အလွန်ဆော.တဲ.ပိုင်
မလေးတယောက်အလုပ်မအားတာနဲ. မရေးဖြစ် ဘူး။ဒီနေ.တော. နည်းနည်းရေးအုံးမယ်။ မလေးသားကို
၆ လ ပြည်.တော.ထမင်းစ ကျွေးတာ ပထမဆုံးစ ခွံတဲ.နေ. က သားသားက လူကြီး တယောက်စာ လောက်
ကို စားတာ။ နောက်နေ.တွေတော. နဲနဲချင်း ပဲကျွေး တော.တယ်။ မလေး မေမေက ပြောတယ် ကလေးကို
ထမင်း ခွံရင် နဲနဲလေး ကနေစခွံ ရင်း အစာအိမ်ကို အကျင်.လုပ်ပေးရတယ်တဲ. ။ မလေးတို.က မသိတော.
အများကြီး ကျွေးတာ။ မလေးသားပိုင်က ၆လ ပြည်.တော. ထိုင်ပြီး ဆော.တတ်နေပြီ။ ဆော.လိုက်တာ မှ
အရမ်း ပဲ။ သားပိုင်အနားမှာ တယောက်က အမြဲတမ်း ကြည်.နေရတာ။ ဒီလိုနဲ. ပဲ ကြည်.နေ ရင်းကနေ
သားက လမ်း စ လျောက်ချင်ပြီ။ (ပြောရအုံးမယ် မလေး သားက လေးဖက်မသွားဘူး )
Wednesday, 27 March 2013
Saturday, 23 March 2013
ချစ်သောပိုင်
ဒီနေ.မလေးရဲ.သား(ချစ်သောပိုင်)အကြောင်းရေးမယ်နော်။ သားလေးက အခု တစ်နှစ်နဲ့ ၅ လ ရှိပြီလေ။ ဒါပေမယ့် မွေးခါစက အရွယ်ကနေ စပြီး အခုအရွယ် ထိကို သားအတွက် အမှတ်တရ အနေနဲ့ ရေးအုန်းမယ် ။
မလေးသားလေး တစ်လ ပြည့်တုန်းကပေါ့ သားလေး.နဖူးမှာ အနီစက်လေးတွေ ပေါက်တာကိုမလေးတို.ကရိုးရိုး အပူဖုပေါက်တယ်ထင်တာ တရက်နဲ့ လည်းမပျောက် နှစ်ရက်လည်းမေ ပျာက် ဆေးခန်းပြမှ ပဲ ဗိုင်းရပ်ဝင်တာတဲ့ မလေးတို.အားလုံးစိတ်တွေကို တအားပူသွားကြတာ (သားဦးဆိုတော.) အဲဒီနေ.ကစပြီးသားကိုချီတော.မယ်ဆိုရင် dettol နဲ.လက်ကို သေသေချာချာဆေးပြီးမှ သားကိုချီကြတော.တာ ။ ဆရာဝန်ပြောတာက ကလေးကိုကိုင်တဲ.လက်က သန်.ရှင်းနေဖို.လိုတယ်တဲ. ။အဲဒီနေ.ကတည်းက ဒီနေ.ထိသားကိုချီတိုင်း လက်ကိုဆေးပြီး မှချီတော.တယ်။ ကလေးငယ်ရှိသော သူငယ်ချင်းများအားလုံး မိမိရဲ. ရင်သွေးလေးများကို ချီတိုင်း လက်ဆေးကြပါလို. တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပြီနော်။
Friday, 22 March 2013
စတင်ခြင်း
မလေးရဲ့ ဝါသနာနဲ့ သားလေး အကြောင်း အမှတ်တရ ရေးချင်လို့ ဒီဘလော့ဂ်လေးကို စတင်ဖြစ်တာပါ။
Subscribe to:
Posts (Atom)
