ဘလော့ဂ်ရောက်လာသူ မိတ်ဆွေ အပေါင်း စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ
Showing posts with label သားသား. Show all posts
Showing posts with label သားသား. Show all posts

Saturday, 31 August 2013

ပုဇွန်လေးနှင့် လျှိုဝှက်စွာ

မလေးတစ်ယောက် အခုတလော သားပိုင်အကြောင်းတောင် မရေးဖြစ်တာကြာပြီ။ မလေးသားပိုင်က အခုဆို ၂ နှစ်ရှိပြီ။ စကားကလည်း လူကြီးတွေ ပြောသလိုကို ပြောတတ်နေပြီ။ အခုတလောဖုန်းလာတယ်ဆိုရင်လည်း ပြေးကိုင်ပြီး (ဘယ်သူရယ် ဘယ်ဝါရာယ်တော့ မသိဘူးပေါ့နော် ) ကလေးဆိုတာသူတို့ တတ်တာလေးကိုပြောချင်တာ။ ဖုန်းကိုင်ပြီးတာနဲ့  apple ပန်းသီး ၊ orange လိမ္မော်သီး ၊ goat ဆိတ် အဲလိုလေးတွေပေါ့နော် သူသိတာလေးတွေ ပြောပြီးဖုန်းကို ချလိုက်ရော။ ဟောတခါတလေကျလည်း "ဟလို ဘယ်သူလဲ၊ ဒါပဲနော်" ဆိုပြီး ချလိုက်ရော။ ပိုင်ဘယ်သူလဲဆိုပြီး မေးရင် ဘယ်သူဆက်ဆက် ဦးငယ်လို့ အမြဲပြောတာ။ အဲဒါ ပစ္စည်းမှာတဲ့ လူများလားဆိုပြီး ပေါ်တဲ့နံပါတ် ပြန်ခေါ်ရတော့တာ။ ဟန်းဖုန်းဆိုလည်း သူ့ အိတ်ထဲထည့် ပြီးဖွတ်တယ်လုပ်သေးတာ။ ပြီးတော့ အဖိုးနဲ့ အဘွားကိုလည်း ဖုန်း screeen ကို ဒီလိုလက်ကလေးနဲ့ ထိရတာဆိုပြီး သင်ပေးလေရဲ့။ အဖိုးနဲ့ အဘွားကတော့ ဟုတ်ပ ငါ့ မြေးကမှ သင်ပေးဖော်ရသေးဆိုပြီး တဟားဟားနဲ့  သဘောကျလေရဲ့ ။



 
   ဖုန်းကြိုက်သောပိုင်
 
သားပိုင်ကနဲနဲလည်း ကြီးလာပြီဆိုတော့ လူကလည်လာပြီလေ။ ပိုင်ကပုဇွန်ခြောက် အရမ်းကြိုက်တာ။ မလေးတို့ ကလည်း ကျွေးဖြစ်တာပေါ့နော်။ နောက်မှ မလေးသူငယ်ချင်းက ပုဇွန်ခြောက်အရမ်းမကျွေးနဲ့  တုတ်ကောင် ထွက်တတ်တယ်တဲ့။ အဲဒါနဲ့ မလေးတို့ ကလည်း ပိုင်မမြင်အောင် ဖွတ်ထားတာပေါ့ ။ မလေးတို့ ကပုဇွန်ခြောက်ကို ရေခဲသေတ္တာထဲသိမ်းမှန်းသိတယ်လေ။ အဲဒါပိုင်က လူကြီးတွေခေါ်ပြီး ဖွင့်ခိုင်းတာ ။ ပြီးရင်ပုဇွန်ခြောက်ကိုတွေ့ အောင်ရှာတာ ရှာလို့ တွေ့ ရင် တွေ့ ပြီဆိုပြီး ၀မ်းသာအားရနဲ့ ကျွေးခိုင်း တော့ တာ။ နောက်တော့ သားကိုရှင်းပြရတာ။ ပုဇွန်ခြောက်တွေ စားရင် ကောင်ကောင်ကြီးတွေ ထွက်တတ်တယ်လို့ ပြောတော့ ပိုင်နောက်ဆို စားတော့ဘူးနော်တဲ့။ သားက အလိုပြောတော့ မိဘဖြစ်တဲ့ ကိုယ်ကစိတ်မကောင်း။

ပိုင်ကယောကျာင်္းလေးဆိုတော့ ကွန်ပျူတာတို့ ၊ ဖုန်းတို့ ၊ တက်ပလက်တို့ သိပ်စိတ်ဝင်စားတာ၊ တီဗီ ဆိုလည်း ကွန်ထရိုးကို အဖွင့်၊အပိတ် channel ပြောင်းတာတွေ ဘယ်တော့မှ မမှားဘူး။ ကွန်ထရိုးကတော့ ဘာမှမဖြစ်ဘူး၊ ကိုင်လို့ ရတယ်၊ တခြားအရာတွေကို မလေးက မကိုင်စေချင်ဘူး။ ကလေးကငယ်သေးတော့ ပေးမကိုင်စေချင်တာ။ မကိုင်စေချင်ဘူးသာပြောရတာ မလေးကိုယ်တိုင်တောင် တခါတလေဆို သားရေ mouse လေးရွှေ့ လိုက်ပါအုံး ၊ တခါတလေကျတော့လည်း သားရေ enter လေးနှိပ်လိုက်ပါအုံးဆိုလည်း မှန်အောင်နှိပ်တတ်တာ။ အဲ့ တော့လည်း သြော်သားလေးတော်လိုက်တာဆိုပြီး မိဘဖြစ်တဲ့  မလေးတို့ က၀မ်းသာရတာပေါ့။ တခါတလေ ဂိမ်းဖွင့်ထားရင်လည်း ပိုင်က mouse ကိုင်ပြီး ကလစ် ကလစ်နဲ့ လျောက်နှိပ်တာ၊ ဘယ်အရာပဲဖြစ်ဖြစ် ကိုယ်နဲ့ နီးစပ်တဲ့ အရာတွေဆို မကြောက်မရွံ ကိုင်ရဲတော့တာ။ မလေးတူလေးကျတော့ ကွန်ပျုတာဆိုလည်းမထိရဲဘူး။ သားသားသွား ညီလေးပိုင်နဲ့ ဂိမ်းသွားဆော့ချည်ဆိုလည်း ဝေးဝေးကသာ ရပ်ကြည့် နေတာ။ သားတော်မောင်ကတော့ ဟုတ်ဟုတ်မဟုတ်ဟုတ် mouse နဲ့ လျှောက်နှိပ်ပြီးတော့ ဟီးရိုးကြီး လုပ်ပြနေလေရဲ့ ။



Friday, 2 August 2013

ဒူးရင်းသီးနှင့် ကြောင်

ဒီပိုစ့်လေးရေးဖို့ ဖန်လာတာကတော့ သားတော်မောင်ပိုင်က ဒူးရင်းသီးလုံးဝမကြိုက်ဘူး။ မကြိုက်ဘူးဆိုတာက မလေးအထင်သားက ဒူးရင်းသီးအနံ့ ကို မကြိုက်တာထင်တယ်။ ဒီလို မလေးတို့ က သားကို ဒူးရင်းသီးအနံ့ ပါတဲ့ ဘီစကစ်လေးတွေ ဆိတ်နို့  နဲ့ လုပ်တဲ့ဘီစကစ်လေးတွေဝယ်ကျွေးတာပေါ့နော်။ ဘယ်လိုကြောင့်ရယ်မသိဘူး။ အဲဒီဒူးရင်းသီးနံ့ ပါတဲ့ ဘီစကစ်ကို လုံးဝမစားဘူး။ အဲဒါနဲ့ မလေးတို့ က ဒူးရင်းသီးပါတဲ့ မုန့် ရယ် တခြားမုန့် တွေရယ် ရောပြီး သားကိုပေးတာ ။ဘယ်လောက်ပဲရောထား ရောထား တခြားမုန့် တွေသာယူတာ အဲဒီဒူးရင်းသီးမုန့် ဆို လွှင့် ကိုပစ်တာ။ အဲဒါအိမ်က အဖိုးတွေ အဘွားတွေက အတင်းသဘောကျကြတာ။ (မင်းတို့ ငါမြေးမြန်း ဘာထင်နေလို့ လဲ မင်းတို့ တောင်ရောင်းစားသွားအုန်းမယ်တဲ့ ) လူကြီးတွေဆိုတော့ သူတို့ မြေးလည်တာကို အတင်းသဘောကျတာလေ)။ အဲဒါပိုင်ဘွားဘွားရဲ့ မိတ်ဆွေအိမ်ကို လာလည်တော့ ပိုင်ရေဒူးရင်းသီးစားမလားလို့ မေးတာကို သားပိုင်တစ်ယောက် စားဘူး စားဘူးဆိုပြိး ပြေးလေရဲ့ ။ကလေးတွေက ဘယ်လိုလုပ်သိလဲမသိဘူးနော်။ သူတို့ မကြိုက်တာကို။ ပိုင်ကတော်ရုံ ဆို အစားမရွေးဘူးရယ် အစုံစားတာ။ သားပိုင်ရဲ့ ဦးငယ်ဆို သားပိုင်ကို အစုံစားလေးရေ ဆိုပြိးချစ်စနိုးနဲ့  ခေါ်တာ။ ပိုင်ဦးငယ်က အံ့သြနေတာ။ အစုံစားလေးက ဒူးရင်းသီး မုန့် တော့မစားပါလားကွ ဆိုပြိး ရယ်လေရဲ့ ။ပိုင်ကအိမ်ရဲ့ ဗိုလ်လေ။ပိုင်ဦးငယ်ဆိုတူလေးကိုချစ်လိုက်တာမှတုန်လို့ ။
မိဘတွေဆိုတာတော့ပြောမပြတတ်အောင်ပေါ့။ မလေးတို.က သားကို ငယ်ငယ်ထဲက အတတ်နိုင်ဆုံး ဆီမပါတာကို ကျွေးဖြစ်တယ်။


မလေးတို့ မိသားစုက များသောအားဖြင့်ဆီလည်းလျော့စားဖြစ်တယ်။ soup ကို ပိုင်ကအရမ်းကြိုက်တယ်။ များသောအားဖြင့်  ဟင်းနုနွယ်ရွက် ရယ် ငါးအသားလုံးလေးတွေရယ် ကို အမြဲလိုလိုကျွေးဖြစ်တယ်။ ဆီလည်းလုံးဝ မပါတော့ ကလေးအတွက် side effect မဖြစ်တာပေါ့။ တခါတလေလည်း ဂေါ်ဖီကို နူးနေအောင်ပြုတ် ပြီးရင်ကြက်သားလေးကို ထည့်ပြီးပြုတ် ကျွေးတယ် ။ ဂေါ်ဖီရဲ့ အရသာက မူလကိုက ချိုတယ်။ တခါလေလည်း noddle soup လေး လုပ်ကျွေးတယ် (အရွက်တမျိုးမျိုးတော့ပါအောင်ထည့်တယ်)။ ကန်စွန်းရွက်ကိုလည်းငါးဖယ်လေးတွေ ကြက်သားလေးနဲ့ ရောပြီးလည်း soupလေးလုပ်ပြီးကျွေးတယ်။ အချိုကတော့ သိပ်မကျွေးဘူး သွားပိုးစားမှာဆိုးလို့ လေ။ မလေးကိုယ်တိုင်လည်း သားကို ကိုယ်ဝန်ရှိတည်း က ဆီပါတာဆို ရင် မစားချင်တာ့ဘူး။ သားကို ကိုယ်ဝန်ရှိတဲ့နောက်ပိုင်းကစပြီး တစ်မိသားစုလုံးဆီလျော့ စားဖြစ်တော့တာပေါ့နော်။





နောက်တခု ကရယ်စရာလေးရယ် သားကငယ်ငယ်တုန်းက ကြောင်ဆိုသိပ်ကြောက်တာ။ (ဗန္ဓုလသွေးလေ) ခွေးတော့ မကြောက်ဘူး။ အခုတော့ နည်းနည်းကြီးလာတော့ ကြောင်ကို လုံးဝ မကြောက်တော့ဘူး။ ယောင်္ကျားလေး ဗီဇ အတိုင်း ကြောင်တို့ ခွေးတို့ မြင်ရင် တုတ်နဲ့ လိုက်ရိုက်ချင်တော့တာ။ တစ်ရက်ကျတော့ ပိုက်က ဂေါက်ရိုက်တံ နဲ့ ဆော့ နေတဲ့ အချိန် ကြောင်ကလည်း သူ့ မျက်စိရှေ့ ရောက်လာတဲ့ အချိန် ဘယ်ပြောကောင်းမလဲ ကြောင်ကို လက်ထဲရှိတဲ့ ဂေါက်တံနဲ့ လှမ်းထို့ တာပေါ့။ မလေးအထင် သားကကြောင်တို့ ၊ ခွေးတို့ ဆို အညည်းယားပြီး လိုက်တို့ ချင်တာ။ ဖြစ်ချင်တော့ ကြောင်ကလည်း သူ့ ရိုက်တော့မယ် ဆိုတာသိတော့ ပိုင်ရှိတဲ့ဘက်ကို အပြေး ပိုက်ကလည်း ဒီဘက်အလှည့် မျက်နှာချင်းဆိုင် ဆုံတော့ ကြောက်ပြီး ငိုပါလေရော။ အဲဒါနဲ့ မလေးတို့ က သားကို ပြောပြရတယ်။ ဘယ်ဟာဆိုရင် ဘယ်လို ကောင်းတယ် ၊ ဘယ်ဟာကို ကိုင်ရင် ဘယ်လို ဖြစ်တက်တယ်ဆိုတာ အခြေအနေ အချိန်အခါပေါ် မူတည်ပြီး ကလေး နားလည်လောက်မဲ့ အနေအထားလေး နဲ့ ရှင်းပြရတယ်လေ။


Saturday, 13 July 2013

ကိုက်ခြင်း ၏ အနုပညာ

ဒီနေ့ တော့မလေး တစ်ယောက် ကိုက်တဲ့အကြောင်း ရေးပါမယ်။ ဒီလိုပါ ကလေးတွေ ကသွား ပေါက်ခါနီးရင် တွေ့ သမျှအရာ တွေကို ကိုက်ချင်ကြတယ်။ မလေးသားပိုင် ဆို မလေးကို အရမ်းကိုက်တာ။ ကိုက်ပေမဲ့လည်း သည်းခံရတယ်နော်။ (ကိုယ့်သားဆိုတော့ချစ်ကလည်း အရမ်းချစ်) မလေးထင်တာ မိဘတိုင်း ကသူတို့ ရဲ့ သားသမီးတွေကို အကောင်းဆုံး ပေးဆပ်ကြတယ်။ အမှန်ကတော့ ကလေးတွေက သွားပေါက် ခါနီးရင် သွားဖုံးတွေ ကယားလာတာ။ သွားဖုံးယားတော့ တွေ့ ရာ မြင်ရာကို ကိုက်တာ။ နို့ တိုက်ရင်လည်း ကိုက်ထားတာ။ အဲလို အချိန်ဆို နှာခေါင်းကို ပိတ်လိုက်မှ လွှတ်တာရယ်။ ကစားစရာ လေးတွေဆို သွားပေါက်ခါနီး အချိန်တုန်း က ပျော့ပျော့ အရုပ် ကလေးတွေပဲ ၀ယ် ပေးတာ။ မလေးကတော့ သားပိုင် ကို သွားပေါက်တုန်းက နွားနို့ များများ တိုက်ဖြစ်တယ်။ သားပိုင်က တွေ့ ရာကို ကိုက်လို့ မလေး ကပျော့တဲ့ အရုပ် ကလေးတွေပေး သားကတော့သူကိုင်ချင်တာမှ ကိုင်တာ ။မလေးပေးတာလည်း ကိုင်ချင်မှကိုင်တာ။ သားအမိနှစ်ယောက်တော့ဟုတ်လို့ ။


သားပိုင်တို့ များငယ်ငယ်ထဲက သူကြိုက်တာမှ ။ဘယ်အရာမှ အတင်းလုပ်လို့ မရ။ သားပိုင်က ငယ်ငယ်ထဲက အရုပ်ဆက်တာလေး တွေမှ ကြိုက်တာ။ အရုပ်ဆက်တာ လေးတွေပဲ အဆော့များတာ။ သားပိုင်ဖေကတော့ သူ့ သားကြိုတ်တာတွေ ပဲ (အရုပ်ဆက်တာလေးတွေ)  အမျိုးစုံ ၀ယ်လေသတည်းပေါ့။ အရုပ်ဆက်တာလေးတွေ ဆော့တာ မလေးကတော့ သဘောကျတယ်။ (အဲဒါ ဆော့နေရင် ငြိမ့်လို့ လေ ) မဟုတ်လို့ ကတော့ တစ်အိမ်လုံးကို ပတ်ချာလည်ပြီး ပြေးနေတော့တာ။  နောက်ကနေ မောနေအောင် လိုက်ရတာ။

 သားပိုင်ကြိုက်တဲ့  အရုပ်ကလေးတွေ


တနေ့ တနေ့ ပိုင်ကမရိုးအောင်ကို ဆော့ တာ။ ကစားစရာတွေကို တစုတစည်းထဲ ဖြစ်အောင် ပလတ်စတစ်ခြင်းထဲ ဘည့် ထားတာ ။ အဲဒီပလတ်စတစ် ခြင်းကို တရွတ်တိုက်ကြီးဆွဲပြီး ခြင်းထဲက ကစားစရာတွေကို သွန်ချပါရော ။ သွန်ချပြိးရင် အဒါတွေ မကိုင်တော့ ဘူး။ တခြားဟာတွေဆော့ရော။ ပိုင်မဆော့တော့ပါဘူးလေဆိုပြီး ခြင်းထဲက အရုပ်တွေ တခုခြင်း ပြန်သိမ်း သိမ်းလို့ မှ ၅မိနစ်မရှိသေးဘူး။ အဲဒီအရုပ်တွေ ထည့်ထားတဲ့ ခြင်းကြီး ကို ပြန်သွန်ပြန်ရော။  ဒီလိုနဲ့ ပဲ မလေးကသိမ်းလိုက် သားက သွန်လိုက် နဲ့ ။ နောက်တော့ သားကစားစရာတွေ အားလုံးကို သားအိပ်မှပဲ သိမ်းတော့တယ်။ သားပိုင်က ငယ်ငယ်ထဲက အမှတ်သညာ ကောင်းတယ်။ ဆက်တဲ့ အရုပ်ကလေးတွေ ထဲက အပေါ်က အရုပ်အနီကလေး ကပျောက်နေတာ။ အဲဒါ ပိုင်က ဟိုခြင်းမွှေလိုက် ၊ ဒီခြင်းမွှေလိုက် ၊ ဗီဒို ဖွင့်မွှေလိုက် လုပ်နေတာ ။ မလေးကလည်းအမှု့ မဲ့အမှတ်မဲ့ပေါ့။ ပိုင် ဘာရှာနေမှန်း မသိဘူး။ အမှန်က ပိုင်က အရုပ် အနီလေးကိုရှာတာ ။ မလေးက သားဒါလား ဒါလားလို့ မေးရင် ခေါင်းရမ်းတာ။ သူလိုချင်တာ ဘာပါလိမ့်ဆို ပြီးအားလုံး ၀ိုင်းရှာရတာ။ နောက်တော့မှ ဗီဒိုထဲက အရုပ်အနီလေးတွေ့ လို့ သားဒါလေးလားလို့ မေးမှ ခေါင်းငြိမ့် ပြတော့တာ။ မဟုတ်ရင်တစ်အိမ်လုံး တစ်ယောက်မှ ငြိမ်ငြိမ်မနေရဘူး ၀ိုင်းရှာရတာ ။သားပိုင် ခေါင်းငြိမ့် မှ ပဲ တစ်အိမ်လုံး ဟင်းဆိုပြီး သက်ပြင်းချနိုင်  တော့ တယ် ။



ပိုင်က angry bird သိပ်ကြိုက်တာ။ ဖိနပ် အကျီ င်္ဘောင်းဘီ ဦးထုပ်ကအစ အကုန် လုံး angry bird ပါတာတွေ ရွေးဝယ်ပေးရတာ။ ပိုင်က အမှတ်သညာကောင်းတော့  တခါပြောသံကြားရင် မှတ်မိတယ်။ တရက်ကမလေးနဲ့  မလေးသူငယ်ချင်း ရဲ့ သားနဲ့ ( ပိုင်ထက် ၁ နှစ်လောက်ကြီးတယ်) shopping center သွားကြတာ အဲဒါမလေးသူငယ်ချင်းရဲ့ သားက သူ့ မေမေကို မေမေ angry bird ၀ယ်ပေးလို့ ပြောတာကို ပိုင်ကမှတ် လာတာ။ အဲဒီနောက်ပိုင်း ကစပြီး သားပိုင်ကလည်း မေမေဘတ်ဘတ် လို့ ပြောတော့တာ။ မလေးနဲ့ ပိုင်ဖေကတော့ သားရဲ့မှတ်ညဏ် ကောင်းတာကို ကြည့် ပြီး ပျော်ရွှင် ကြည်နူးနေတော့တာ။

Thursday, 4 July 2013

ဂတ်ဂတ် အရှုပ် တော်ပုံ

သားပိုင် နှင်. ဂတ်ဂတ် ကြီး အကြောင်းပါ။ ဒီလို ပါ မလေး သူငယ်ချင်း တစ်ယောက် ကသားပိုင် ကို ဘဲရုပ်ကြီးတစ်ရုပ် ၀ယ်ပေးတာ။ အဲဒီ အရုပ်ကြီးက ပုတ်လိုက်ရင် "ဂတ်ဂတ် ဂတ်ဂတ်" နဲ့ အော်တာ။ အဲဒီ အသံကို သားသားက လုံးဝမကြိုတ်ဘူး။ တစ်ရက်ကြတော့ မလေးသူငယ်ချင်းနဲ့  သူ့ သမီးလေးက အိမ်ကို လာလည်ပါရော ။ သူငယ်ချင်းသားအမိက ထိုင်ကာရှိသေးတယ် သားပိုင် လေ အရုပ်ထားတဲ့  ဗီဒိုကို ဖွင့်ပြီးတော့ ဂတ်ဂတ် အရုပ်ကြီးကို ယူယူဆိုပြီး ပေးတော့တာ။ သူမကြိုက် လို့ လေ။ 

သားက သူကြိုက် တဲ့ ကစားစရာတွေဆို ပေးမကိုင် ဘူးရယ်။ ပြီးတော့သားက ငယ်ငယ်ထဲက အမြှောက်ကြိုက် တယ်။ အချော့ လည်းကြိုက်တယ်။ အဲဒါ အိမ် အလည်လာတဲ့ မလေး သူငယ်ချင်းက ပိုင်ရေ ဖိနပ်တွေ ပြပါအုံး လို့  ပြောတာ ချက်ချင်း ပဲဗီဒိုကို ဖွင့် ရှိသမျှ ဖိနပ်တွေ တခုမကျန် အကုန်ဆွဲထုတ်လာတာ ။ အင်္ကျိတွေ လည်း ဆွဲထုတ် လာ တာ။ ပြီးရင် တော့ မလေး က သားသားဖွသမျှ တွေကို တခုချင်းဆီကို လိုက်သိမ်းရတော့ တာ ပေါ့။

                                                        သားသား မကြိုက်တဲ့ ဂတ်ဂတ်
မလေး ရဲ့သားက ငယ်ငယ်ထဲက အရုပ်ဆိုင် တွေခေါ်သွားရင် လည်း တစ်ခု ပဲယူတာ ။ မလေး တို့ က သားနောက် တခု ယူအုံးလေ ဆိုလည်း မယူဘူးရယ်။ ဘယ် ဆိုင် ရောက်ရောက် တခုတော့ ၀ယ် ပေးရတာ။ မလေး သားကငယ်ငယ် ထဲက ညဖက် အိပ်ရင် လည်း တည လုံးတောက်လျောက် အိပ်တာ။ (တချို့ ကလေးတွေက နေ့  နဲ့ ညနဲ့  မှားတတ် တယ် တဲ့ ) မလေး သားက အဲလို မဖြစ်တော့ တော်သေးတယ်။ ညဆို အိပ်ရေးမပျက် တော့ဘူး။ မလေးသားက လေဆန်နာ လည်းမဖြစ်ဘူး။  ကလေး လေနာ တယ် ဆိုတာ နို့  တိုက် ပြီးရင် ကလေးကို လေမထုတ်ပေး လို့ ဖြစ်တာ ထင်တယ်။(မလေး အထင်နော်) ။ နို့ တိုက်ပြီးတိုင်း ကလေးကို လေထုပ်ပေးရ တယ် (ကလေးရဲ့ ကျောလေးကို အသာလေး ပုတ်ပေးရတယ် )

Wednesday, 26 June 2013

တောင်လှေ ခါးမြို. မှ ကတိုက်ကရိုက် ပြန် ခဲ.ရ

မလေးတို.မိသားစု  တောင် လှေ ခါး မြို. (ပြင်ဦးလွင် )  ကို အလည် တခေါက် သွား ခဲ.မိပါတယ် ချက်ချင်း ပြန်ပြေး ခဲ.ရ တယ်။ သားတော်မောင် ပိုင်လေ အိမ်ပြန်မယ် အိမ်ပြန်မယ်ဆိုပြီး အတင်းငို လို. ဘယ်မှ တောင် မသွားခဲ.ရ ဘူး။ ချက်ချင်း  ပြန်ခဲ.ရတော.တယ်.။ သားပိုင်က အဲဒီအချိန်က (၁ နှစ် ၂လ ပဲရှိသေးတာ) စကားက လည်း ' ဖေ ၊  မေ' လို. ခေါ်တာက လွဲရင် ဘာမှ မပြောတတ်သေး ဘူး ။.

တူတော် မောင် နှစ် ယောက် ကလည်း သူတို. ညီလေး ပိုင် ကို ချစ် လိုက် ကြတာ. . ညီလေး ပြန်နဲ.နော် ကိုကိုကြီးတို. နဲ.ဆော. ရအောင် နော် တဲ.။ မလေး ပြော ဖို. မေ.နေတာ မန်းလေး မှ  တညအိပ်ပြီးမှ  နောက်နေ. မနက် စောစော ပြင်ဦး လွင် ကိုတက် ၈နာ ရီလောက် ပြင် ဦး လွင် ကို ရောက်တယ် ။.ရောက် ရောက် ချင်းတော. တူတော်မောင် တွေ နဲ. ဆော.ပေါ. ညနေ ရောက် တော. အိမ် ပြန်မယ် အိမ်ပြန်မယ် ဆို ပြီး အတင်းငိုတော. တာ။ ဦးလေး တွေ အဒေါ် တွေက လည်း (ပိုင်က စကား မပြော တတ်သေး ဘူးသာဆို တယ်   အိမ်ပြန် မယ် ပြောတာ ပီလိုက် တာတဲ. ) ။အဲဒါနဲ. မလေး တို.ကလည်း သားကို အံ.သြ နေ တာ ။ အိမ်မှာ တုန်း ကဖေ မေ လောက် ပဲ ပြော တတ်သေးတာ ဒီ ရောက်မှ အဲ့လို ပြောတတ်တာ။ အဒေါ် တွေ အစ်မတ၀မ်း ကွဲတွေနဲ. ကလည်း မတွေ. ဖြစ်တာတော် တော် ကြာပြီ လေ။ ပြင်ဦး လွင်မှာ ၅ရက် လောက် တော. နေမ.ယ် စိတ်ကူး ထားတာ ။ တစ်ညတောင် မအိပ် ခဲ.ရဘူး ။  ပြန်တောလည်း တူတော် မောင် နှစ် ယောက် က ညီလေး တို. နဲ. လိုက် ချင် တာဆို ပြီး ငို ကျန်ရစ် ခဲ.တယ်.. . ။အဲဒါ တစ်လမ်းလုံး ကားပေါ်မှာလည်း အိမ်ပြန်မယ် အိမ်ပြန်မယ် နဲ့ ငိုပြီးလိုက်လာတာ။ နောက်ဆုံး မောသွားတော့မှ အိပ်ရော။ နောက်နေ.  မနက်မိုးလင်း အိပ်ရာကနိုးတော့ သူ. ဘဘ က ပိုင် အိမ်ပြန် မယ် ပြောအုံး လေ  ဆိုတော. ပြောဘူး ပြောဘူး တဲ. ... ဘယ်လိုမှကို ပြောခိုင်းလို့ မရတော့ဘူး။
ကလေးများနော် မနေ. ကသူ မဟုတ်တဲ. အတိုင်း ပဲ ။ 

Friday, 21 June 2013

စေ.စပ် သေချာသော ယောကျာင်္း လေးများ

ဒီ နေ. ရေးဖြစ် တဲ. အကြောင်း ကတော. မှတ်မှတ် ရရ လို. ပဲ  ပြောရမှာပါ.။ ဒီလို ပါ မလေး သားသား ကို မွေး တော. သူငယ် ချင်း တွေ လာ မေးကြ တယ်။ အပျိုကြီး တွေ ရော သားသားမီး မီး မေမေ တွေ  ရော လူစုံ ပါ တယ် . ..အဲဒီ ထဲမှာ မှ မှတ်မှတ် ရရ မောင် ငယ် လေး ရဲ. သူငယ် ချင်း အုပ်စု (စုစုပေါင်း ၁၂ ယောက်) ကတော. အမြဲ တမ်း ကို အမှတ် ရ နေတော. မှာ ..ကလေး မွေး တယ် ဆို တော. သူငယ် ချင်း တွေက ကလေး ပစ္စည်း အစုံ နဲ. လာမေးကြ တာပေါ.။ အားလုံး ကတော. ပေါင်ဒါ ဗူး အကျီင်္ အဒါတွေပဲ ၀ယ် လာ ကြတာ များတာပေါ. နော်. ..ပြောရရင် မလေးတောင် သားကိုမွေးတုန်းက( ပေါင်ဒါ အကျီင်္ ပေါင်းနှီး ခြေအိပ် လက်အိပ် ကလေးတွေ ခေါင်းအုံး သေးသေး ဖက် လုံး သေးသေးလေးတွေ) အဒါတွေ ပဲ ၀ယ် ဖြစ် တာ တခြား လို. အပ်တာတွေ ကို အဲ ဒီ အချိန် မှာ မစဉ်း သားမိဘူး။ ဟို ကို လူပျို (၁၂) ယောက် နဲ. တွေ. မှ ပဲ မလေးတစ် ယောက် ကျွတ် တော.တယ်။ ၀ယ် လာလိုက် တာစုံ လို. ကလေး တယောက် အတွက် ဘာမှ လိုတာမရှိ အောင် ကို ပြည်.စုံ တာ သူတို. ကပြော သေးတယ် အမက လည်းး တဲ. ကျွန် တော် တို. လောက် တောင် မသိဘူး တဲ.။ မလေးက လည်း ၀န်ခံ လိုက်ပါတယ် ...ဟူတ်တယ် မလေး သူတို. လိုကို စေ.စေ. စပ်စပ် မသိဘူး.။ဝယ် လာလိုက်တာတွေက အင်္ကျိ ဘောင်းဘီ ၀မ်းဆက် ကလေး တွေ ၁၂စုံ ၊ လက်အိပ် ခြေအိပ် ၁၂စုံ ၊ဟော သရေခံ ၁၂ခု၊ စောင် ပါးပါးလေး တထည်၊ ရေချိုးပြီး ရင် သုပ်ဖို.တဲ. မျက် နှာသုပ် ပ၀ါလေး ကတစ် ထည်၊တစ် သျူးအစိုက ၁ဒါဇင် ၊ ကလေးရေချိုး ဖို.တဲ. ပလတ်စတစ် ကန် အသေးလေး တစ် ခု ၊ချိုလိမ် လေးတောင် ပါလိုက် သေး ခေါင်းအုံး ဖက် လုံးတစ်စုံ ၊ ဦးထုပ် သေးသေးလေး ၆ လုံး၊ diapers အထုတ်ကြီး ၁ထုပ် ၊ baby johnson (ပစ္စည်းအစုံ ပါ) ပါကင် ၁ဗူးဝယ် ခဲ. ကြတာလေ.. ။.မလေး မှာ လေ သူတို. ၁၂ ယောက် ကို ကျေးဇူးတွေကို တင် လို....

Wednesday, 19 June 2013

မလေး တယောက် ဘုနှင်. ဘောက်

မလေး လေ ပြောပြ ရအုံးမယ် ။  မိဘတွေ တိုင်းက ကိုယ်.ရဲ.  သားသမီး တွေပေါ် စိတ်ရှည်တာ ချစ်တာ ဟာ ဘယ်အရာ နဲ. မှ နှိုင်းယှဉ် ဘို.မရဘူးဆိုတာ မလေးတယောက် ကောင်းကောင်းကြီး နားလည် လာခဲ့တယ်။ ဘာလို. လဲ ဆိုတော. မလေးကိုယ် တိုင် လည်းမိခင် တစ်ယောက် ဖြစ်နေလို. ပါ ။ဖြစ်ပုံ ကဒီလို သားပိုင် ၈လအရွယ် တုန်းက မျက်စိ နာဖြစ်တာ .မျက်စိဆရာဝန် ဆီ ပြေးရတော.တာပေါ့ ။ ဆရာဝန်ဆီသာ သွားရတာ (ကလေးက အရမ်းငယ်သေးတော.) ဆရာဝန် ထည်.ခိုင်းတဲ. ဆေးလည်း မလေးတို. ကမျက်စိထဲ ကို မထည်.ချင်..ဆရာ ၀န်ကတော. ဘာမှ မဖြစ် ဘူး မစိုးရိမ် ရဘူး ပြောပါတယ် ။ ကိုယ်.သားဆိုတော. လည်းစိုး ရိမ် တာပေါ. ဘာလုပ် လို.ဘာကိုင် ရမှန်းကို မသိဘူး ။ သားပိုင်က သိပ်မသက်သာတော့  သားကိုကြည့် ပြီး စိတ်လည်း မကောင်း ဘူး။ အဲတော့ ဘာ ဖြစ် ကြ လည်းဆိုတော့ သားပိုင် ဖေနဲ. တစ်ယောက် တစ်ခွန်း အော် ကြတော.တာပေါ. (တကယ် တမ်း
ကတော. မအော် သင့်ဘူးပေါ.နော် ) တခုခု ဆိုရင် အကောင်းဆုံး ကို ခေါင်း အေးအေးထားပြီး သားကို မျက်စိနာ သက် သာအောင် ဘယ် လို လုပ်ရ မလဲ ဖြစ် သင်.တာပေါ။ ဒီလို. နဲ. ညနေ လောက် ရောက်တော. သားပိုင် ဖွားဖွားက ဖုံးဆက် ပြောပါလေ ရော ။ ဘာမျက် စဉ်းဆေးမှ ထည့်စရာ မလို ဘူး ။ မိခင် နို့ ရည် ကိုသာ မျက်လုံးလေး ထဲ ကွင်းပေးလိုက် မကြာဘူးပျောက်သွား လိမ့်မယ်တဲ့။ မလေးလည်း ချက် ချင်းပဲ သားပိုင် မျက်ဝန်း လေးထဲ ထည့် ၊ အပြင်ကနေလည်း ကွင်းပေးလိုက်တာ ။ တကယ် မကြာဘူးရယ် ညလည်းရောက် ရော သားပိုင် မျက်လုံးကလေး လုံးဝကို ယူပစ် သလို ပျောက် သွားတာ။ သားပိုင် သက်သာမှပဲ မလေး တို့  နှစ်ယောက် ပြုံးနိုင် ကြတော့တာ..............

Saturday, 8 June 2013

သားပိုင် ၏ တနေ.တာ

မလေးတယောက်  သားပိုင်အကြောင်း များရေးရမယ် ဆိုရင် ပျော်ကိုနေတာ။ ဒီနေ.ကတော. သားပိုင်ရဲ.
တနေ.တာ လေးပါ။   သားပိုင်ကလေ မနက်မိုးလင်း လို.. နိုးပြီဆိုတာနဲ. ည၀တ်အကျီင်္ ကို လဲခိုင်းတော.တာ။ သားပိုင်ကသိပ်     အသန်.ကြိုက်တာ။ အသစ်ကလေး များဝတ်ပေး လိုက်ရင် ပျော်တပြုံးပြုံးရယ်။အဲဒါ အ၀တ်လဲပြီးရင် လမ်းတပတ် လျှောက်ပေးရတာ (သြော်ပြောရအုံးမယ် သားပိုင်ကလေ လမ်းလျှောက်ရင် လက်ကလေး နှစ်ဖက် နောက်ပစ် ပြီးလျှောက် တာ ) သိပ်ချစ်စရာကောင်းတာ။ မိဘဆိုတော.လည်းသားကို ကြည်.ပြီး ကြည်နူးနေတာ။ မလေး တို.ကသားပိုင်ကို ငယ်ငယ် ကတည်း က မနက်မိုး လင်းရင်ထမင်းနဲ. နွားနို.တခွက် ကျွေးတာ။ အခု နည်းနည်းကြိးလာတော. လူကြီးတွေ စားတာမှ စားချင်တော.တာအခုဆိုရင် မုန်.ဟင်းခါးတို. ခေါက်ဆွဲတို. ကြိုက်တတ်လာပြီ။ ဟောသားကိုင်ကလေ စားပြီးပြီဆိုရင် တံမြက်စည်း ကိုင်ပြီး လှဲတော.တာရယ်။ လှဲပြီးရင် တော.ဆော. လေ သတည်းပေါ.။

နေ.လယ် ဆိုရေချိုးပြီး ရင် ၂နာရီ ၃နာရီလောက်ကို အိပ်တာ (မအိပ်သေးခင်တော. သိပ်သိပ်ဆော.)နောက်မှ သားပိုင် ဘယ် လောက်အဆော. မက်တယ်ဆိုတာ ရေးအုံးမယ်။

Friday, 7 June 2013

အိမ်လွမ်းသူ

မလေးတယောက် မအားတာနဲ. မရေး ဖြစ်တာတော် တော်ကြာပြီ။ မလေး သားလေးက အခုဆို ရင် စကားတွေ
တောင် တော် တော်ပြောတတ် နေပြီ။ မလေးသားကလေ စကားစပြော တာက မေတဲ. မလေးဖြင်. သားပိုင်
မေလို. ခေါ်တဲ. အသံကြားတော. ရင်ထဲမှာ အရမ်းပဲ ၀မ်းသာမိတယ် ။ ရက် နည်းနည်း ကြာတော. ဖေလို. 
ခေါ်တတ်လာတယ် .သားပိုင်ဖေ ဆိုတာ ၀မ်းသာလွန်းလို. ထကိုခုန်ရှာတာ။ မိဘ တိုင်းအတွက် သားသမိး
ဆိုတာ အေးမြတဲ. ရေကြည် တပေါက်ပဲ။  

အခုဆိုရင် သားပိုင်က ချေးများ တတ်လာပြီ။ သူမကြိုက်တာများ ကျွေးမိရင် (ထွီထွီ) ဆိုပြီး ထွေး ပစ်တာရယ်
သြော် ပြောရအုံးမယ် မလေးသားက လေ လက်ဖက်သိပ်ကြိုက်တာ။ (မလေးက သားကိုယ်ဝန် ရှိတည်းက
လက်ဖက်စား ခဲ.လို.ထင်တယ်သားကြီး လို.လက်ဖက်စ စားတော.လည်း ဗိုက်အောင်. လေနာ ဘာမှ မဖြစ်ရှာဘူး)
တော်သေးတယ် ။

Friday, 29 March 2013

လွမ်းတယ်ပိုင်

မိခင်တယောက်ရဲ.ချစ် ချင်း မေတ္တာ နဲ. သားလေး ပိုင် ကို သိပ်ချစ် ရပါတယ်။ သားလေး လမ်း စ လျောက်တတ်တုန်း က မလေးလေ ၀မ်းသာ လိုက်တာ အရမ်းပဲ။ ကြွားရအုံးမယ် မလေးသားက လူချစ် လူခင်ပေါတယ်။ သားကို မြင်တဲ. လူတိုင်းက ကလေးလေးက ချစ်စရာ ကောင်းလိုက်တာတဲ. မိခင်ဆိုတော..၀မ်းသာတာပေါ. ။ မလေးသားက လေ လမ်းလျောက်တာ အရမ်းမြန်တာ သူနောက်ကို အမြန်လိုက်ရတာ။ လမ်းလျောက်တတ်တော. အပြင် ကိုအရမ်းထွက်ချင်တာ (လျောက်လည်ချင် တော.တာလေ)။ သားက သူလိုချင်တာလေးများ ရှိရင် အမေ့မျက်နှာကို ကြည့်ပြီး ပြုံးပြုံးပြီး အတင်းနမ်းတော့တာ။ အဲဒါဆို ကိုယ်က အလိုက်သိရတော့တာရယ်။ အရုပ်ဆိုင်နား ရောက်ရင် သား အရုပ်လိုချင်လို့ လား ၊ မုန့် ဆိုင်နား ရောက်ရင် သား မုန့် လိုချင်လို့ လား မေးရင် ခေါင်းကြီး အတင်း ငြိမ့်တော့တာရယ်။ နောက်တစ်ခုက သူများက မုန့် ပေးလို့ ကတော့ မအေ မျက်နှာကို အရင်ကြည့်တာ။ မလေးက ခေါင်းရမ်းပြလို့ ကတော့ လုံးလုံးကို မယူတာရယ်။ သားယူရတယ်လေ ဆိုမှသာ ယူတာရယ်။ ပြီးတော့ သားက ငယ်ငယ်ထဲက သူလိုချင်တာကို ရွေးတက်နေပြီ။ အဝတ်အစားက အစပေါ့။ ရေချိုးပြီးပြီဆို ဗီဒိုကို ဖွင့်ပြီး စိတ်ကြိုက် ဝတ်စုံကို လက်ညှိုးထိုး ပြီး ဝတ်ခိုင်းတာလေ။ အရုပ်ဆိုရင်လည်း အရုပ်ဗီဒိုရှေ့ သေချာ ရပ်ကြည့်ပြီးမှ သားကိုင်ချင်တဲ့ ဟာကို လက်ညှိုးထိုးပြီး ယူခိုင်းတာ။ သား တစ်နှစ်ပြည့်တော့ သွားက အပေါ် လေးချောင်း ၊ အောက် လေးချောင်း စုစုပေါင်း ၈ ချောင်းပဲ ပေါက်သေးတယ်။ တခြားကလေးတွေထက် သွားပေါက်နှေးသလိုပဲ။ အဲဒီတော့ ကိုယ်က ကြက်ကြော်တွေဆို မာ မှာဆိုလို့ ချေပြီး ကြွေးရင် မကြိုက်ချင်ဘူး။ သားက ငါး နဲ့ ကြက်ဥ ကိုတော့ အကြိုက်ဆုံးပဲ ။ ကြက်သားဆို တစ်ခါတစ်လေ အကုန်ထွေးပစ်တာရယ်။ ဖုန်းလာရင်လည်း ရှေ့ဆုံးက အတင်းပြေးကိုင်ချင်တာရယ်။ ဟမ်းဖုန်းကိုဆို အလစ်မပေးရဲဘူး ။ လစ်တာနဲ့ ဖွင့်ပြီး အကုန်လျှောက်နှိပ်တော့တာ။ တစ်ခါတစ်လေလည်း ဝင်သွားလို့ အမြန် ချရတာလဲ ရှိသလို ၊ တစ်ချို့ ကျ ပြန်ခေါ်လို့ ကလေးမှား နှိပ်တာပါဆိုပြီး တောင်းပန်ရတာလဲ ရှိပြန်ရော။ ပြီးတော့လေ သားက သူ့ ဦးလေး စတိုင်မျိုး ဖုန်းများပြောရင် ပေါင်ကြားထဲ လက်က ထား ၊ လမ်းလျှောက်ရင်း ခေါင်းလေး တစ်ငြိမ့်ငြိမ့် နဲ့  ဟရို ၊ ဟရို နဲ့ ဟစ်ဟော့ စတိုင်မျိုး ကလည်း လုပ်တက်သေးတာ။


ဒါလေးက သား ၈ လပြည့်တုန်းက ရိုက်ထားတဲ့ ပုံလေ။

ဖိနပ်မပါတဲ့ သားရဲ့ ဟစ်ဟော့စတိုင်လ် (တစ်နှစ်နဲ့ နှစ်လ အရွယ်ပေါ့)


Saturday, 23 March 2013

ချစ်သောပိုင်

ဒီနေ.မလေးရဲ.သား(ချစ်သောပိုင်)အကြောင်းရေးမယ်နော်။ သားလေးက အခု တစ်နှစ်နဲ့ ၅ လ ရှိပြီလေ။ ဒါပေမယ့် မွေးခါစက အရွယ်ကနေ စပြီး အခုအရွယ် ထိကို သားအတွက် အမှတ်တရ အနေနဲ့ ရေးအုန်းမယ် ။

မလေးသားလေး တစ်လ ပြည့်တုန်းကပေါ့ သားလေး.နဖူးမှာ အနီစက်လေးတွေ ပေါက်တာကိုမလေးတို.ကရိုးရိုး အပူဖုပေါက်တယ်ထင်တာ တရက်နဲ့ လည်းမပျောက် နှစ်ရက်လည်းမေ ပျာက် ဆေးခန်းပြမှ ပဲ ဗိုင်းရပ်ဝင်တာတဲ့ မလေးတို.အားလုံးစိတ်တွေကို  တအားပူသွားကြတာ (သားဦးဆိုတော.) အဲဒီနေ.ကစပြီးသားကိုချီတော.မယ်ဆိုရင် dettol နဲ.လက်ကို သေသေချာချာဆေးပြီးမှ သားကိုချီကြတော.တာ   ။ ဆရာဝန်ပြောတာက ကလေးကိုကိုင်တဲ.လက်က သန်.ရှင်းနေဖို.လိုတယ်တဲ. ။အဲဒီနေ.ကတည်းက ဒီနေ.ထိသားကိုချီတိုင်း   လက်ကိုဆေးပြီး  မှချီတော.တယ်။  ကလေးငယ်ရှိသော သူငယ်ချင်းများအားလုံး မိမိရဲ. ရင်သွေးလေးများကို ချီတိုင်း လက်ဆေးကြပါလို.   တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပြီနော်။




 

Friday, 22 March 2013

စတင်ခြင်း

မလေးရဲ့ ဝါသနာနဲ့ သားလေး အကြောင်း အမှတ်တရ ရေးချင်လို့ ဒီဘလော့ဂ်လေးကို စတင်ဖြစ်တာပါ။