ဘလော့ဂ်ရောက်လာသူ မိတ်ဆွေ အပေါင်း စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, 19 June 2013

မလေး တယောက် ဘုနှင်. ဘောက်

မလေး လေ ပြောပြ ရအုံးမယ် ။  မိဘတွေ တိုင်းက ကိုယ်.ရဲ.  သားသမီး တွေပေါ် စိတ်ရှည်တာ ချစ်တာ ဟာ ဘယ်အရာ နဲ. မှ နှိုင်းယှဉ် ဘို.မရဘူးဆိုတာ မလေးတယောက် ကောင်းကောင်းကြီး နားလည် လာခဲ့တယ်။ ဘာလို. လဲ ဆိုတော. မလေးကိုယ် တိုင် လည်းမိခင် တစ်ယောက် ဖြစ်နေလို. ပါ ။ဖြစ်ပုံ ကဒီလို သားပိုင် ၈လအရွယ် တုန်းက မျက်စိ နာဖြစ်တာ .မျက်စိဆရာဝန် ဆီ ပြေးရတော.တာပေါ့ ။ ဆရာဝန်ဆီသာ သွားရတာ (ကလေးက အရမ်းငယ်သေးတော.) ဆရာဝန် ထည်.ခိုင်းတဲ. ဆေးလည်း မလေးတို. ကမျက်စိထဲ ကို မထည်.ချင်..ဆရာ ၀န်ကတော. ဘာမှ မဖြစ် ဘူး မစိုးရိမ် ရဘူး ပြောပါတယ် ။ ကိုယ်.သားဆိုတော. လည်းစိုး ရိမ် တာပေါ. ဘာလုပ် လို.ဘာကိုင် ရမှန်းကို မသိဘူး ။ သားပိုင်က သိပ်မသက်သာတော့  သားကိုကြည့် ပြီး စိတ်လည်း မကောင်း ဘူး။ အဲတော့ ဘာ ဖြစ် ကြ လည်းဆိုတော့ သားပိုင် ဖေနဲ. တစ်ယောက် တစ်ခွန်း အော် ကြတော.တာပေါ. (တကယ် တမ်း
ကတော. မအော် သင့်ဘူးပေါ.နော် ) တခုခု ဆိုရင် အကောင်းဆုံး ကို ခေါင်း အေးအေးထားပြီး သားကို မျက်စိနာ သက် သာအောင် ဘယ် လို လုပ်ရ မလဲ ဖြစ် သင်.တာပေါ။ ဒီလို. နဲ. ညနေ လောက် ရောက်တော. သားပိုင် ဖွားဖွားက ဖုံးဆက် ပြောပါလေ ရော ။ ဘာမျက် စဉ်းဆေးမှ ထည့်စရာ မလို ဘူး ။ မိခင် နို့ ရည် ကိုသာ မျက်လုံးလေး ထဲ ကွင်းပေးလိုက် မကြာဘူးပျောက်သွား လိမ့်မယ်တဲ့။ မလေးလည်း ချက် ချင်းပဲ သားပိုင် မျက်ဝန်း လေးထဲ ထည့် ၊ အပြင်ကနေလည်း ကွင်းပေးလိုက်တာ ။ တကယ် မကြာဘူးရယ် ညလည်းရောက် ရော သားပိုင် မျက်လုံးကလေး လုံးဝကို ယူပစ် သလို ပျောက် သွားတာ။ သားပိုင် သက်သာမှပဲ မလေး တို့  နှစ်ယောက် ပြုံးနိုင် ကြတော့တာ..............

Sunday, 16 June 2013

တခါ တလေ ဖြစ်တတ် သည်။

ဒီနေ.တော. မလေးတယောက် သားပိုင် ရဲ. ဂျီ ကြတဲ. အကြောင်း ရေးပါမည်။ သားပိုင်က အမြဲတမ်း ဂျီကြတာ တော.
မဟုတ်ဘူး သားပိုင် ဂျီကြတာက တမျိုး။ နည်းနည်းတော. ကြာပါ ပြီ မလေးတို.က အမျိုးတစ် ယောက် အိမ် ကို သွား
ကန်တော. ကြတာ အဲဒီ အိမ် ကိုလည်း ရောက် ရော အဲဒီ အိမ် ကို မ၀င်ရပါ ဘူး ဆိုပြီး အတင်း ငိုပါရော  အဲဒါနဲ. မလေး တို. လည်း ဒရောသောပါး ကန်တော. ပြီး ပြန်ပြေး ခဲ.ရရော။  သားပိုင်က ငယ် ငယ် ကတည်းက သူမသွား ချင်တဲ.နေရာဆို ဘယ် လိုမှကို မလိုက်ဘူး ။ သူသွား ချင်တဲ. နေရာများဆို မလေးတို.ကို လက်ဆွဲ ပြီး လိုက်ပို. ခိုင်းတော.တာ. ။ ဂျီမကြ ရင် play ground လိုက်ပို. မှာ ဆိုတော.မှ ချက်ချင်း ရီတော.တာ. မိဘဆိုတော. သားသမီး ပျော်တာမြင် ရင် ရင်ထဲမှာ သူအလို လို အပျော်တွေ စီးဆင်းသွားတာ. ................


Saturday, 8 June 2013

အခုတလော မလေးတယောက် ဒီသီချင်း လေးကိုကြိုက် ကြိုက်

သားပိုင် ၏ တနေ.တာ

မလေးတယောက်  သားပိုင်အကြောင်း များရေးရမယ် ဆိုရင် ပျော်ကိုနေတာ။ ဒီနေ.ကတော. သားပိုင်ရဲ.
တနေ.တာ လေးပါ။   သားပိုင်ကလေ မနက်မိုးလင်း လို.. နိုးပြီဆိုတာနဲ. ည၀တ်အကျီင်္ ကို လဲခိုင်းတော.တာ။ သားပိုင်ကသိပ်     အသန်.ကြိုက်တာ။ အသစ်ကလေး များဝတ်ပေး လိုက်ရင် ပျော်တပြုံးပြုံးရယ်။အဲဒါ အ၀တ်လဲပြီးရင် လမ်းတပတ် လျှောက်ပေးရတာ (သြော်ပြောရအုံးမယ် သားပိုင်ကလေ လမ်းလျှောက်ရင် လက်ကလေး နှစ်ဖက် နောက်ပစ် ပြီးလျှောက် တာ ) သိပ်ချစ်စရာကောင်းတာ။ မိဘဆိုတော.လည်းသားကို ကြည်.ပြီး ကြည်နူးနေတာ။ မလေး တို.ကသားပိုင်ကို ငယ်ငယ် ကတည်း က မနက်မိုး လင်းရင်ထမင်းနဲ. နွားနို.တခွက် ကျွေးတာ။ အခု နည်းနည်းကြိးလာတော. လူကြီးတွေ စားတာမှ စားချင်တော.တာအခုဆိုရင် မုန်.ဟင်းခါးတို. ခေါက်ဆွဲတို. ကြိုက်တတ်လာပြီ။ ဟောသားကိုင်ကလေ စားပြီးပြီဆိုရင် တံမြက်စည်း ကိုင်ပြီး လှဲတော.တာရယ်။ လှဲပြီးရင် တော.ဆော. လေ သတည်းပေါ.။

နေ.လယ် ဆိုရေချိုးပြီး ရင် ၂နာရီ ၃နာရီလောက်ကို အိပ်တာ (မအိပ်သေးခင်တော. သိပ်သိပ်ဆော.)နောက်မှ သားပိုင် ဘယ် လောက်အဆော. မက်တယ်ဆိုတာ ရေးအုံးမယ်။

Friday, 7 June 2013

အိမ်လွမ်းသူ

မလေးတယောက် မအားတာနဲ. မရေး ဖြစ်တာတော် တော်ကြာပြီ။ မလေး သားလေးက အခုဆို ရင် စကားတွေ
တောင် တော် တော်ပြောတတ် နေပြီ။ မလေးသားကလေ စကားစပြော တာက မေတဲ. မလေးဖြင်. သားပိုင်
မေလို. ခေါ်တဲ. အသံကြားတော. ရင်ထဲမှာ အရမ်းပဲ ၀မ်းသာမိတယ် ။ ရက် နည်းနည်း ကြာတော. ဖေလို. 
ခေါ်တတ်လာတယ် .သားပိုင်ဖေ ဆိုတာ ၀မ်းသာလွန်းလို. ထကိုခုန်ရှာတာ။ မိဘ တိုင်းအတွက် သားသမိး
ဆိုတာ အေးမြတဲ. ရေကြည် တပေါက်ပဲ။  

အခုဆိုရင် သားပိုင်က ချေးများ တတ်လာပြီ။ သူမကြိုက်တာများ ကျွေးမိရင် (ထွီထွီ) ဆိုပြီး ထွေး ပစ်တာရယ်
သြော် ပြောရအုံးမယ် မလေးသားက လေ လက်ဖက်သိပ်ကြိုက်တာ။ (မလေးက သားကိုယ်ဝန် ရှိတည်းက
လက်ဖက်စား ခဲ.လို.ထင်တယ်သားကြီး လို.လက်ဖက်စ စားတော.လည်း ဗိုက်အောင်. လေနာ ဘာမှ မဖြစ်ရှာဘူး)
တော်သေးတယ် ။

Saturday, 13 April 2013

Chit tae a kyuang(ချစ်တဲ့အကြောင်း)

မလေး တယောက် လက်နာနေ လို. စာမရေးဖြစ်ဘူး ရယ်။ ဒီနေ.တော. လက်က သက်သာလို. ရေးအုံးမယ်။
ဒီနေ.  မိုးလေးကအေး အေးနဲ. မန်းလေး မုန်းတီသုပ် စားဖြစ်ကြ တယ်လေ။  သင်္ကြန်ရောက်တော.
 မြန်မာပြည် ကို လွမ်းမိပြန်ရော ..




Friday, 29 March 2013

လွမ်းတယ်ပိုင်

မိခင်တယောက်ရဲ.ချစ် ချင်း မေတ္တာ နဲ. သားလေး ပိုင် ကို သိပ်ချစ် ရပါတယ်။ သားလေး လမ်း စ လျောက်တတ်တုန်း က မလေးလေ ၀မ်းသာ လိုက်တာ အရမ်းပဲ။ ကြွားရအုံးမယ် မလေးသားက လူချစ် လူခင်ပေါတယ်။ သားကို မြင်တဲ. လူတိုင်းက ကလေးလေးက ချစ်စရာ ကောင်းလိုက်တာတဲ. မိခင်ဆိုတော..၀မ်းသာတာပေါ. ။ မလေးသားက လေ လမ်းလျောက်တာ အရမ်းမြန်တာ သူနောက်ကို အမြန်လိုက်ရတာ။ လမ်းလျောက်တတ်တော. အပြင် ကိုအရမ်းထွက်ချင်တာ (လျောက်လည်ချင် တော.တာလေ)။ သားက သူလိုချင်တာလေးများ ရှိရင် အမေ့မျက်နှာကို ကြည့်ပြီး ပြုံးပြုံးပြီး အတင်းနမ်းတော့တာ။ အဲဒါဆို ကိုယ်က အလိုက်သိရတော့တာရယ်။ အရုပ်ဆိုင်နား ရောက်ရင် သား အရုပ်လိုချင်လို့ လား ၊ မုန့် ဆိုင်နား ရောက်ရင် သား မုန့် လိုချင်လို့ လား မေးရင် ခေါင်းကြီး အတင်း ငြိမ့်တော့တာရယ်။ နောက်တစ်ခုက သူများက မုန့် ပေးလို့ ကတော့ မအေ မျက်နှာကို အရင်ကြည့်တာ။ မလေးက ခေါင်းရမ်းပြလို့ ကတော့ လုံးလုံးကို မယူတာရယ်။ သားယူရတယ်လေ ဆိုမှသာ ယူတာရယ်။ ပြီးတော့ သားက ငယ်ငယ်ထဲက သူလိုချင်တာကို ရွေးတက်နေပြီ။ အဝတ်အစားက အစပေါ့။ ရေချိုးပြီးပြီဆို ဗီဒိုကို ဖွင့်ပြီး စိတ်ကြိုက် ဝတ်စုံကို လက်ညှိုးထိုး ပြီး ဝတ်ခိုင်းတာလေ။ အရုပ်ဆိုရင်လည်း အရုပ်ဗီဒိုရှေ့ သေချာ ရပ်ကြည့်ပြီးမှ သားကိုင်ချင်တဲ့ ဟာကို လက်ညှိုးထိုးပြီး ယူခိုင်းတာ။ သား တစ်နှစ်ပြည့်တော့ သွားက အပေါ် လေးချောင်း ၊ အောက် လေးချောင်း စုစုပေါင်း ၈ ချောင်းပဲ ပေါက်သေးတယ်။ တခြားကလေးတွေထက် သွားပေါက်နှေးသလိုပဲ။ အဲဒီတော့ ကိုယ်က ကြက်ကြော်တွေဆို မာ မှာဆိုလို့ ချေပြီး ကြွေးရင် မကြိုက်ချင်ဘူး။ သားက ငါး နဲ့ ကြက်ဥ ကိုတော့ အကြိုက်ဆုံးပဲ ။ ကြက်သားဆို တစ်ခါတစ်လေ အကုန်ထွေးပစ်တာရယ်။ ဖုန်းလာရင်လည်း ရှေ့ဆုံးက အတင်းပြေးကိုင်ချင်တာရယ်။ ဟမ်းဖုန်းကိုဆို အလစ်မပေးရဲဘူး ။ လစ်တာနဲ့ ဖွင့်ပြီး အကုန်လျှောက်နှိပ်တော့တာ။ တစ်ခါတစ်လေလည်း ဝင်သွားလို့ အမြန် ချရတာလဲ ရှိသလို ၊ တစ်ချို့ ကျ ပြန်ခေါ်လို့ ကလေးမှား နှိပ်တာပါဆိုပြီး တောင်းပန်ရတာလဲ ရှိပြန်ရော။ ပြီးတော့လေ သားက သူ့ ဦးလေး စတိုင်မျိုး ဖုန်းများပြောရင် ပေါင်ကြားထဲ လက်က ထား ၊ လမ်းလျှောက်ရင်း ခေါင်းလေး တစ်ငြိမ့်ငြိမ့် နဲ့  ဟရို ၊ ဟရို နဲ့ ဟစ်ဟော့ စတိုင်မျိုး ကလည်း လုပ်တက်သေးတာ။


ဒါလေးက သား ၈ လပြည့်တုန်းက ရိုက်ထားတဲ့ ပုံလေ။

ဖိနပ်မပါတဲ့ သားရဲ့ ဟစ်ဟော့စတိုင်လ် (တစ်နှစ်နဲ့ နှစ်လ အရွယ်ပေါ့)