူး သွားပိုးစားမှာဆိုးလို့ လေ။ မလေးကိုယ်တိုင်လည်း သားကို ကိုယ်ဝန်ရှိတည်း က ဆီပါတာဆို ရင် မစားချင်တာ့ဘူး။ သားကို ကိုယ်ဝန်ရှိတဲ့နောက်ပိုင်းကစပြီး တစ်မိသားစုလုံးဆီလျော့ စားဖြစ်တော့တာပေါ့နော်။
နောက်တခု ကရယ်စရာလေးရယ် သားကငယ်ငယ်တုန်းက ကြောင်ဆိုသိပ်ကြောက်တာ။ (ဗန္ဓုလသွေးလေ) ခွေးတော့ မကြောက်ဘူး။ အခုတော့ နည်းနည်းကြီးလာတော့ ကြောင်ကို လုံးဝ မကြောက်တော့ဘူး။ ယောင်္ကျားလေး ဗီဇ အတိုင်း ကြောင်တို့ ခွေးတို့ မြင်ရင် တုတ်နဲ့ လိုက်ရိုက်ချင်တော့တာ။ တစ်ရက်ကျတော့ ပိုက်က ဂေါက်ရိုက်တံ နဲ့ ဆော့ နေတဲ့ အချိန် ကြောင်ကလည်း သူ့ မျက်စိရှေ့ ရောက်လာတဲ့ အချိန် ဘယ်ပြောကောင်းမလဲ ကြောင်ကို လက်ထဲရှိတဲ့ ဂေါက်တံနဲ့ လှမ်းထို့ တာပေါ့။ မလေးအထင် သားကကြောင်တို့ ၊ ခွေးတို့ ဆို အညည်းယားပြီး လိုက်တို့ ချင်တာ။ ဖြစ်ချင်တော့ ကြောင်ကလည်း သူ့ ရိုက်တော့မယ် ဆိုတာသိတော့ ပိုင်ရှိတဲ့ဘက်ကို အပြေး ပိုက်ကလည်း ဒီဘက်အလှည့် မျက်နှာချင်းဆိုင် ဆုံတော့ ကြောက်ပြီး ငိုပါလေရော။ အဲဒါနဲ့ မလေးတို့ က သားကို ပြောပြရတယ်။ ဘယ်ဟာဆိုရင် ဘယ်လို ကောင်းတယ် ၊ ဘယ်ဟာကို ကိုင်ရင် ဘယ်လို ဖြစ်တက်တယ်ဆိုတာ အခြေအနေ အချိန်အခါပေါ် မူတည်ပြီး ကလေး နားလည်လောက်မဲ့ အနေအထားလေး နဲ့ ရှင်းပြရတယ်လေ။
Friday, 26 July 2013
ဘွတ်ဘွတ်လေးနှင့်  နှစ်ပါးသွားလေးကခဲ့ရ
မိုးရာသီ ရဲ့ တနေ့ မှာ ပေါ့။ မလေးတို့ သားအမိသုံးယောက် shopping သွားကြတာ ။ အဲဒီ shopping ကတော့ မလေးတို့ အတွက် အမှတ်တရ ပါ (နောင် သားကြီးလာရင် အဒီအကြောင်းလေး ပြောပြရမယ်) ဖြစ်ပုံက ဒီလို အဲဒီနေ့ က ဂမုန်းပွင့် ကုန်တိုက် မှာ ပရိုမိုးရှင်း လည်းရှိတယ်ဆိုတော့ သွားကြတာပေါ့။  သားအမိတွေ အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့  လိုတာလေးတွေ ၀ယ်နေတာ ပေါ့ ။ အဲဒီအချိန်မှာ သားဖေက ကလေးကို dyapers ၀တ်ပေးထားတာ လေး ၊ ငါးနာရီ ရှိနေပြီတဲ့။ အသစ်လဲ ပေးလိုက်နော်တဲ့။ အဲဒါနဲ့ မလေးကလည်း ဟုတ်ပါတယ် သားကိုအသစ် လဲပေးအုံးမယ် ဆိုပြိးကိုယ်က အချွတ် ပိုင်က ဘွတ်ဘွတ် ဘွတ်ဘွတ်ဆို ပြီး ပါချ လိုက်ပါလေရော။ အဲဒါနဲ့  floor တွေမှာ ဘွတ်ဘွတ်တွေ ပေကုန်တော့တာပေါ့ ။ security လေးတွေက ပြေးလာပြီး tissuse တွေလာပေးကြတာ။ အဲဒါနဲ့  မလေးကလည်း security လေးတွေကို အားနာလိုက်တာ မလေး ပြန်လုပ်ပေးမယ် ပြောရတာပေါ့ ။ security လေးတွေက ဘာပြန်ပြောလည်းဆိုတော့ 'အစ်မဒီဟာက ကျွန်တော်တို့ ပြန်လုပ်လို့ ရတယ် ၊ အစ်မ စကပ် ကြည့် လိုက်အုံးတဲ့ ' သူတို့ ပြောမှ ပဲ ကိုယ်စကတ်ကို ပြန်ကြည့် မိတယ်။
ဟယ် ဟုတ်ပရဲ့ စကပ်မှာ လည်းဘွတ်ဘွတ်တွေ ပွလို့ ပါလား (ဖြစ်ချင်တော့ အဲဒီနေ့ က စကပ်ကလည်း ဒူးမရှိတရှိလေး ၀တ်မိရဲ့  လှချင်ရဲ့  စက်စက်ယိုလေ) အဲဒါနဲ့ သူတို့ တွေက စကပ်မှာပေနေတဲ့ ဘွတ်ဘွတ်တွေကို tissue နဲ့  သုပ်လိုက်ပါလားတဲ့ ။ ဒီဖက် မှာ သားအမိနှစ်ယောက် ရှုတ်ယှက် ခတ်နေတာကို သားပိုင်ဖေ မမြင်ဘူးလေ။ sale girls ချောချောလေးတွေကို မမြင်ဘူးတဲ့သူကျလို့  ငေးနေတာ မလေးအော်ခေါ်မှ ပဲ ကြားပြီး ပြေးလာတော့တာ။မလေးကစကပ်ကိုလည်း    tissue နဲ့ သုတ်ရင်း ကလေးလဲ အကျီ်လဲ ဆိုတော့ (၀တ်ထားတာကစကတ်အတို ပေါင်တွေဒူးတွေလည်းပေါ်လို့ ) အဲ့ကျမှ ကလေးကိုခေါ်ပြီး လဲစရာရှိတာ လဲပြီး ပြန်ကြတော့တာ။
                                                       ချစ်သောသားလေးးပိုင် ၈လအရွယ် အမှတ်တရ
မလေးကသားကို ထိုင်တတ်တဲ့ အရွယ်ကစပြီး ဘွတ်ဘွတ်ကို potty လေးနဲ့ ပဲ သွားတတ်အောင် အကျင့်လုပ်ပေးခဲ့တာ။ ကလေးတစ်ယောက်ကို ငယ်ငယ်ထဲက စနစ်တကျ ပြုစုပျိုးထောင် ပြီး သေချာသင်ပေးခဲ့ရင် ကြီးလာတဲ့အခါ အရာရာ ကို စနစ်တကျ နဲ့ နေတတ်တယ်။ တခြားကလေးတွေ ကိုတော့မလေးမသိဘူးနော် ။ မလေးတို့ မိသားစုရဲ့ သားကိုပြုစုပုံနော်။ ကိုယ်ကမိဘဆိုတော့ သားပိုင် ဘယ်အချိန်မှာ ဘာလုပ်ချင်တယ် ဘာလိုချင်တယ်ဆိုတာ သားမျက်နှာကို ကြည့် ရင်သိတယ်။ သားပိုင်ကလည်း အဲဒီအချိန်က စကားမပြောတတ်သေးပေမဲ့ အမူအရာ နဲ့ ပြတတ်တယ်။ ခါတိုင်းနေ့ တွေက ဘွတ်ဘွတ်ဆိုရင် ပြောတယ်ရယ်။ အဲဒီ နေ့ က (shopping) ကတော့မှတ်မှတ်ရရပဲ။ တကယ်ဆိုရင် သားကမအေမျက်နှာကို ကြည့်ပြီး အမူအရာနဲ့ ပြရင်ပြမှာ ရယ်။ မလေးကိုယ်တိုင်ကလည်း cosmatic ဖက်ကိုငေးနေတာ ။ သားပိုင်ဖေကို ပြောလို့ သာပြောရတာ တကယ်တမ်းကတော့ မလေးကလည်းငေးတတ်တယ်။ 
မလေးသိတာ ကလေးတွေက အရာရာကို စူးစမ်းချင်တာ သိချင်တာ။ မလေးတို့ ကတော့ သားသိချင် ကိုင်ချင်တာတွေဆို ရင် လိုချင်တာတွေဆိုရင် သူသိချင်တာပေါ်မူတည်ပြီး ပြောပြတယ်။ ကလေးတွေရဲ့ သိချင်စူးစမ်းချင်တဲ့ စိတ်ကိုမပိတ်ပင်ရဘူး။ ကလေးတွေမှာလည်းသူတို့ အသိညဏ်နဲ့ သူတို့ ရှိတယ်။ 
Friday, 19 July 2013
သီအိုရီ လေးနှင့်  ကျွန်တော်
မလေး တစ် ယောက် ဒီအကြောင်းလေး ကို ရေးမယ်ဆို ပြီး စိတ်ထဲက သာရေးဖြစ်နေတာ။ ဒီနေ့ တော့လက် တွေ့ ချရေးဖြစ်ပါပြီ ။ ဒီလိုပါ မလေးကလေ သားကို မွေးပြီး တော့ တအားကို ပိန်သွားတာ ။ လည်ပင်းလေးဆိုတာ ကြက်လည်ချောင်း ရိုးလေးကျလို့ ။သားပိုင် ကိုမွေးတုန်းက ၆ပေါင် ၁၀အောင်စပဲရှိတာ.။သားတော်မောင်က မွေးထဲက အစားသန် တာ ။ (နို့ စို့ သန်တာ) တလပြည့် တော့ ပေါင်ချိန်ကြည့် တော့ ၁၀ ပေါင်နဲ့ ၃အောင်စ ။ မလေးဘယ်လောက်စားစား မလေးက ၀မလာဘူး ။ သားပိုင်လေး ၀လာတယ် ဆိုပြီး ကျေနပ်ရတော့ တာ။ (မလေးဘယ်လောက်ပိန် ပိန် သားပိုင်လေးဝပါတယ်လေဆိုပြီး ကိုယ်ဟာကိုယ်အားပေးရတာ .သားဖေကတော့  မလေးကို အားပေးရှာ ပါတယ် ပိန်မှမော်ဒယ်နဲ့ တူတာတဲ့) မလေးက သားပိုင်ကို ၁နှစ် နဲ့ ၅လမှာ နို့ ဖြက်လိုက်တာ.။ သားကိုနို့ ဖြက် ပြီးမှ မလေးလည်း ၀လာတော့တာ။ တစ်ယောက်နဲ့ တစ်ယောက် တော့ မတူဘူးပေါ့ နော် ။တချို့ ကြတော့လည်း ကလေး မွေးပြီး ၀လာကြတယ် ။ တချို့ လည်းပိန်သွားကြတယ်တဲ့ ....
မလေးကနို့ တိုက်မိခင်ဆိုတော့  အစားဆို အကုန်စားတာ.။ဘာမှမရှောင်ဘူး။ ကိုယ်ကအစုံစားမှ ကလေးဆီကို ဗီတာမင်အစုံရောက်မှာ... အဲဒါမှ ညဏ်ရည်ဖွံဖြိုးပြီး ကျန်းမာသန်စွမ်းတာ.. မလေးသူငယ်ချင်းတစ်ယောက်ဆို (သူ့ ရဲ့ မိဘတွေက ကလေးမွေးပြီးတော့ အစုံမစားခိုင်းဘူး. ကန်စွန်းရွက် ကြော်စားမယ် ဆိုလည်း ကလေးလေနာမယ် မစားနဲ့ ဥနီဆိုလည်းမစားနဲ့  ကလေးဝမ်းလျောလိမ့်မယ် ။ နောက်ဆုံးတော့ မလေးသူငယ်ချင်း ဟိုဟာမစားရ ဒီဟာမစားရဖြစ်ရော) နောက်တော့ မလေးသူငယ်ချင်းကလေး ကကြိးလာတော့ ချူချာတော့ တာ ။ မိခင်ဆီက ဗီတာမင်စုံအောင် မရခဲ့ လို .လေ..ကလေးကိုပြုစုပုံချင်းကတစ်ယောက်နဲ့ တစ်ယောက်တော့  ဘယ်တူမလဲနော်.. ဒါပေမယ့် အခြေခံကတော့ အတူတူပဲ ကျန်းမာသန်စွမ်းပြီး ညဏ်ရည်မြင့် ဖို့ ဆိုတာ အာဟာရ ဓါတ်ပြည့် စုံဖို့ လိုတယ် ။
ကလေးဝမ်းသွားနေပြီဆို ရင်  ဆန်ပြုတ်ကျွေးတာ အကောင်းဆုံးပဲ။ ကလေးရဲ့ အရွယ်ကိုတော့ကြည့်ရမှာပေါ့ ။ ကလေးရဲ့ အသက်အရွယ်ပေါမူတည်ပြီး ဆန်ပြုတ်ကို အနည်းနဲ့အများ ချင့် ချိန်ပြီး ကျွေးသင့်ပါတယ်။ ဟောလစ်တို့  အိုဗာတင်း တို့  မိုင်လိုတို ကို တိုက်တဲ့ အရွယ်မှာ ၀မ်းသွားခဲ့တယ်ဆိုရင် အဒီအချိန်မှာ အိုဗာတင်းတို့ တိုက်တာကိုရပ်ပြီး ဆန်ပြုတ်ကျွေးတာ အကောင်းဆုံးပါ။