ဘလော့ဂ်ရောက်လာသူ မိတ်ဆွေ အပေါင်း စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday 2 August 2013

ဒူးရင်းသီးနှင့် ကြောင်

ဒီပိုစ့်လေးရေးဖို့ ဖန်လာတာကတော့ သားတော်မောင်ပိုင်က ဒူးရင်းသီးလုံးဝမကြိုက်ဘူး။ မကြိုက်ဘူးဆိုတာက မလေးအထင်သားက ဒူးရင်းသီးအနံ့ ကို မကြိုက်တာထင်တယ်။ ဒီလို မလေးတို့ က သားကို ဒူးရင်းသီးအနံ့ ပါတဲ့ ဘီစကစ်လေးတွေ ဆိတ်နို့  နဲ့ လုပ်တဲ့ဘီစကစ်လေးတွေဝယ်ကျွေးတာပေါ့နော်။ ဘယ်လိုကြောင့်ရယ်မသိဘူး။ အဲဒီဒူးရင်းသီးနံ့ ပါတဲ့ ဘီစကစ်ကို လုံးဝမစားဘူး။ အဲဒါနဲ့ မလေးတို့ က ဒူးရင်းသီးပါတဲ့ မုန့် ရယ် တခြားမုန့် တွေရယ် ရောပြီး သားကိုပေးတာ ။ဘယ်လောက်ပဲရောထား ရောထား တခြားမုန့် တွေသာယူတာ အဲဒီဒူးရင်းသီးမုန့် ဆို လွှင့် ကိုပစ်တာ။ အဲဒါအိမ်က အဖိုးတွေ အဘွားတွေက အတင်းသဘောကျကြတာ။ (မင်းတို့ ငါမြေးမြန်း ဘာထင်နေလို့ လဲ မင်းတို့ တောင်ရောင်းစားသွားအုန်းမယ်တဲ့ ) လူကြီးတွေဆိုတော့ သူတို့ မြေးလည်တာကို အတင်းသဘောကျတာလေ)။ အဲဒါပိုင်ဘွားဘွားရဲ့ မိတ်ဆွေအိမ်ကို လာလည်တော့ ပိုင်ရေဒူးရင်းသီးစားမလားလို့ မေးတာကို သားပိုင်တစ်ယောက် စားဘူး စားဘူးဆိုပြိး ပြေးလေရဲ့ ။ကလေးတွေက ဘယ်လိုလုပ်သိလဲမသိဘူးနော်။ သူတို့ မကြိုက်တာကို။ ပိုင်ကတော်ရုံ ဆို အစားမရွေးဘူးရယ် အစုံစားတာ။ သားပိုင်ရဲ့ ဦးငယ်ဆို သားပိုင်ကို အစုံစားလေးရေ ဆိုပြိးချစ်စနိုးနဲ့  ခေါ်တာ။ ပိုင်ဦးငယ်က အံ့သြနေတာ။ အစုံစားလေးက ဒူးရင်းသီး မုန့် တော့မစားပါလားကွ ဆိုပြိး ရယ်လေရဲ့ ။ပိုင်ကအိမ်ရဲ့ ဗိုလ်လေ။ပိုင်ဦးငယ်ဆိုတူလေးကိုချစ်လိုက်တာမှတုန်လို့ ။
မိဘတွေဆိုတာတော့ပြောမပြတတ်အောင်ပေါ့။ မလေးတို.က သားကို ငယ်ငယ်ထဲက အတတ်နိုင်ဆုံး ဆီမပါတာကို ကျွေးဖြစ်တယ်။


မလေးတို့ မိသားစုက များသောအားဖြင့်ဆီလည်းလျော့စားဖြစ်တယ်။ soup ကို ပိုင်ကအရမ်းကြိုက်တယ်။ များသောအားဖြင့်  ဟင်းနုနွယ်ရွက် ရယ် ငါးအသားလုံးလေးတွေရယ် ကို အမြဲလိုလိုကျွေးဖြစ်တယ်။ ဆီလည်းလုံးဝ မပါတော့ ကလေးအတွက် side effect မဖြစ်တာပေါ့။ တခါတလေလည်း ဂေါ်ဖီကို နူးနေအောင်ပြုတ် ပြီးရင်ကြက်သားလေးကို ထည့်ပြီးပြုတ် ကျွေးတယ် ။ ဂေါ်ဖီရဲ့ အရသာက မူလကိုက ချိုတယ်။ တခါလေလည်း noddle soup လေး လုပ်ကျွေးတယ် (အရွက်တမျိုးမျိုးတော့ပါအောင်ထည့်တယ်)။ ကန်စွန်းရွက်ကိုလည်းငါးဖယ်လေးတွေ ကြက်သားလေးနဲ့ ရောပြီးလည်း soupလေးလုပ်ပြီးကျွေးတယ်။ အချိုကတော့ သိပ်မကျွေးဘူး သွားပိုးစားမှာဆိုးလို့ လေ။ မလေးကိုယ်တိုင်လည်း သားကို ကိုယ်ဝန်ရှိတည်း က ဆီပါတာဆို ရင် မစားချင်တာ့ဘူး။ သားကို ကိုယ်ဝန်ရှိတဲ့နောက်ပိုင်းကစပြီး တစ်မိသားစုလုံးဆီလျော့ စားဖြစ်တော့တာပေါ့နော်။





နောက်တခု ကရယ်စရာလေးရယ် သားကငယ်ငယ်တုန်းက ကြောင်ဆိုသိပ်ကြောက်တာ။ (ဗန္ဓုလသွေးလေ) ခွေးတော့ မကြောက်ဘူး။ အခုတော့ နည်းနည်းကြီးလာတော့ ကြောင်ကို လုံးဝ မကြောက်တော့ဘူး။ ယောင်္ကျားလေး ဗီဇ အတိုင်း ကြောင်တို့ ခွေးတို့ မြင်ရင် တုတ်နဲ့ လိုက်ရိုက်ချင်တော့တာ။ တစ်ရက်ကျတော့ ပိုက်က ဂေါက်ရိုက်တံ နဲ့ ဆော့ နေတဲ့ အချိန် ကြောင်ကလည်း သူ့ မျက်စိရှေ့ ရောက်လာတဲ့ အချိန် ဘယ်ပြောကောင်းမလဲ ကြောင်ကို လက်ထဲရှိတဲ့ ဂေါက်တံနဲ့ လှမ်းထို့ တာပေါ့။ မလေးအထင် သားကကြောင်တို့ ၊ ခွေးတို့ ဆို အညည်းယားပြီး လိုက်တို့ ချင်တာ။ ဖြစ်ချင်တော့ ကြောင်ကလည်း သူ့ ရိုက်တော့မယ် ဆိုတာသိတော့ ပိုင်ရှိတဲ့ဘက်ကို အပြေး ပိုက်ကလည်း ဒီဘက်အလှည့် မျက်နှာချင်းဆိုင် ဆုံတော့ ကြောက်ပြီး ငိုပါလေရော။ အဲဒါနဲ့ မလေးတို့ က သားကို ပြောပြရတယ်။ ဘယ်ဟာဆိုရင် ဘယ်လို ကောင်းတယ် ၊ ဘယ်ဟာကို ကိုင်ရင် ဘယ်လို ဖြစ်တက်တယ်ဆိုတာ အခြေအနေ အချိန်အခါပေါ် မူတည်ပြီး ကလေး နားလည်လောက်မဲ့ အနေအထားလေး နဲ့ ရှင်းပြရတယ်လေ။


3 comments:

  1. ဆုမြတ်လည်း ဒူးရင်းသီးကိုလုံးဝမကြိုက်တာ မလေးရယ်... ရုံးက ဦးလေးတစ်ယောက်ဆိုရင် ထမင်းသွားစားလို့ ဒူးရင်းသီးတန်းနားကဖြတ်ရရင် နှာခေါင်းပိတ်သွားတယ်.. ဒါမှမဟုတ် တခြားလမ်းကသွားတယ် အဲလောက်တောင်ခါးခါးသီးသီးမုန်းတာ သူက ။ ဆုမြတ်ကျအဲလောက်မဆိုးဘူး ဒါပေမယ့်မစားချင်ဘူးရယ်..။ ဆီလျော့စားတာ အားပေးပါတယ် မလေးရယ်..ဆုမြတ်ကတော့ မလျော့နိုင်သေးဘူး ဟီးးးး)အချိုလည်းအရမ်းကြိုက်တာလေ...... သွားဆရာဝန်ဆီကိုသွားရလွန်းလို့ ဆရာဝန်ကတောင်မှတ်မိတဲ့အထိ အချိုစားတာ ။ ငယ်ငယ်က အချိုစားလွန်းတဲ့အကျိုးလေ....ခိ...သွားနှုတ်ထားရတယ်.. ဒါပေမယ့်စားတာပဲ မနက်ကတောင် စားလိုက်သေးတယ် :P

    ReplyDelete
  2. အကောင့်မှားသွားတယ် မလေးရယ်..ဆောဒီး :P

    ဆုမြတ်

    ReplyDelete
    Replies
    1. အကောင့်မှား လည်းရပါတယ် ညီမလေးရယ် ။ တခါတလေဖြစ်တတ်ပါတယ်။ ဆီကတော့လျှော့စားပါ ညီမလေးဆုမြတ်ရေ။ အချိုတွေလည်း လျှော့အုန်းနော် ။

      Delete