ဘလော့ဂ်ရောက်လာသူ မိတ်ဆွေ အပေါင်း စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday 4 July 2013

ဂတ်ဂတ် အရှုပ် တော်ပုံ

သားပိုင် နှင်. ဂတ်ဂတ် ကြီး အကြောင်းပါ။ ဒီလို ပါ မလေး သူငယ်ချင်း တစ်ယောက် ကသားပိုင် ကို ဘဲရုပ်ကြီးတစ်ရုပ် ၀ယ်ပေးတာ။ အဲဒီ အရုပ်ကြီးက ပုတ်လိုက်ရင် "ဂတ်ဂတ် ဂတ်ဂတ်" နဲ့ အော်တာ။ အဲဒီ အသံကို သားသားက လုံးဝမကြိုတ်ဘူး။ တစ်ရက်ကြတော့ မလေးသူငယ်ချင်းနဲ့  သူ့ သမီးလေးက အိမ်ကို လာလည်ပါရော ။ သူငယ်ချင်းသားအမိက ထိုင်ကာရှိသေးတယ် သားပိုင် လေ အရုပ်ထားတဲ့  ဗီဒိုကို ဖွင့်ပြီးတော့ ဂတ်ဂတ် အရုပ်ကြီးကို ယူယူဆိုပြီး ပေးတော့တာ။ သူမကြိုက် လို့ လေ။ 

သားက သူကြိုက် တဲ့ ကစားစရာတွေဆို ပေးမကိုင် ဘူးရယ်။ ပြီးတော့သားက ငယ်ငယ်ထဲက အမြှောက်ကြိုက် တယ်။ အချော့ လည်းကြိုက်တယ်။ အဲဒါ အိမ် အလည်လာတဲ့ မလေး သူငယ်ချင်းက ပိုင်ရေ ဖိနပ်တွေ ပြပါအုံး လို့  ပြောတာ ချက်ချင်း ပဲဗီဒိုကို ဖွင့် ရှိသမျှ ဖိနပ်တွေ တခုမကျန် အကုန်ဆွဲထုတ်လာတာ ။ အင်္ကျိတွေ လည်း ဆွဲထုတ် လာ တာ။ ပြီးရင် တော့ မလေး က သားသားဖွသမျှ တွေကို တခုချင်းဆီကို လိုက်သိမ်းရတော့ တာ ပေါ့။

                                                        သားသား မကြိုက်တဲ့ ဂတ်ဂတ်
မလေး ရဲ့သားက ငယ်ငယ်ထဲက အရုပ်ဆိုင် တွေခေါ်သွားရင် လည်း တစ်ခု ပဲယူတာ ။ မလေး တို့ က သားနောက် တခု ယူအုံးလေ ဆိုလည်း မယူဘူးရယ်။ ဘယ် ဆိုင် ရောက်ရောက် တခုတော့ ၀ယ် ပေးရတာ။ မလေး သားကငယ်ငယ် ထဲက ညဖက် အိပ်ရင် လည်း တည လုံးတောက်လျောက် အိပ်တာ။ (တချို့ ကလေးတွေက နေ့  နဲ့ ညနဲ့  မှားတတ် တယ် တဲ့ ) မလေး သားက အဲလို မဖြစ်တော့ တော်သေးတယ်။ ညဆို အိပ်ရေးမပျက် တော့ဘူး။ မလေးသားက လေဆန်နာ လည်းမဖြစ်ဘူး။  ကလေး လေနာ တယ် ဆိုတာ နို့  တိုက် ပြီးရင် ကလေးကို လေမထုတ်ပေး လို့ ဖြစ်တာ ထင်တယ်။(မလေး အထင်နော်) ။ နို့ တိုက်ပြီးတိုင်း ကလေးကို လေထုပ်ပေးရ တယ် (ကလေးရဲ့ ကျောလေးကို အသာလေး ပုတ်ပေးရတယ် )

2 comments:

  1. ဟီးးး ဂတ်ဂတ်ကိုသားပိုင်ကဘာလို့မကြိုက်တာလဲဟင်.... ညီမတော့ ဘဲရုပ်ကလေးတွေကိုမတရားချစ်တာ... ပထမဆုံးအကြိမ်လာလည်ပါတယ် အမ..လင့်ချိတ်သွားပါတယ်နော်

    ReplyDelete
  2. သားပိုင် ကမကြိုက် ပေမယ့် မေမေ(မလေး) ကကြိုက် ပါတယ်။ သားပိုင်က ယောက်ျား လေးမို.ထင် တယ် ဂတ်ဂတ်ကို
    မကြိုက်တာ... မလေးကတော့ ဂတ်ဂတ်ကို ချစ်တယ်။ ညီမလေးဆုမြတ် လာလည်လို့ ကျေးဇူးအများကြီးတင် ပါတယ်။

    ReplyDelete