ဘလော့ဂ်ရောက်လာသူ မိတ်ဆွေ အပေါင်း စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday 3 September 2013

ဘလော့ဂ်ကြီးပေါ် ငုတ်တုတ်ထိုင်

ဒီနေ့ ကတော့ ဟက်ပီးဘလော့ဂ်ဒေး အမှတ်တရပါ။
ဒီပိုစ့် လေးရေးဖို့ အကြောင်းဖန်လာတာကတော့ မလေးရဲ့ ချစ်ညီမ ဇီဇာကြောင်လေး အကြောင်းပါ။ အခုဆိုရင်လူတွေ တော်တော်များများက ဖေ့ဘွတ်ဖက်ကို အရောက်များကြတယ်။ ဖေ့ဘွတ်ကတကယ်လည်း သတင်းအစုံပလုံ အများကြီးကို သိရပါတယ်။ ဒါပေမယ့် ဘယ်အရာပဲဖြစ်ဖြစ် အလွန်အကျွံဆိုရင် မကောင်းချင်ဘူး။ မလေးညီမအငယ်ဆို မိုးလင်းတာနဲ့  ဖေ့ဘွတ် အရင်ကြည့်တာ။ ပြီးရင်ရုံးသွား သွားတဲ့ လမ်းတလျှောက်လုံး တောက်လျှောက်ဖေ့ဘွတ်၊ ဘလော့ဂ်အကုန် အရင်ဖွင့်ထားတာ။ ပြီးရင် အသစ်တင်သမျှ ဘလော့ဂ် တော်တော်များများကို ဖတ်ပြီးပြီဆိုမှ ကျန်တာလုပ်စရာရှိတာလုပ်တာ။ ငယ်လေးကရုံးမှာဆိုလည်း ဘလောဂ်တွေ ရဲ့ ပိုစ့် အသစ်တွေကို အရင်လိုက်ဖတ် ဖတ်လို့ မပြီးသေးခင်များ သူ့ ဘောစ်က statement လေးထုတ်လိုက်ပါအုံး၊ invoice လေးထုတ်လိုက်ပါအုံးဆိုရင် ငယ်လေးကမကြိုက်တော့ဘူး။ စိတ်ဆိုးတော့တာလေ။ စိတ်ဆိုးပြီးတော့ မျက်နှာကြီးကိုစူပုတ်လို့ ။ သူကစိတ်ဆိုးပြီး မလေးဆီဖုန်းဆက်ပြော၊ အဲဒါဆိုမလေးက ပြောရတော့တာလေ ။ ဟဲ့ကိုယ်ကသူများနိုင်ငံမှာ အလုပ်လုပ်နေတာလေ၊ ဒီလောက်တော့ ရှိမှာပေါ့လို့ ။ မလေးကနားလည်ပါတယ် ။ အဝေးမှာနေရတဲ့ အချိန်မှာ အဲလိုရသမျိုးစုံ ၊ စာမျိုးစုံ ဖတ်ရတော့ စိတ်ထဲမှာလည်း ပျော်ရွှင်မိတယ်။ အလွမ်းလည်း ပြေတာပေါ့။

ပြောသာပြောရတာ မလေးညီမငယ်လေးက သူကိုယ်တိုင်လည်း ဘလောဂ့်ကို ဖွင့်ထားတာ နှစ်တွေ ကြာလှပြီ။ အပေါင်းအသင်းလည်း တစ်ယောက်မှ မရှိဘူးရယ်၊ မလေးဆိုတာက ဘလော့ဂ်ကို ရေးတာ ၁နှစ်တောင်မရှိသေးဘူး။  ချစ်ခင်ရတဲ့ ဘလော့ဂ် ညီမလေး တွေရနေပြီ။ မလေးက သူကိုပြောပြတာပေါ့။ ငယ်လေးနင် ဘလောဂ့်ရေးနေတာ ကြာလှပြီ ။ ဘယ်သူတွေနဲ့ ခင်နေပြီလဲပေါ့။ အားတက်စရာ ။ ခုထိတော့ တစ်ယောက်မှ ရှိသေးဘူးတဲ့လေ။ ငယ်လေးကိုပြောပြရတာ ဘလော့ဂ်က မိတ်ဆွေ ညီ အစ်ကိုမောင်နှမ တွေက သဘောကောင်းကြတယ်။ နင်လည်း မန့် တာလေးတွေ ဖွင့်လိုက်ပါလို့ ပြောတော့ ငယ်လေးက မန့် လာရင် ဘာပြန်ပြောရမှန်း မသိလို့ တဲ့လေ။ အဲလို့ ဖရန်းတလီစ် အရမ်းဖြစ်တာရယ်။

တစ်ကယ်တော့ မလေးနဲ့ ငယ်လေးက ငယ်ငယ်ထဲက စာရေးစာဖတ်တာကို အရမ်းဝါသနာကြီးတာ။ 
ကိုယ်ကသူ ဘလော့ဂ် ပေါင်းစုံ ၀င်ဖတ်တာကို မသိဘူးလေ။ အဲဒီတော့ မလေးက ဘယ်ဘလော့ဂ်က ဝတ္တု ကောင်းတယ်လို့ ပြောရင် သူက ဖတ်ပြီးသား ဖြစ်နေပြီ ။ ဟိုဘလော့ဂ်က ကလေးလေးက လည်လိုက်တာဆို ကလေး မိသားစုက ဘယ်က ကလေးလေး နံမည်က ဘယ်သူ နဲ့ အကုန်သိပြီးသား ဖြစ်နေပြန်ရော ။ အလှအပ ဘလော့ဂ် ဆိုရင်လည်း ကိုယ်က ပြောမယ် ကြံသေး အဲတာ ဘယ်သူ ဘယ်မှာ နေတာနဲ့ သူက သိပြီးသား ဖြစ်နေပြန်ရော။ အဲ့လို အလွတ်ရလောက်အောင်ထိ ဖတ်နေပြီး ခုချိန်ထိ အပေါင်း ၊ အသင်း မရှိတဲ့ ငယ်လေးကို မလေးကတော့ ဘလော့ဂ် ပေါ် ငုတ်တုတ်ထိုင် လို့ အမည်ပေးရင်း Happy Blog Day ပါနော် ။


image from yahoo

6 comments:

  1. Happy Blog Day ပါမလေးရယ်...း) အရင်ကဆိုဆုမြတ်လည်းအဲလိုမန့်ခဲတာ...နောက်တော့ပျော်ပျော်ပါးပါးအားရင်အားသလိုမန့်တော့တာပဲ ၊ ဒါမှလည်းခင်စရာကောင်းတဲ့လူတွေနဲ့တွေ့မှာလေ နော့...

    ချစ်ခင်လျက်
    ဆုမြတ်

    ReplyDelete
  2. ဟုတ်တယ်ဆုမြတ်ရေ မလေးတော့မန့် ရတာပျော်တယ်။ ဆုမြတ်လိုချစ်ခင်စရာကောင်းတဲ့ညီမလေးတွေရတော့
    ဘလော့ဂ်ကပိုပြီးအသက်ဝင်လာတယ်။
    ချစ်တဲ့မလေး

    ReplyDelete
  3. Happy Belated Blog Day ! ပါ မလေးရေ
    ငယ်လေးက တော်တော် ဘလော့ဂင်းနိုင်တာပဲနော်...း)

    ReplyDelete
  4. ဟုတ်တယ် ညီမစန်းထွန်းရေ မလေးတော့ ငယ်လေးကိုဘလော့ဂင်းငယ်ငယ်လို့ အမည်ပေးထားတယ်။ လာလည်တာရော မလေးဘလော့ဂ်လေးကို မိတ်ဆက်ပေးတာရောကျေးဇူး အများကြီးတင်ပါတယ်။ မလေးက တယောက်နဲ့ တယောက် မန့် တာလေးတွေဖတ်ပြီး ပီတိလည်းဖြစ်မိတယ်။ နွေးထွေးတယ်လို့ လည်းခံစားရတယ်။နောက်တောင်ကျနေပြီ
    happy blog day pr ညီမ
    ချစ်တဲ့ မလေး

    ReplyDelete
  5. ဟန်ကြည်6 September 2013 at 04:57

    စန်းထွန်းဆီကနေ ခရီးဆန့်လာလိုက်တာ အရေးအသား ခပ်ညက်ညက် ဘလော့တစ်ခု ကောက်ရပါရောလား...စာဟောင်းလေးတွေ အလျဉ်းသင့်သလို လာဖတ်ဦးမယ်...

    ပျော်ရွှင်စွာ ဘလော့ဂင်းနိုင်ပါစေဗျား...

    ReplyDelete
  6. ဟုတ်ကဲ့ ဦးဟန် ဘလော့ဂ်အသစ်လေးကို လက်တွဲခေါ်ပေးလို့ ကျေးဇူးတင်ပါတယ်။ မလေးက အခုမှရေးတတ်ခါစဆိုတော့
    အဆင်မပြေတာများရှိရင် သင်ကြားပေးပါရှင့်။

    ReplyDelete