ဘလော့ဂ်ရောက်လာသူ မိတ်ဆွေ အပေါင်း စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, 26 July 2013

ဘွတ်ဘွတ်လေးနှင့်  နှစ်ပါးသွားလေးကခဲ့ရ

မိုးရာသီ ရဲ့ တနေ့ မှာ ပေါ့။ မလေးတို့ သားအမိသုံးယောက် shopping သွားကြတာ ။ အဲဒီ shopping ကတော့ မလေးတို့ အတွက် အမှတ်တရ ပါ (နောင် သားကြီးလာရင် အဒီအကြောင်းလေး ပြောပြရမယ်) ဖြစ်ပုံက ဒီလို အဲဒီနေ့ က ဂမုန်းပွင့် ကုန်တိုက် မှာ ပရိုမိုးရှင်း လည်းရှိတယ်ဆိုတော့ သွားကြတာပေါ့။  သားအမိတွေ အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့  လိုတာလေးတွေ ၀ယ်နေတာ ပေါ့ ။ အဲဒီအချိန်မှာ သားဖေက ကလေးကို dyapers ၀တ်ပေးထားတာ လေး ၊ ငါးနာရီ ရှိနေပြီတဲ့။ အသစ်လဲ ပေးလိုက်နော်တဲ့။ အဲဒါနဲ့ မလေးကလည်း ဟုတ်ပါတယ် သားကိုအသစ် လဲပေးအုံးမယ် ဆိုပြိးကိုယ်က အချွတ် ပိုင်က ဘွတ်ဘွတ် ဘွတ်ဘွတ်ဆို ပြီး ပါချ လိုက်ပါလေရော။ အဲဒါနဲ့  floor တွေမှာ ဘွတ်ဘွတ်တွေ ပေကုန်တော့တာပေါ့ ။ security လေးတွေက ပြေးလာပြီး tissuse တွေလာပေးကြတာ။ အဲဒါနဲ့  မလေးကလည်း security လေးတွေကို အားနာလိုက်တာ မလေး ပြန်လုပ်ပေးမယ် ပြောရတာပေါ့ ။ security လေးတွေက ဘာပြန်ပြောလည်းဆိုတော့ 'အစ်မဒီဟာက ကျွန်တော်တို့ ပြန်လုပ်လို့ ရတယ် ၊ အစ်မ စကပ် ကြည့် လိုက်အုံးတဲ့ ' သူတို့ ပြောမှ ပဲ ကိုယ်စကတ်ကို ပြန်ကြည့် မိတယ်။

ဟယ် ဟုတ်ပရဲ့ စကပ်မှာ လည်းဘွတ်ဘွတ်တွေ ပွလို့ ပါလား (ဖြစ်ချင်တော့ အဲဒီနေ့ က စကပ်ကလည်း ဒူးမရှိတရှိလေး ၀တ်မိရဲ့  လှချင်ရဲ့  စက်စက်ယိုလေ) အဲဒါနဲ့ သူတို့ တွေက စကပ်မှာပေနေတဲ့ ဘွတ်ဘွတ်တွေကို tissue နဲ့  သုပ်လိုက်ပါလားတဲ့ ။ ဒီဖက် မှာ သားအမိနှစ်ယောက် ရှုတ်ယှက် ခတ်နေတာကို သားပိုင်ဖေ မမြင်ဘူးလေ။ sale girls ချောချောလေးတွေကို မမြင်ဘူးတဲ့သူကျလို့  ငေးနေတာ မလေးအော်ခေါ်မှ ပဲ ကြားပြီး ပြေးလာတော့တာ။မလေးကစကပ်ကိုလည်း    tissue နဲ့ သုတ်ရင်း ကလေးလဲ အကျီ်လဲ ဆိုတော့ (၀တ်ထားတာကစကတ်အတို ပေါင်တွေဒူးတွေလည်းပေါ်လို့ ) အဲ့ကျမှ ကလေးကိုခေါ်ပြီး လဲစရာရှိတာ လဲပြီး ပြန်ကြတော့တာ။


                                                       ချစ်သောသားလေးးပိုင် ၈လအရွယ် အမှတ်တရ

မလေးကသားကို ထိုင်တတ်တဲ့ အရွယ်ကစပြီး ဘွတ်ဘွတ်ကို potty လေးနဲ့ ပဲ သွားတတ်အောင် အကျင့်လုပ်ပေးခဲ့တာ။ ကလေးတစ်ယောက်ကို ငယ်ငယ်ထဲက စနစ်တကျ ပြုစုပျိုးထောင် ပြီး သေချာသင်ပေးခဲ့ရင် ကြီးလာတဲ့အခါ အရာရာ ကို စနစ်တကျ နဲ့ နေတတ်တယ်။ တခြားကလေးတွေ ကိုတော့မလေးမသိဘူးနော် ။ မလေးတို့ မိသားစုရဲ့ သားကိုပြုစုပုံနော်။ ကိုယ်ကမိဘဆိုတော့ သားပိုင် ဘယ်အချိန်မှာ ဘာလုပ်ချင်တယ် ဘာလိုချင်တယ်ဆိုတာ သားမျက်နှာကို ကြည့် ရင်သိတယ်။ သားပိုင်ကလည်း အဲဒီအချိန်က စကားမပြောတတ်သေးပေမဲ့ အမူအရာ နဲ့ ပြတတ်တယ်။ ခါတိုင်းနေ့ တွေက ဘွတ်ဘွတ်ဆိုရင် ပြောတယ်ရယ်။ အဲဒီ နေ့ က (shopping) ကတော့မှတ်မှတ်ရရပဲ။ တကယ်ဆိုရင် သားကမအေမျက်နှာကို ကြည့်ပြီး အမူအရာနဲ့ ပြရင်ပြမှာ ရယ်။ မလေးကိုယ်တိုင်ကလည်း cosmatic ဖက်ကိုငေးနေတာ ။ သားပိုင်ဖေကို ပြောလို့ သာပြောရတာ တကယ်တမ်းကတော့ မလေးကလည်းငေးတတ်တယ်။ 



မလေးသိတာ ကလေးတွေက အရာရာကို စူးစမ်းချင်တာ သိချင်တာ။ မလေးတို့ ကတော့ သားသိချင် ကိုင်ချင်တာတွေဆို ရင် လိုချင်တာတွေဆိုရင် သူသိချင်တာပေါ်မူတည်ပြီး ပြောပြတယ်။ ကလေးတွေရဲ့ သိချင်စူးစမ်းချင်တဲ့ စိတ်ကိုမပိတ်ပင်ရဘူး။ ကလေးတွေမှာလည်းသူတို့ အသိညဏ်နဲ့ သူတို့ ရှိတယ်။ 



6 comments:

  1. အစ်မ
    များများရေးပါနော်။စောင့်နေပါတယ်။
    မေငြိမ်း

    ReplyDelete
    Replies
    1. မေငြိမ်းရေ လာလည်တာကျေးဇူးအများကြီးတင်ပါတယ်။ မလေးအများကြီးရေးမယ်နော်။

      Delete
  2. ပိုင်လေးပါးတွေရဲနေတာပဲ..ချစ်လိုက်တား)

    ReplyDelete
    Replies
    1. ဆုမြတ်ရေ ပိုင်လေးကိုချစ်တာ ကျေးဇူးအများကြီးတင်တယ်နော်။ မလေးကတော့ ပိုင်ကိုချစ်တယ်ဆိုတော့ ပျော်လည်းပျော်တယ် ၀မ်းလည်းသာတာပေါ့နော် ။

      Delete
  3. မျက်လုံးပြူးတယ် ၊ ချစ်စရာလေးနော်။ Handsome boy!

    ReplyDelete
  4. လရိပ်အိမ်ရေ မလေးသားလေးပိုင်ကို ချစ်စရာလေးပြောတာကျေးဇူးနော်။ သားကိုချစ်စရာလေးဆိုတောမလေးကတော့ပိတိဖြစ်တာပေါ့။

    ReplyDelete