ဘလော့ဂ်ရောက်လာသူ မိတ်ဆွေ အပေါင်း စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday 24 October 2013

အမှတ်တရသီတင်းကျွတ်

မလေးတစ်ယောက်တော့ သီတင်းကျွတ်လပြည့်နေ့ က မှတ်မှတ်ရရပါပဲ။ မနက်ပိုင်း အလှူတခုကိုသွားတယ်။ ပြီးတော့ shopping ခဏ၀င်လိုက်သေးတယ်။ အပြန်ကျ wet market ၀င်ပြီးလိုအပ်တာလေး တွေဝယ်တယ်။ ညနေကျရင်သူငယ်ချင်းတွေ ကို ထမင်းစားဖိတ်ထားတော့ ။ အိမ်ကိုသွက်သွက်လေးပြန်လာတယ်။ အိမ်ရောက်တော့ နားတောင်မနားဘူး။ ချက်စရာရှိတာတွေချက်ပေါ့။ အဲလိုနဲ့ မလေးလည်း ဟင်းတွေအစုံချက်တာ။ အားလုံးကျက်ခါနီးအချိန်မှာ ချက်ထားတဲ့ဟင်းတွေကိုဓါတ်ပုံရိုက်အုံးမှဆိုပြီး ကင်မရာလေး ကိုင်တုန်းရှိသေး အိမ်ရှေ့မှာ ဘဲလ်တီးသံကြားတာနဲ့  သူငယ်ချင်းတွေလာပြီနေမှာဆိုပြီး လက်ထဲကကင်မရာကိုင်ရင်း ပြေးထွက်တာ ချော် လဲပြီး ကင်မရာလည်းပျက်သွားတယ်။ နောက်မှဆိုင်ပြကြည့်တော့ lens ချော်သွားတာတဲ့ ။ပြင်လည်းအသစ်နီးပါးကုန်မှာ ဆိုတော့ မပြင်တော့ဘဲ အသစ်ပဲဝယ်လိုက်တော့တာ။ အဲဒီနေ့ ကဟင်းတွေကို စပယ်ရှယ်ချက်ထားတာ။ မမအိုင်အိုရာ ဟင်းတွေကြည့်ပြီး ရှယ်လုပ်ထားတာ။ ဓါတ်ပုံမရိုက်လိုက်ရလို့ စိတ်မကောင်းဘူး။ အဲဒါနဲ့ မလေးချော်လဲသံကြားတော့မှ အိမ်ကလူက အပြေးထွက်လာတာ။ ဒါတောင်သူငယ်ချင်းတွေ ကအော်လို့ သာကြားတာ။ သူဟာသူဆို သိမှာတောင်ဟုတ်ဘူး။ အဲဒါနဲ့ မလေးအပေါ်ရောက်တော့ မြန်မာဆေးလိမ်းလိုက်တယ်။ မလေး မေမေက လူကြုံရှိလို့ ဆိုပြီး ကမ်းဇော်ဆီတဲ့ပို့ လိုက်တာ။ ကမ်းဇော်ဆီက အကျောနာတာတို့  ဒူးနာတာတို အတွက် ကောင်းတယ်ဆိုပြီးပို့ လိုက်တာ။ တခါမှ အသုံးမပြုရသေးဘူး။ အဲနေ့ ကတော့ သူငယ်ချင်းတွေလည်းရှိနေ ရုတ်တရက်လည်းဆိုတော့ ဆေးခန်းမသွားဖြစ်ပဲ ကမ်းဇော်ဆီကို ဂွမ်းလေးနဲ့ ဆွတ် ပြီးလိမ်းလိုက်တာ။ မလေးမေမေကပြောတယ် ကမ်းဇော်ဆီက အစစ်ကဈေးကြီးတယ် ။ အရောတရောတွေလည်း ရှိတယ်တဲ့ ။အရောတရော တွေကတော့ ဈေးနဲနဲချို တယ်တဲ့။ ရွှေပြည်ကြီးကတော့ ရောတောရှိဘယ်တော့မှ ကင်းမယ်မသိ။

မလေးကလည်း သူငယ်ချင်းအားလုံးလည်းစုံနေပြီ စားရအောင်ပြင်ပြင်ဆိုတော့ သူငယ်ချင်းအားလုံးက၀ိုင်း လုပ်ပေးတယ် ။ ဟင်းတွေလည်း စားပွဲပေါ်မှာအားလုံးစုံနေပြီ ။ ထမင်းခူးဆိုတော့ ပေါင်းအိုးဖွင့်လိုက်တော့ ထမင်းက မချက်ရသေးဘူး။ ပေါင်းအိုးခလုပ်နှိပ်ဖို့ မေ့နေတာ ။ အဒါနဲ့ ဟင်းတွေပဲရှိပြီး ထမင်းက မချက်ရသေး အားလုံးကိုအရမ်းလည်းအားနာ အချိန်ကလည်းနောက်ကျနေပြီ။ ကိုယ်ကိုယ်ကို သတိမမေ့တတ်ဘူး ထင်နေတာ။ မေ့တတ်လာပြီ။   တော်သေးတာက  သူငယ်ချင်းအားလုံးက သိတတ်စွာနဲ့ ခေါက်ဆွဲရှိရင် ခေါက်ဆွဲပြုတ်ပြီး ဟင်းနဲ့ စားရင်ကောင်းတယ်လို့ ပြောရင်း ချက်ချင်းထပြုတ်ကြတာ။ မလေးကတော့ ခါးရော၊ ဒူးရော နာသွားလို့ သိပ်မလှုပ်နိုင်ဘူး။ ခေါက်ဆွဲပြုတ်နှင့် ဟင်းများကိုစားရင်း ပျော်ရွှင်စရာသီတင်းကျွတ်ညလေးကို ကုန်ဆုံးသွားပါတော့တယ်ရှင်...............။



                                       ပျက်သွားတဲ့ ကင်မရာလေး


မလေးမြတ်ဘလောဂ့်လေးကို လာလည်ကြသော ချစ်သောမိတ်ဆွေ ညီအစ်ကိုမောင်နှမများ အားလုံး  ပျော်ရွှင်စရာ သီတင်းကျွတ်လေးမှသည် နောင်နှစ်ပေါင်းများစွာ စိတ်၏ ကျန်းမာခြင်း ကိုယ်၏ချမ်း သာခြင်း နှင့်ပြည့်စုံပါစေလို့ မလေးတို့ မိသားစုက ဆုမွန်ကောင်းတောင်းအပ်ပါသည်။