ဘလော့ဂ်ရောက်လာသူ မိတ်ဆွေ အပေါင်း စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ
Showing posts with label ဘုရားဖူးခရီးစဉ်. Show all posts
Showing posts with label ဘုရားဖူးခရီးစဉ်. Show all posts

Thursday, 26 February 2015

တိမ်တွေကိုစီးရင်း










                                        တိမ်လေးတွေကတော့ မလေးသဘောကျလို့ ရိုက်လာတဲ့ ပုံလေးပါ။

မလေးတစ်ယောက် ခရီးသွားတဲ.ပိုစ်.တွေပဲရေးဖြစ်နေတယ်။ ခရိးတိုလေးတွေတစ်ခုပြိး တစ်ခု ဆက်တိုက်သွားဖြစ်တယ်။ သားပိုင်လေးလည်း သုံးနှစ်ကျော်ထဲရောက်လာပြီဆိုတော. သားပိုင်ကိုရောက် ဖူးစေချင် တယ်လေ။ အဲဒါကြောင်.ဒီနှစ်တော. ခရီးထွက်ဖြစ်တဲ.နှစ်ပဲ။ သားပိုင်ကလည်း ခရီးများထွက် ရမယ်ဆို အလွန်ပျော်။ မေမေအိတ်တွေထည်.သေးဘူးလား ထည်.သေးဘူး လားနဲ. သွားတော. မယ် ဆိုရင်လည်း သူ.ပစ်စည်း တွေပါအောင်ထည်.ခိုင်းတာ။  မလေးတို့  ဘယ်ခရီးပဲ သွားသွား သူ.  potty   လေး တော့ မဖြစ်မနေယူသွားရတယ်။ သားပိုင်က သူ့ potty မဟုတ်ရင်လုံးဝ ၀မ်းမသွားဘူး။ သားပိုင်က လည်းသိတယ် မလေးတို့ အိတ်တွေပြင်တာနဲ. မေမေပိုင်ပိုင် potty ပါရဲ.လား။ သေချာယူခဲ.နော်ပြော လို့ ယူခဲ.ပါတယ် သားရယ်လို့ ပြောမှ သူကစိတ်အေးတာ။ ပြီးတော့ မလေးတို့ က အကျီင်္ထည့် ရင်လည်း သားပိုင်က ဒီအကျီင်္ပဲယူမှာ ဟိုဟာယူဘူးနဲ့ ကိုယ်ထည့်ချင်တာထည့်လို့ မရဘုး။ ဒီအရွယ်လေးကရှိသေးတယ် ဆရာလုပ်တတ်နေပြီ။ ပိုင်ကိုမေးရတယ် ဒါသားယူမှာနော် သေချာပြီနော်ဆိုမှ အိတ်ထဲကိုထည့်ရတာ။ အခုပဲဘုရားဖူးခရီးစဉ်ကိုစရေးတော့မယ်နော်။အရင်ဆုံး ပုဂံကိုဘုရားဖူးသွားကြတယ်။ မလေးလည်းပုဂံကို မရောက်တာတော်တော်ကြာ ပြီ။ မရောက်တာကြပြီဖြစ်တဲ့ ပုဂံ-ညောင်ဦးကိုအခုတော့ရောက်ခဲ့ပြီ။ စိတ်ထဲမှာအတိုင်းမသိကြည်နူးမိတယ်။ ဘုရားတော်တော်စုံအောင်ဖူးခဲ့ရတယ်။ မလေးရဲ့ ချစ်သောမိတ်ဆွေ မောင်နှမများလည်း ပုဂံ-ညောင်ဦးကို ကုသိုလ်ယူဖို့ သွားကြရအောင်နော်။









သားပိုင်တစ်ယောက် ဘယ်လောက်တောင်ပျော်သလဲဆို ဘုရားရင်ပြင်တော်မှာ ခုန်ခုန်ပြီးတော့ ဆော့တာ မလေးကချော်လဲမှာစိုးလို့  အရမ်းမဆော့နဲ့   လို့ ပြောယူရတယ်။ ကလေးဆိုတော့ ကစားစရာတို့ မုန့် တို့ မြင်ရင် မျက်လုံးကိုအရောင်ကိုလက်လို့ ပြိးရင် ပြောသေးတယ် ပိုင်ပိုင်ဘာလေးဝယ်ရရင် ကောင်းမလဲမသိဘူး။ ပြီးတော. ဘာလေးစားရရင်ကောင်းမလဲမသိဘူး။ ကလေးဆိုတော့ ဘယ်နေရာရောက်ရောက် ဘယ်လောက်ကစားစရာများများ ရောက်တဲ့နေရာမှာဝယ်လိုက်ရမှ။ 

မလေးအထင် သားပိုင်တစ်ယောက်ပျော်လွန်းလို့  ခုန်တာ တထွာလောက်တော့ လွတ်တယ် ထင်တယ်။




မလေးတစ်ယောက် လည်းသွားရင်းလာရင်း ပဲညီမမဒမ်ရဲ. ချွေးပေါက်ကျဉ်းအောင်လုပ်တဲ့ နည်း
လေးဖြစ်တဲ့  ကြက်ဥလေးနဲ. လုပ်လိုက်သေးတယ်။  ကြက်ဥအကာ လေးနဲ့ ပဲဆိုတော့ လုပ်ရတာလည်း လွယ် တယ် ၊ ကရိကထလည်းမများဘူး။ အသက်လည်းကြီးလာလို့ ထင်ပါရဲ့  အလှအပလည်းပို ကြိုက်လာ တယ်။ နောက်တစ်ခု မလေးလုပ်ဖြစ်တဲ့ နည်းလေးက ငှက်ပျောသီးကို blender နဲ့ ကျိတ်ပြီးရင် သံလွင်ဆီလေး နဲနဲ ထည့်  ပြီးရင် ဘရပ်လေးနဲ့  မျက်နှာအနှံ လိမ်းလိုက်တယ်။ နာရီဝက်လောက် ဆိုရင် ရေကျက်သီးနွေးလေးနဲ့ ဆေးပေးလိုက်ရင် မျက်နှာလေးက အရမ်းကိုချောမွတ်သွားတယ်။မလေးကတော့ ကရိကထမများတဲ့ အဲ့နည်းလေးတွေနဲ့ လုပ်ဖြစ်တယ်။ မလေးလည်း ခရီးတွေတောက်လျောက်ထွက်ဖြစ်တော့ အချိန်ရသလောက်လေးလုပ်ဖြစ်တာ။ ကြော်ငြာဝင်တာနော်ဟိ။ ခရီးသွားတဲ့ အကြောင်းလေးဆက်ရေးမယ်နော်။