ဘလော့ဂ်ရောက်လာသူ မိတ်ဆွေ အပေါင်း စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ
Showing posts with label မြန်မာ ပြည် ရောက်ခိုက် ရာဇ၀င်. Show all posts
Showing posts with label မြန်မာ ပြည် ရောက်ခိုက် ရာဇ၀င်. Show all posts

Friday, 26 July 2013

ဘွတ်ဘွတ်လေးနှင့်  နှစ်ပါးသွားလေးကခဲ့ရ

မိုးရာသီ ရဲ့ တနေ့ မှာ ပေါ့။ မလေးတို့ သားအမိသုံးယောက် shopping သွားကြတာ ။ အဲဒီ shopping ကတော့ မလေးတို့ အတွက် အမှတ်တရ ပါ (နောင် သားကြီးလာရင် အဒီအကြောင်းလေး ပြောပြရမယ်) ဖြစ်ပုံက ဒီလို အဲဒီနေ့ က ဂမုန်းပွင့် ကုန်တိုက် မှာ ပရိုမိုးရှင်း လည်းရှိတယ်ဆိုတော့ သွားကြတာပေါ့။  သားအမိတွေ အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့  လိုတာလေးတွေ ၀ယ်နေတာ ပေါ့ ။ အဲဒီအချိန်မှာ သားဖေက ကလေးကို dyapers ၀တ်ပေးထားတာ လေး ၊ ငါးနာရီ ရှိနေပြီတဲ့။ အသစ်လဲ ပေးလိုက်နော်တဲ့။ အဲဒါနဲ့ မလေးကလည်း ဟုတ်ပါတယ် သားကိုအသစ် လဲပေးအုံးမယ် ဆိုပြိးကိုယ်က အချွတ် ပိုင်က ဘွတ်ဘွတ် ဘွတ်ဘွတ်ဆို ပြီး ပါချ လိုက်ပါလေရော။ အဲဒါနဲ့  floor တွေမှာ ဘွတ်ဘွတ်တွေ ပေကုန်တော့တာပေါ့ ။ security လေးတွေက ပြေးလာပြီး tissuse တွေလာပေးကြတာ။ အဲဒါနဲ့  မလေးကလည်း security လေးတွေကို အားနာလိုက်တာ မလေး ပြန်လုပ်ပေးမယ် ပြောရတာပေါ့ ။ security လေးတွေက ဘာပြန်ပြောလည်းဆိုတော့ 'အစ်မဒီဟာက ကျွန်တော်တို့ ပြန်လုပ်လို့ ရတယ် ၊ အစ်မ စကပ် ကြည့် လိုက်အုံးတဲ့ ' သူတို့ ပြောမှ ပဲ ကိုယ်စကတ်ကို ပြန်ကြည့် မိတယ်။

ဟယ် ဟုတ်ပရဲ့ စကပ်မှာ လည်းဘွတ်ဘွတ်တွေ ပွလို့ ပါလား (ဖြစ်ချင်တော့ အဲဒီနေ့ က စကပ်ကလည်း ဒူးမရှိတရှိလေး ၀တ်မိရဲ့  လှချင်ရဲ့  စက်စက်ယိုလေ) အဲဒါနဲ့ သူတို့ တွေက စကပ်မှာပေနေတဲ့ ဘွတ်ဘွတ်တွေကို tissue နဲ့  သုပ်လိုက်ပါလားတဲ့ ။ ဒီဖက် မှာ သားအမိနှစ်ယောက် ရှုတ်ယှက် ခတ်နေတာကို သားပိုင်ဖေ မမြင်ဘူးလေ။ sale girls ချောချောလေးတွေကို မမြင်ဘူးတဲ့သူကျလို့  ငေးနေတာ မလေးအော်ခေါ်မှ ပဲ ကြားပြီး ပြေးလာတော့တာ။မလေးကစကပ်ကိုလည်း    tissue နဲ့ သုတ်ရင်း ကလေးလဲ အကျီ်လဲ ဆိုတော့ (၀တ်ထားတာကစကတ်အတို ပေါင်တွေဒူးတွေလည်းပေါ်လို့ ) အဲ့ကျမှ ကလေးကိုခေါ်ပြီး လဲစရာရှိတာ လဲပြီး ပြန်ကြတော့တာ။


                                                       ချစ်သောသားလေးးပိုင် ၈လအရွယ် အမှတ်တရ

မလေးကသားကို ထိုင်တတ်တဲ့ အရွယ်ကစပြီး ဘွတ်ဘွတ်ကို potty လေးနဲ့ ပဲ သွားတတ်အောင် အကျင့်လုပ်ပေးခဲ့တာ။ ကလေးတစ်ယောက်ကို ငယ်ငယ်ထဲက စနစ်တကျ ပြုစုပျိုးထောင် ပြီး သေချာသင်ပေးခဲ့ရင် ကြီးလာတဲ့အခါ အရာရာ ကို စနစ်တကျ နဲ့ နေတတ်တယ်။ တခြားကလေးတွေ ကိုတော့မလေးမသိဘူးနော် ။ မလေးတို့ မိသားစုရဲ့ သားကိုပြုစုပုံနော်။ ကိုယ်ကမိဘဆိုတော့ သားပိုင် ဘယ်အချိန်မှာ ဘာလုပ်ချင်တယ် ဘာလိုချင်တယ်ဆိုတာ သားမျက်နှာကို ကြည့် ရင်သိတယ်။ သားပိုင်ကလည်း အဲဒီအချိန်က စကားမပြောတတ်သေးပေမဲ့ အမူအရာ နဲ့ ပြတတ်တယ်။ ခါတိုင်းနေ့ တွေက ဘွတ်ဘွတ်ဆိုရင် ပြောတယ်ရယ်။ အဲဒီ နေ့ က (shopping) ကတော့မှတ်မှတ်ရရပဲ။ တကယ်ဆိုရင် သားကမအေမျက်နှာကို ကြည့်ပြီး အမူအရာနဲ့ ပြရင်ပြမှာ ရယ်။ မလေးကိုယ်တိုင်ကလည်း cosmatic ဖက်ကိုငေးနေတာ ။ သားပိုင်ဖေကို ပြောလို့ သာပြောရတာ တကယ်တမ်းကတော့ မလေးကလည်းငေးတတ်တယ်။ 



မလေးသိတာ ကလေးတွေက အရာရာကို စူးစမ်းချင်တာ သိချင်တာ။ မလေးတို့ ကတော့ သားသိချင် ကိုင်ချင်တာတွေဆို ရင် လိုချင်တာတွေဆိုရင် သူသိချင်တာပေါ်မူတည်ပြီး ပြောပြတယ်။ ကလေးတွေရဲ့ သိချင်စူးစမ်းချင်တဲ့ စိတ်ကိုမပိတ်ပင်ရဘူး။ ကလေးတွေမှာလည်းသူတို့ အသိညဏ်နဲ့ သူတို့ ရှိတယ်။ 



Saturday, 29 June 2013

ဘုတ်ဘုတ် လေး၏ ရာဇ၀င်

မလေး တစ်ယောက် အလှအပ ဘယ် လောက်ကြိုက် လဲဆို သားသားတောင် ဘုတ်ဘုတ်ကို သိနေတယ် ။ ဒါလေးကတော့ မလေးနဲ့ သားရဲ့  ရီစရာ အမှတ်တရလေး ပါ။ အဖြစ်အပျက် ကဒီလိုပါ ။ မလေးက တစ်နေ့ တစ်နေ့  ကို ဘယ် လောက်တောင် မိတ်ကပ် လိမ်းသလဲဆို သားတော်မောင်တောင် ဘုတ်ဘုတ် ဘုတ်ဘုတ်နဲ့  ဖြစ် ရော ။ မေမေ ကလည်း အလှကြိုက် ။ မိတ်ကပ် ဗူးထဲ ပါတဲ့ puff လေးတွေကို အများကြီး ၀ယ် ပေးထားရတာ။ ညဖက် အိပ်ရင် တောင်မှ သားတော် မောင် ကရောင်တာ (မေမေဘုတ်ဘုတ်တဲ့) ။ အဲဒါဆိုတော့ မလေးကလည်း ခေါင်းအုံးထဲ ကို puff လေးထားအိပ်ရတာ ။ ယောင်တဲ့နေ့ ဆို သူ့ လက်ထဲကို puff လေးချက်ချင်း ထည့် ပေးမှ မဟုတ်ရင် ငိုပါရော။ ကလေးများ သူစွဲမိ စွဲရာ ရယ် ။ သားပိုင် ကိုင် တာမြင် တော့ သားထက် ကြီး တဲ့ အိမ်နီးချင်း ကလေးလေး ၂ယောက် ကလည်း 'ဘုတ်ဘုတ် ဘုတ်ဘုတ်' ကို ဖြစ်ရော ပေါ့။  မလေးအထင် ကလေးတွေ ရဲ. သဘော က တစ် ယောက် ကိုင်တာ မြင်ရင် လိုက် ကိုင် ချင်ကြ တာ။
                                         
                                                             သားပိုင် ၏ ဘုတ်ဘုတ်များ



ကစားပြီ ဆိုရင် လည်း သူ့ ထက် အကြီးတွေ ကစားတာမှ လိုက် ကစားချင်တာ။ ယောကျာင်္းလေး ဆိုတော့ လည်း ယောကျာင်္း လေး ကစားနည်းလေး တွေမှ ဆော့ချင်တာ။ သားပိုင် တို့ များ ငယ်ငယ် ထဲက ဂေါတ်ရိုက်တာမှ ဆော့ချင်တာ။ ပလတ်စတစ် ဂေါတ်တံ လေး တွေဝယ် ပေးထား ရတာ။ သားပိုင် ဖေကတော့ သားကြီးရင် အတူတူဂေါတ်ရိုက် လို့ရပြီ ဆိုပြီးပျော်နေလေ ရဲ့။မိန်းကလေး ဆော့တဲ့ အရုပ်တွေများ ပေးလိုက်ရင် ခြေထောက်နဲ့ ကန်ပစ်တာ။ တစ်ခါက ဘုရားပွဲဈေးရှိလို့ လိုက်ပို့ တာ။ အရုပ်တွေ အစုံ လက်ညှိုးထိုး ပြီး ဝယ်ခိုင်းတာ။ ကိုယ်က ဒါလေး လှတယ် ယူ ဆို မယူဘူး ။ သူလိုချင်တာကို ခါးထောက်ပြီး သေချာရွေးတော့ ဆိုင်ရှင်ကတောင် တခြားကလေးတွေ နဲ့ တူဘူးနော်။ သူကြိုက်တာမှ ယူတာတဲ့ ။ အဲဒါ အပြန်ကျ မလေး မိတ်ဆွေ သမီးလေး အတွက် ချိန်ခွင်လေးတွေ ဂျိုးရုပ် ကလေးတွေ ဒန်အိုးလေးတွေ အစုံ ပေးဖို့  ဆိုင်သွားဝယ်တော့ လုံးဝမှကို မတောင်းဘူး။ အဲဒါ မလေးက သား ဒါလေးတွေ ယူမလား ဆို တော့ ခေါင်း သွက် သွက် ခါ ငြင်းပြီး ယူဘူး ယူဘူး တဲ့လေ။  ယောကျာင်္းလေး နဲ့  မိန်းကလေး ကလေး ဘ၀ ထဲက အကြိုက် မတူကြ ဘူး။
                                             
                                                                     ဒါတွေမှ ကြိုက် တာ