ဘလော့ဂ်ရောက်လာသူ မိတ်ဆွေ အပေါင်း စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday 29 September 2013

လွမ်း မိလေသော ထိုတစ်နေ့ 

အခုတလော မလေးလေ ငယ်ငယ်က ဘ၀လေးကို ခဏခဏသတိရနေမိတယ်။ ငယ်မူပြန်တယ်ထင်ပါရဲ့ ။ အသက်သိပ်မကြီးသေးပဲနဲ့ တောင် ငယ်ဘ၀ကိုလွမ်းမိသား။ ကိုယ်ဟကိုယ်သာ မကြီးဘူးထင်နေတာ တကယ်ဆို အသက် သုံးဆယ်ကို သေးသေးလေးကျော်လာပြီဆိုတော့ ကြီးနေပါပြီ။ အရင်တုန်းက မလေးမေမေဆိုအမြဲတမ်းပြောတာ မေမေငယ်ငယ်က ဘယ်လို ဖေဖေငယ်ငယ်ကဘယ်လိုဆိုပြီး  မလေးတို့ မောင်နှမ တွေကို မမြဲတမ်းပြောပြတာ။ အဲတုန်းကတော့ ငယ်ဘ၀ကို ဘယ်လိုလွမ်းရတယ်ဆိုတာ နားမလည် တတ်သေးဘူး။ အခုကျတော့ မေမေပြောတဲ့ အကြောင်းတွေကို နားလည်လာခဲ့ပြီ။ အဲဒါမေမေကို မလေးကပြောပြတော့ မေမေလေရယ်လိုက်တာ။ မေမေဘာလို့ ရယ်တာလဲမေးတော့ မေမေကပြောတယ် ငါ့သမိးက အခုမှငယ်ငယ်လေး ရှိသေးတာကိုတဲ့။ မေမေဖေဖေတို့ မျက်စိထဲမှာတော့ အခုအချိန်ထိမလေး ကို ငယ်တယ်လို့ မြင်တုန်းပဲ။ မိဘတိုင်းကတော့ ကိုယ်သားသမီးဆို အိမ်ထောင်ကျ သားသမီးရနေတောင်မှ ကလေးလို့ မြင်တုန်းပဲ။

မလေးဆယ်တန်းတုန်းကမှတ်မှတ်ရရ သူငယ်ချင်းလေးယောက် ရုပ်ရှင်သွားကြည့်တာ။ စာမေးပွဲကြီးဖြေဖို ကလည်း အရမ်းနီးနေပြီ။ မလေးတို့ သူငယ်ချင်းလေးယောက်က အရှေ့က အကိုတွေအမတွေပြောပြောနေတဲ့  စကားလေးကို မှတ်ထားပြီးတော့လိုက်လုပ်ကျတာ။ ဘာတဲ့ ခေါင်းဆေးတာတဲ့ ။   မလေးတို့ သူငယ်ချင်းလေးယောက် ကလည်း  ခေါင်းဆေးမယ်ပေါ့ တိုင်ပင်ကြတာ။ တခါမှလည်းမကြည့်ဖူးဘူး။ သွားကြမယ်ပေါ့ရှပ်ရှင်ရုံကို ။ ဒါနဲ့ မလေးတို့ လေးယောက် ရှပ်ရှင်ရုံကိုသွားကြလေသတည်းပေါ့။ ရုပ်ရှင်ရုံ အပေါက်ကိုရောက်ရော လေးယောက်သမားကြောင်တောင်တောင် ဟိုကြည့် ဒီကြည့် လုပ်နေတုန်း ဗြုန်းဆို အတန်းပိုင်ဆရာမကို တွေ့ ပါလေရော။ မလေးတို့ ငယ်ငယ်ကဆရာ ဆရာမတွေက တပည့်တွေအပေါ်မှာ အရမ်းဂရုစိုက်ကြတယ်။သူငယ်ချင်းလေးယောက်ဆိုတာလေ ဆရာမဆိုပြီး အနောက်ကို လှည့်အပြေး မလေး  ဖေဖေနဲ့ တန်းတိုးပါရော။ အဲဒါနဲ့ လေးယောက်စလုံးအိမ်ကို ပြန်လိုက်သွားရတယ်။  ရုပ်ရှင်လည်းကြည့်လိုက် ရဘူး။ မလေးတို့ လေးယောက်စလုံး ကြောက်လိုက်တာ အိမ်ရောက်ရင်တော့ ရိုက်ခံ ဆူခံရတော့မှာပဲ ဆိုပြီး အရမ်းကြောက်နေတာ။ 

တကယ်တမ်းကတော့ မိဘတွေဆို တာ ကိုယ်သားသမီးဘာလုပ်မယ်ဆိုတာ သိပြီးးသား။ မလေးတို့ တိုင်ပင်နေတာကို လည်း ဖေဖေကသိနေတယ်။ မလေးတို့ ကိုအရင် ပေးသွားလိုက်တာ။ ဒီအရွယ်တွေဆိုတာ တားလိုက်ရင် ပိုလုပ်ချင်တတ်ကြတယ်ဆိုတာ သိနေတယ်။ အဲဒါနဲ့  မလေးးတို့ သူငယ်ချင်းလေးယောက် အိမ်ကိုရောက်တော့ ဖေဖေက မေးတယ် မလေးတို့ လေးယောက်ကို  ရုပ်ရှင်ကြည့်ချင်ရင် စာမေးပွဲပြီးရင် ဖေဖေကိုယ်တိုင်လိုက်ပို့ ပေးမယ်။ အခုဟာကစာမေးပွဲက အရမ်းနီးနေပြီ ပညာတတ်ကြီးဖြစ်မှ သမီးတို့  အားလုံးရဲ့ ရည်ရွယ်ချက်တွေပြည့်မှာ ကိုယ်ဖြစ်ချင်တာကို အဆုံးထိကြိုးစားရမယ် မတွေဝေရဘူးတဲ့ ။ အဲလောက်လေးပဲ ပြောပြီး မလေးတို့ လေးယောက်ကို သွားသွားစားစရာရှိတာစား ခဏနားပြီးးစာကျက်ကြတဲ့ ။ အလောက်လေးးပဲဖေဖေက ဆုံးမလိုက်တာ။ ကြားထဲမှာပြောဖို့ မေ့နေတာ မလေးက သူငယ်ချင်းးအရမ်းမက်တယ်။ မလေးငယ်ငယ်က သူငယ်ချင်းတွေကိုအရမ်းမင်တယ်။ ၁၀တန်းတုန်းကတော့ တနှစ်လုံး အိမ်မှာ သူငယ်ချင်းနှစ်ယောက်ကို  ခေါ်ထားတာ။  မိဘချင်းကလည်းအ ရမ်းရင်းနှီးတဲ့ သူတွေဆိုတော့။  ကျန်တဲ့ တစ်ယောက်ကတော့ သူ့ အိမ်နဲ့ မလေးတို့ အိမ်ကူးနေတာ။ မလေးတို့ သူငယ်ချင်းလေးယောက်စလုံးအမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့ကြတယ်။ ငယ်ဘ၀ရဲ့ အမှတ်တရဆို တာတွေကို အယောက်စီတိုင်းမှာ ရှိနေကြမယ်ထင်ပါရဲ့ ။ မလေးတစ်ယောက် ငယ်ဘ၀လေးလွမ်းတုန်း ရှိသေးနောက်က သားတော်မောင်  ဟစ်ဟော့လေးက မေမေ ရို့ ရို့ ဆိုပြီး လက်လာတို့ လို့  လွမ်းမိတဲ့ ငယ်ဘ၀လေးတောင် ဘယ်ရောက်သွားပါလိမ့်။ စိုင်းစိုင်းသီချင်းထဲကလိုပဲ မျောလွှင့်နေတဲ့တိမ်လို့  အော်ဆို ရင်း.................................. 







Image from yahoo





Saturday 14 September 2013

သားပိုင်နှင့်  ဟစ်ဟော့

အခုတလော မလေးသားပိုင် တယောက်လေ ဟစ်ဟော့ရေစီးကြောင်းထဲမျောပါနေလေရဲ့။ ကလေးတွေများ အတုခိုးမြန်တာနော်။ မလေးက သားပိုင်ကလေး ကြည့်ပါစေဆိုပြီး ဟစ်ဟော့သီချင်းလေးတွေ ဖွင့်ပေးတာပေါ့။ ဟစ်ဟော့အဆိုတော်တွေက သီချင်းဆိုရင် လက်ကလေးတွေ ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက် ဘောင်းဘီအိတ်ထဲ လက်နှိုက်လိုက် အစုံပေါ့နော်။ သူတို့ ရဲ့ ဒီဇိုင်းလေးတွေက။ မလေးကတော့ အဆိုတော်တွေရဲ့ အမူအရာတွေကို သိပ်သတိမထားမိလိုက်ဘူး။ အဲလိုလိုက်လုပ်တတ်လိမ့်မယ်လို့ လဲမထင်တာ။ မလေးတစ်ယောက်ပိုင်ကို လျော့တွက်တာ။ တရက်ကျတော့ သားတော်မောင်ပိုင်လေ ဘောင်းဘီထဲ လက်နှိုက်ပြီး" ဟေးရို့ ရို့ " ဆိုပြီးလုပ်တာ။ မလေးဆိုတာ မျက်လုံးကိုပြုးလို့ ။ အဲဒါနဲ့ သားကိုမေးရတာ သားအဲဒါဘယ်သူ လုပ်တာမြင်ဘူးလဲမေးတော့ မေမေဖွင့်ပေးတဲ့ တီဗွီထဲကအဆိုတော်တွ လုပ်တာလေတဲ့။ အင်းဖွင့်ပေးတဲ့မလေးအပြစ်။ အဲဒီနောက်ပိုင်းကစပြီး ပိုင်တစ် ယောက်ဘောင်းဘီထဲကို လက်နှိုက်တက်သွားတယ်။ သူများ လက်လှုပ်တာက အပေါ်ယံတင်။ ပိုင်ကျတော့ အတွင်းထဲထိ ကိုင်၊ ကိုင် ပြီး " ရို့ ရို့ " လုပ်နေလို့ မနည်းကို အကျင့်ပြင်နေရတယ်။ ဒီအရွယ်တွေက အတုမြင် အတတ်သင်တယ်လေ။ ကလေးကို တစ်ယောက်ထဲ ထားလို့ မရတော့ဘူး။ ငယ်ငယ်ထဲက စနစ်တကျနဲ့  ပြုစုပျိုးထောင်ပေးရတော့မယ်။ ဘာလို့ လဲဆိုတော့ ပိုင်တို့ ခေတ်ရောက်လာရင် ဘာတွေထပ်ပြီး တိုးတက်လာအုံးမယ် ဆိုတာမသိနိုင်ဘူး။ မလေးတို့ ခေတ်နဲ့ တောင်အရမ်းကွာနေပြီ။ မလေးတို့ ငယ်ငယ်ကဘာဟစ်ဟော့မှ မရှိသေးဘူး။ အခုကျတော့ အရမ်းကြီးခေတ်မှီပြီး ပြောင်းလဲလာတယ်။ မလေးတို့ ငယ်ငယ်က မေမေက ပြောဘူးတယ်။ သားသမီးကို ထိန်းရတာ စောင်းကြိုးလို့ ပဲတဲ့။ လျှော့သင့်တဲ့အချိန်မှာ လျှော့ပြီး ၊ တင်းသင့်တဲ့ အချိန်မှာ တင်းပေးရတယ်တဲ့။
မလေးကိုယ်တိုင်တောင် မိခင်ဖြစ်လာမှ ဒီအကြောင်းတရား တွေကို နားလည်လာတာ။ သြော်မေမေ ပြောတဲ့စကားကမှန် လိုက်တာပေါ့။ သားကိုလည်း သေချာဆုံးမသွန်သင်ရမယ်။ အစကောင်းမှ အနှောင်းသေချာမှာ။ သားပိုင်လေးတောင် ၂နှစ်ခွဲ ပြည့်တော့မယ်။ မိဘဆိုတော့လည်း ဒီအရွယ်ပဲ ရှိသေးတာတောင် စိတ်ပူမိသား။

ဒီရက်ပိုင်းဆို ပိုင်က သီချင်းလေး တအေးအေးနဲ့ လေ။ သားဆိုတဲ့သီချင်း က " ရဲတွေလာနေ ရဲတွေလာနေ" တဲ့လေ။ ပြီးတော့လည်း 'ဘာတဲ့လဲလဲ.လဲလဲ..လဲလဲ..လဲလဲ...တဲ့"့  အခုခေတ်သီချင်းတွေက ဘာတွေလည်း မသိတော့ဘူး။ မလေးကိုယ်တိုင်ကလည်း ခေတ်မမှီတော့တာနေမှာ။ အင်းခေတ်ကို အညီလိုက်အုံးမှ။ တော်ကြာ သားတော်မောင်က အားလုံးသိနေပြီး ကိုယ်က မသိသေးဆိုလည်း မဖြစ်သေးဘူး။ မလေးကတော့  သားဆိုတဲ့ သီချင်းက ဘာပါလိမ့်ပေါ့။ နောက်မှ မောင်ငယ်ရဲ့ မေးကြည့်တော့ သြော် အဆိုတော်ထွန်းထွန်း (example) ဆိုထားတဲ့ သီချင်းဆိုတာ သိတာ ။ ဟိုလဲလဲ...လဲ သီချင်းကတော့ နစ်ကီဆိုတာတဲ့။ မလေးက ဟစ်ဟော့ သီချင်းတွေကို သားကြည့်ဖို့ သာ ဖွင့်ပေးထားတာ သိပ်နားမထောင်ဖြစ်ဘူး။  သီချင်းဆို အေးအေးလေးတွေပဲ ကြိုက်တာ။ ကိုယ်ကြိုက်တာ ၊ မကြိုက်တာထက် မိဘဆိုတော့ သားကို ဦးစားပေးဖြစ်တာပေါ့။ ကလေးတွေက အဲလို သီချင်းတွေမှ ကြိုက်တာ။ ဟစ်ဟော့ဆို စိုင်းစိုင်းတို့ လောက်သာသိတာ။ အခုနောက်ပိုင်း လူငယ်လေးတွေကျ သိပ်မသိတော့ဘူး။  ဦးငယ်ကတော့ ပိုင်နဲ့ တွဲပြီး အဆင်ကိုပြေလို့ ။  ယောကျာ်းလေးဆိုတော့ ငယ်ငယ်ထဲကဇာတိပြတာလေ။ အခုဆို မိန်းကလေးတွေ မြင်ရင် စတတ်နေပြီလေ။

အင်းထိန်းရအုံးမယ် ထိန်းရအုံးမယ်။





image from yahoo

Monday 9 September 2013

မလေးနှင့်ကျောက်ပျဉ်

ဒီနေတော့ မလေးတစ်ယောက်တော့  ကျောက်ပျဉ်လေးနဲ့ တော်တော်လေး ကို နှစ်ပါးသွားခဲ့ရ ပါတယ်။  ဖြစ်ပုံကဒီလိုလေ မလေးတို့ မောင်နှမနှစ်ယောက် စလုံးကိုအ၀င် Immigration ကစပြီး လွဲခဲ့တာလေ။ ဒီလို မလေးသူငယ်ချင်းက မလေးကို ကျောက်ပျဉ်နဲ့ သနပ်ခါးတုံး လက်ဆောင်ပေးလိုက်တာ။ မလေးအကျင့်က ငယ်ငယ်ထဲက သူများပေးတဲ့ လက်ဆောင်ဆိုရင် အဖိုးတန်တန်၊ မတန်တန် သေချာသိမ်းတတ်တယ်။ သွားလေရာလည်း ယူသွားတတ်တယ်။ မလေးတယောက်စလုံး ပြန်မယ်ဆိုတော့ သူငယ်ချင်းလေး ကကျောက်ပျဉ်နဲ့ သနပ်ခါးပေးတော့ ကိုယ်ကစလုံးထိ သယ်လာတာ။ immigration ကိုရောက်ရောပေါ့ အဲမှာ ရှေ့ က မြန်မာကောင်လေးနှစ်ယောက်က အလည်နဲ့ လာတာ။ သူတို့ နှစ်ယောက်ကို မေးတာပေါ့ ။ ဒီလိပ်စာက ဘယ်သူ့လိပ်စာလည်း ။ အစုံပေါ့မေးနေတာ။ အဲဒီနှစ်ယောက်က မေးတာကို ကြောင်ပြီးတော့ မဖြေဘူး။ အဲ့မှာတင်မောင်ငယ်က ကြားကနေ ၀င်ဖြေပေးလိုက်တာ။ ၀င်ဖြေပေးတော့ မေးတော့တာပေါ့။ ဘာတော်တာလဲ အဲဒီနှစ်ယောက်နဲ့ က ဆိုတော့ ဘာမှမတော်ဘူး။ လေယာဉ်ပေါ်မှာ အတူစီးလာလို့ ဝင်ဖြေပေးတာပေါ့ ။ အဲ့မှာတင်ကိုယ်ပါရောပြီး officer ခန်း လိုက်သွားရတာ။ officer ရုံးရောက်တော့ ဘာမှ မတော်ရင်ဝင်မဖြေပါနဲ့ ဆိုပြီး သွားသွားဆိုပြီး မလေးတို့ မောင်နှမနှစ်ယောက်က ထွက်လာရတာ။ မလေးတို့ ကlong term pass ဆိုတော့ ဘာမှပြသနာမရှိဘူး။ ဟိုနှစ်ယောက်တော့ကျန်ရစ်ခဲ့ ရှာတယ်။ တကယ်ကတော့ ကိုယ်ကနိုင်ငံခြားကို သွားဖို့ စိတ်ကူးထားရင် သူတို့ ဘာသာကို အတတ်နိုင်ဆုံးလေ့လာပြီးမှသွားတာ ကောင်းတယ်။ ဒါမလေးအထင်နော်။ တစ်ယောက်နဲ့ တစ်ယောက်က အမြင်ချင်းလည်း တူချင်မှတူမှာ။ immigration ဆိုတာသူတို့ မေးချင်တဲ့ လူမေးမှာလေ။ ဘာပဲဖြစ်ဖြစ် ကိုယ်ဖက်ကပြည့်စုံနေဖို လိုတာပေါ့။ လူကြီးတွေဆိုရင်တော့ ပြသနာမရှိဘူးပေါ့။ လူငယ်တွေကျမေးတယ်လေ။

အဲဒါတင်ပြီးပြီလာဆိုတော့ မပြီးသေးဘူး။ အိတ်တွေရွေးပေါ့။ အဲ့မှာပြသနာကစတော့တာ။ luggage ကိုဖွင့်ပေးပါတဲ့။ တခုချင်းစီရှာတာ။ သူတို့ ကလည်း မတွေ့ ဘူးပေါ့။ မလေးက သဘောပေါက်လိုက်ပြီ။ ကျောက်ပျဉ်နေမှာ ။ မလေးကလည်း ဒါလားဆိုတော့မှ အိုး ဟုတ်တယ် အဲဒါဘာကြီးတုန်းတဲ့။ အဲတော့ရှင်းပြ ရတော့တာပေါ့။ ဒါကငါတို့ ရဲ့ 
မြန်မာ့ရိုးရာ မိတ်ကပ်ပေါ့ လိမ်းထားရင်လည်း အေးတယ်ပေါ့။ အဖုအပိန့် လည်း သက်သာတယ်ပေါ့။ သူတို့ ကိုရှင်းပြရင်းနဲ့ စိတ်ကလည်းနည်းနည်း တိုနေပြီ ။ဘာလို့ လဲဆိုတော့သူတို့ က အဝတ်တွေကို အကုန် ဖွထားတာလေ။ အဲအချိန်မှာပဲမလေးကလည်း ရေပေးပါဆိုပြီး သူတို့ ကိုတောင်းလိုက်တာ။ သူတို့ ကလည်းရေပေးရော ဘယ်ပြောကောင်းမလဲ ကျကျနန ထိုင်ပြီး ကျောက်ပျဉ် နဲ့ သနပ်ခါးကိုသွေး ၊ ပြီး မောင်ငယ်ကို  သူတို့ နှစ်ယောက်ကို လိမ်းပေးလိုက်လို့ ပြောလိုက်တာ။ သူတို့ကလည်းသိပ်စပ်စုတာ စောင့်ကိုနေကြတာ။ ဘယ်ပြောကောင်းမလဲ မောင်ငယ်ကလည်း သူတို့ တစ်မျက်နှာလုံးကို ဖွေးဖွေးဆွတ်လို့ လိမ်းပေးလိုက်တာ။ သူတို့ ကလည်း သဘောတွေကျပြီး very cool very cool နဲ့ ။  သူတို့ ကတော့ သူတို့ ကိစ္စမရှိတော့ဘူး ဆိုတော့ထွက်သွားလို့ ရတယ်လေ။ ကိုယ်တွေကတော့ တခုချင်းကို luggage ထဲပြန်ထည့်နဲ့ ဆိုတော့အချိန်က ကြာသွားတာပေါ့။ လာကြိုနေတဲ့ သားဖေကတော့ ဘာမှမသိပဲ ကြာတာဆိုပြီးတပျစ်တောက်တောက်။ ဟင်းဟင်းစိတ်ရှည်တယ်နော်......။


Tuesday 3 September 2013

ဘလော့ဂ်ကြီးပေါ် ငုတ်တုတ်ထိုင်

ဒီနေ့ ကတော့ ဟက်ပီးဘလော့ဂ်ဒေး အမှတ်တရပါ။
ဒီပိုစ့် လေးရေးဖို့ အကြောင်းဖန်လာတာကတော့ မလေးရဲ့ ချစ်ညီမ ဇီဇာကြောင်လေး အကြောင်းပါ။ အခုဆိုရင်လူတွေ တော်တော်များများက ဖေ့ဘွတ်ဖက်ကို အရောက်များကြတယ်။ ဖေ့ဘွတ်ကတကယ်လည်း သတင်းအစုံပလုံ အများကြီးကို သိရပါတယ်။ ဒါပေမယ့် ဘယ်အရာပဲဖြစ်ဖြစ် အလွန်အကျွံဆိုရင် မကောင်းချင်ဘူး။ မလေးညီမအငယ်ဆို မိုးလင်းတာနဲ့  ဖေ့ဘွတ် အရင်ကြည့်တာ။ ပြီးရင်ရုံးသွား သွားတဲ့ လမ်းတလျှောက်လုံး တောက်လျှောက်ဖေ့ဘွတ်၊ ဘလော့ဂ်အကုန် အရင်ဖွင့်ထားတာ။ ပြီးရင် အသစ်တင်သမျှ ဘလော့ဂ် တော်တော်များများကို ဖတ်ပြီးပြီဆိုမှ ကျန်တာလုပ်စရာရှိတာလုပ်တာ။ ငယ်လေးကရုံးမှာဆိုလည်း ဘလောဂ်တွေ ရဲ့ ပိုစ့် အသစ်တွေကို အရင်လိုက်ဖတ် ဖတ်လို့ မပြီးသေးခင်များ သူ့ ဘောစ်က statement လေးထုတ်လိုက်ပါအုံး၊ invoice လေးထုတ်လိုက်ပါအုံးဆိုရင် ငယ်လေးကမကြိုက်တော့ဘူး။ စိတ်ဆိုးတော့တာလေ။ စိတ်ဆိုးပြီးတော့ မျက်နှာကြီးကိုစူပုတ်လို့ ။ သူကစိတ်ဆိုးပြီး မလေးဆီဖုန်းဆက်ပြော၊ အဲဒါဆိုမလေးက ပြောရတော့တာလေ ။ ဟဲ့ကိုယ်ကသူများနိုင်ငံမှာ အလုပ်လုပ်နေတာလေ၊ ဒီလောက်တော့ ရှိမှာပေါ့လို့ ။ မလေးကနားလည်ပါတယ် ။ အဝေးမှာနေရတဲ့ အချိန်မှာ အဲလိုရသမျိုးစုံ ၊ စာမျိုးစုံ ဖတ်ရတော့ စိတ်ထဲမှာလည်း ပျော်ရွှင်မိတယ်။ အလွမ်းလည်း ပြေတာပေါ့။

ပြောသာပြောရတာ မလေးညီမငယ်လေးက သူကိုယ်တိုင်လည်း ဘလောဂ့်ကို ဖွင့်ထားတာ နှစ်တွေ ကြာလှပြီ။ အပေါင်းအသင်းလည်း တစ်ယောက်မှ မရှိဘူးရယ်၊ မလေးဆိုတာက ဘလော့ဂ်ကို ရေးတာ ၁နှစ်တောင်မရှိသေးဘူး။  ချစ်ခင်ရတဲ့ ဘလော့ဂ် ညီမလေး တွေရနေပြီ။ မလေးက သူကိုပြောပြတာပေါ့။ ငယ်လေးနင် ဘလောဂ့်ရေးနေတာ ကြာလှပြီ ။ ဘယ်သူတွေနဲ့ ခင်နေပြီလဲပေါ့။ အားတက်စရာ ။ ခုထိတော့ တစ်ယောက်မှ ရှိသေးဘူးတဲ့လေ။ ငယ်လေးကိုပြောပြရတာ ဘလော့ဂ်က မိတ်ဆွေ ညီ အစ်ကိုမောင်နှမ တွေက သဘောကောင်းကြတယ်။ နင်လည်း မန့် တာလေးတွေ ဖွင့်လိုက်ပါလို့ ပြောတော့ ငယ်လေးက မန့် လာရင် ဘာပြန်ပြောရမှန်း မသိလို့ တဲ့လေ။ အဲလို့ ဖရန်းတလီစ် အရမ်းဖြစ်တာရယ်။

တစ်ကယ်တော့ မလေးနဲ့ ငယ်လေးက ငယ်ငယ်ထဲက စာရေးစာဖတ်တာကို အရမ်းဝါသနာကြီးတာ။ 
ကိုယ်ကသူ ဘလော့ဂ် ပေါင်းစုံ ၀င်ဖတ်တာကို မသိဘူးလေ။ အဲဒီတော့ မလေးက ဘယ်ဘလော့ဂ်က ဝတ္တု ကောင်းတယ်လို့ ပြောရင် သူက ဖတ်ပြီးသား ဖြစ်နေပြီ ။ ဟိုဘလော့ဂ်က ကလေးလေးက လည်လိုက်တာဆို ကလေး မိသားစုက ဘယ်က ကလေးလေး နံမည်က ဘယ်သူ နဲ့ အကုန်သိပြီးသား ဖြစ်နေပြန်ရော ။ အလှအပ ဘလော့ဂ် ဆိုရင်လည်း ကိုယ်က ပြောမယ် ကြံသေး အဲတာ ဘယ်သူ ဘယ်မှာ နေတာနဲ့ သူက သိပြီးသား ဖြစ်နေပြန်ရော။ အဲ့လို အလွတ်ရလောက်အောင်ထိ ဖတ်နေပြီး ခုချိန်ထိ အပေါင်း ၊ အသင်း မရှိတဲ့ ငယ်လေးကို မလေးကတော့ ဘလော့ဂ် ပေါ် ငုတ်တုတ်ထိုင် လို့ အမည်ပေးရင်း Happy Blog Day ပါနော် ။


image from yahoo