ဘလော့ဂ်ရောက်လာသူ မိတ်ဆွေ အပေါင်း စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ
Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Wednesday, 30 October 2013

ကမ်းဇော်ဆီ အကြောင်း

ဟိုနေ့ ကရေးမယ့် ကမ်းဇော်ဆီ အကြောင်းလေးပါ။ ကမ်းဇော်ဆီက ကမ်းဇောသီးကထုတ်တာတဲ့။ တနင်္သာရီတိုင်း ထားဝယ် တို့ မြိတ်တို့ ကလာတာ။ ကမ်းဇော်ဆီရဖို့ အတွက် ကမ်းဇော်သီးပင်က အသီးကို ၈နှစ်သက်တမ်းရှိမှ  ခူးရတာတဲ့။ မလေးလည်း ကမ်းဇော်ဆီအကြောင်းကို သိပ်မသိဘူး။ မေမေပြောပြသလောက်လေးပဲ သိတာ။ ဘာလို့ လည်းဆိုတော့ မလေးသီတင်းကျွတ်နေ့ ကချော်လဲတုန်းက ဒူးရော ခါးရော ရဲ ပြီးတော့ကို နာသွားတာ အဲဒီကမ်းဇော်ဆီကိုပဲ ဂွမ်းဆွတ်ပြီး လိမ်းလိုက်တာ နောက်ရက်ကျ ယူပစ်သလိုကို သက်သာသွားတာ။ နောက်ပြီးတော့လည်း မလေးတို့ ဆိုတာ ကွန်ပျုတာသမားတွေဆိုတော့ ဇက်ကျောအရမ်းတက်တယ်။ အခုရက်ပိုင်းဆို မလေးတော့ ညညရောက်ရင် ကမ်းဇော်ဆီလိမ်းဖြစ်တယ်။ မလေးညီမဆိုလည်း မျက်မှန်တပ်ရတဲ့အပြင် ဂုတ်ကျောအရမ်းတက်တာတဲ့။ အဲ့ဒါသူ့ ကို ကမ်းဇော်ဆီလိမ်းကြည့်လို့ ပြောတာ။ ဂုတ်ကျောတ၀ိုက်ကို အလိုပဲ ဂွမ်းနဲ့ ဆွတ်ပြီး လိမ်းတာ သက်သာတယ်တဲ့။ သူငယ်ချင်းတွေကို ဟိုလူနည်းနည်း ဒီလူ့ နည်းနည်းပေးရင်း နဲ့ မလေးတောင် သိပ်မကျန်တော့ဘူး။ ကမ်းဇော်ဆီ အစစ်က ရောဂါတော်တော်များများ အတွက် ပိုပြီးတော့ထိရောက်တယ်။ သက်လည်းသက်သာတယ်။





ဒီလင့်လေး မှာလည်း ကမ်းဇောဆီ အကြောင်း ရေးထားတာ ဖတ်ကြည့်လို့ ရပါတယ်နော်