ဘလော့ဂ်ရောက်လာသူ မိတ်ဆွေ အပေါင်း စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday 19 August 2013

ခွဲစိတ်ခန်းမှ အလှပုံရိပ်-၂

ဟိုတနေ့ ကရေးရင်းနဲ့ ရပ်လိုက်ရလို့ ။ ဒီနေ့ မှဆက်ေ၇းရတော့မယ်။ ဒီလိုလေ သားက တင်ပဆုံထဲညှပ်နေတယ်တဲ့ ချက်ချင်းခွဲရမယ်တဲ့။ ရုတ်တရက်ဆိုတော့ ဘယ်သူမှ စဉ်းစားချိန်တောင် မရလိုက်ဘူး။ ခွဲခန်းထဲရောက်သွားတယ်။ ခွဲစိတ်ခန်းထဲရောက်တော့ မေ့ဆေးအထူးကုဆရာဝန်က ခါးအလယ်ကို ညှစ်ပြီး ဆေးထိုးလိုက် တာကိုသိလိုက်တယ်။ သတိကတော့မမေ့ဘူး ။ ခွဲနေပြီဆိုတာတော့သိတယ်။ ချက်ချင်းကြီးဆိုတော့ ကြောက်ချိန်တောင် မရလိုက်ရဘူး။ ဘုရားစာတော့ ရွတ်နေတာပေါ့။ ကြားဖြတ်ပြောရအုံးမယ်။ မလေးသူငယ်ချင်းက မလေးအရင်တပတ် စောတယ်မွေးတာ။ အဲဒါသူက ခွဲစိတ်ခန်း ၀င်ခါနီးမှာ ကြောက်တော့ သွေးအရမ်းတိုးလာလို့  သွေးပြန်ကျအောင် ၂နာရီလောက်စောင့်လိုက်ရတယ်။ 

ပုံမှန်ကတော့ ခွဲမွေးတာက ၇ရက် ဆေးရုံမှာနေရတယ်။ မလေးက ကလေးရော လူကြီးရော ကျန်းမာလို့ ၆ရက်နဲ့ ဆင်းရတယ်။ ဆရာဝန်တွေက ၇ရက် တက်ခိုင်းတာက ပထမတရက်က medical check up လုပ်ရတာ။ မလေးကချက်ချင်းခွဲတာမို့ check up မလုပ်လိုက်ရတာ check up ဖိုး ၄၃၀၀၀ သက်သာသွားတာပေါ့။ နာရီဝက်လောက်နေတော့ သားသား ငိုသံကြားရရော။ သြော် သားလေးမွေးပြီဆိုတာ သိလိုက်တော့ တအားကို ပျော်သွားတာ။ အဲအချိန်မှာအိုဂျီက သမီး သားလေးက ကိုယ်လက်အင်္ဂါလည်းစုံတယ် အရမ်းလည်း ချစ်စရာကောင်းတယ် လို့ ပြော ရင်း မလေးရင်ဘတ်ပေါ် ခဏလာတင်ပေးတယ်။ ပြန်ချုပ်တာနဲ့  ဘာနဲ့ ဆိုတော့ စုစုပေါင်း အချိန် ၁နာရီခွဲလောက်ကြာတယ်။

ခွဲခန်းထဲက ထွက်လာပြီး တော့ မလေးကအိပ်ပျော်သွားတာ။ ဘာမှလည်းမနာဘူး။ nurse ကလည်းပြောပါတယ်။ မနာတဲ့ဆေးထည့်ပေးလိုက်တာတဲ့။ ခဏနေတော့ အိုဂျီရောက်လာပြီးတော့ သမီးစားချင်တာ အစုံစားနော်တဲ့  ။ သမီးများများစားမှ ကလေးကအားရှိမှာတဲ့။ ကြားဖြတ်ပြောဖို့ မေ့နေတာ။ အိပ်ရာကနိုးလာတော့ nurse က အစ်မ juice သောက်မလား ၊ ရေသောက်မလား ကော်ဖီ သောက်မလားတဲ့။ အဲဒါနဲ့ မလေးကလည်းရေပဲသောက်ချင်တယ်လို့ ပြောတော့ ရေတိုက်ပေးတယ်။ ၂နာရီတခါ pressure လာတိုင်းတယ်။  တကယ်တမ်းတော့ ကလေးမွေးပြီးပြီးခြင်း ဟင်းချိုပူပူလေးသောက်တာကောင်းတယ်။ မလေးတစ်ယောက်သားကိုမွေးပြီး စားကောင်းလိုက်ပုံများ ချိုင့်ကြီး ချိုင့်ငယ်နဲ့ ကို အိမ်ကမနားတမ်းပို့ နေရတာ။

ခွဲမွေးတာဆိုတော့ ၀မ်းမချုပ်အောင်လည်း ဂရုစိုက်ရတယ်။  လူကြီးတွေကတော့ ခေါင်းမလျှော်ရဘူး။ ဘာမှ မလုပ်ရဘူး အစုံပေါ့နော်။ မလေးကတော့ ၁၅ရက်နေတော့ ခေါင်းလျှော်တယ်။ ရေကတော့နေ့ တိုင်းချိုးဖြစ်တယ်။  သားသားကိုတော့ nurse က တရက်ခြားရေချိုးပေးတယ်။ မိဘဖြစ်သွားပြီဆိုတော့ အစစအရာရာတော့ ဂရုစိုက်ရတော့တာပေါ့နော်။ မလေးရဲ့ nurse ကပြောပြတာက ကလေးတစ်ယောက်က မွေးပြီး၁လကျော်လောက်ထိကို နို့ စို့ လိုက် အိပ်လိုက်လုပ်နေမှ ကျန်းမာပြီး ညဏ်ရည်ဖွံဖြိုးတာ တဲ့။



image from yahoo



4 comments:

  1. မိခင်တစ်ယောက်ဖြစ်ဖို့မလွယ်ဘူးနော် မလေး ။ ဆုမြတ်က ကလေးတော့အရမ်းချစ်တတ်တယ်..။း) ဆုမြတ်ငယ်ငယ်က အိမ်ကအမေကအရမ်းအစားရွေးတော့လေ.... နို့မထွက်ဘူးတဲ့....။ နွားမြီးဟင်းချိုသောက်ရင်နို့ထွက်တယ်ဆိုလို့ အမေဟာ သူဘာသားမှမစားပေမယ့် နွားမြီးဟင်းချိုကိုကြိုးစားပြီးသောက်တယ်တဲ့..။ မိခင်မေတ္တာဆိုတာ တကယ်အံမခန်းပါပဲနော် ။

    ReplyDelete
    Replies
    1. ဆုမြတ်ရေ ဟုတ်တယ်၊မလေးတောင် နို့ ပေါလို့ ။မလေးမေမေ တုန်းကလည်းနို့ မထွက်လို့  နွားမြီး ကိုဟင်းချို သောက်ရတယ်။ မိခင်မေတ္တာကတော့ အနှိုင်းမဲ့ပါညီမရေ။

      Delete
  2. မေမေရော သားသားရော ကျန်းမာပျော်ရွှင်ပါစေလို့

    ReplyDelete
    Replies
    1. ညီမမြတ်ပန်းရေ လာလည်ပြီး မလေးတို့ သားအမိနှစ်ယောက်ကို ဆုတောင်းပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။

      Delete