ဘလော့ဂ်ရောက်လာသူ မိတ်ဆွေ အပေါင်း စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, 9 July 2013

သည်းသည်းတုန်၏ လျှို့ ဝှက်ချက်

မလေးတစ်ယောက် ဒီပိုစ့်လေး ကို ရေးမယ်ဆို ပြီး မရေးဖြစ်ဘူး ဖြစ်နေတာ။ ဒီနေ့ တော့ ရေးဖြစ် ပါပြီ။ လျှို.၀ှက်ချက် နော် ။ ဒီလို.ပါ မလေးက သားကို ၆လ ပြည်. ပြီး ထမင်း စကျွေးတဲ့ အချိန်မှာ ကြုံရတဲ့ အတွေ့ အကြုံ လေးပါ။ မလေးသားက အဟာရမှုန့် ကို လုံးဝမစားဘူး။ အဒါနဲ့  တခုပြီး တခုပြောင်းကျွေးကြည့်ရတာ။ ထမင်းမှပဲ စားတော့တာ။ ထမင်းစကျွေးတော့လည်း အာဟာရဖြစ်မယ့် အစာတွေကို နဲနဲချင်းဆီ ထည့်ကျွေးရတာ။ ဥပမာ ဒီနေ့ ပဲရာဇာ (ပဲနီလေးလို့  လည်းခေါ်သည်) ကျွေးမယ်ဆို ထမင်းချက်တဲ့အခါ ပဲရာဇာ ကိုပါ တခါတည်း ထည့်ချက်လိုက်တာ။ မလေးကတော့ ကလေးအတွက် သီးသန့်  ပေါင်းအိုး အသေးလေးတစ်လုံး ထားလိုက်တာ။

နောက်ပြီးတော့ ခါကျက်ဥ ကိုလည်း ရေကိုစင်အောင်ဆေးပြီး ခြစ်နဲ့ ခြစ်ပြီး ထမင်းထဲထည့်ချက်တာ။ တခုတော့ရှိတာ ပေါ့နော် ထမင်းကျွေးတော့မ.ယ် ဆိုရင် တော့ ထမင်းချေတဲ့ ready made ပစ္စည်းလေးတွေ နဲ့  မလေးကချေပြီးမှ  ပဲကျွေးတာ။ အသီးအနှံတွေလည်း ဖြည်းဖြည်းခြင်း အမည်စုံ ကျွေးကြည့်တာ။ ယောကျာင်္းလေးဆိုတော့ ငယ်ငယ်ထဲက အစားမရွေးအောင် အကုန်ကျွေးကြည့်တာ။ ပြီးတော့ ငါးစားရင်လည်း ညဏ်ရည်ဖွံဖြိုးတယ်ဆိုတာနဲ့ ငါးကိုလည်း ကြော် ကျွေးတာ သားသားက အရမ်းကြိုက်ပဲ။

ပြီးတော့လည်း ကလေးမွေးပြီးပြီးခြင်းလည်း လက်သည်းညှပ်မပေးရဘူး။ ကလေး တစ်လ နေမှ မလေးက တော့ ညှပ်တာ။ ညှပ်လိုက်ရင် ထွက်လာတဲ့ လက်ညည်းတွေက ကြမ်းကုန်တယ် ဆိုတာနဲ့ တစ်လ ပြည့်တဲ့ အထိ လက်အိပ်လေး နဲ့ စွပ်ပေးထားတာ။ လက်သည်းနဲ့ ပြန်မခိုက်မိအောင်လို့ လေ။ ပြီးတော့ ကလေး အဝတ်အစား ကြားထဲမှာ ပရုတ်လုံး လုံးဝ မထည့်ရဘူး။ ပြီးတော့  ကလေး နှစ်လလောက်ထိ မလေးကတော့ အမွှေးအကြိုင် လုံးဝ မသုံးဖြစ်ဘူး။ အခန့် မသင့်ရင် ကလေး ရင်ကြတ် တက်လို့ ။ မွေးပြီးပြီးခြင်းလည်း ကင်းပွန်းချည်ရွက် မစားရဘူးလို့ ပြောတာ နဲ့ မလေးလည်း မစားဖြစ်ဘူး။ မလေးကတော. သားကို အစုံကျွေးတာ။ ဘာမှ မရွေးဘူး။ သားကျန်းမာတာ မြင်ရတော့ မိဘတွေမှာ အတိုင်းမသိ ၀မ်းသာကြည်နူးရတာပေါ့နော်။


Thursday, 4 July 2013

ဂတ်ဂတ် အရှုပ် တော်ပုံ

သားပိုင် နှင်. ဂတ်ဂတ် ကြီး အကြောင်းပါ။ ဒီလို ပါ မလေး သူငယ်ချင်း တစ်ယောက် ကသားပိုင် ကို ဘဲရုပ်ကြီးတစ်ရုပ် ၀ယ်ပေးတာ။ အဲဒီ အရုပ်ကြီးက ပုတ်လိုက်ရင် "ဂတ်ဂတ် ဂတ်ဂတ်" နဲ့ အော်တာ။ အဲဒီ အသံကို သားသားက လုံးဝမကြိုတ်ဘူး။ တစ်ရက်ကြတော့ မလေးသူငယ်ချင်းနဲ့  သူ့ သမီးလေးက အိမ်ကို လာလည်ပါရော ။ သူငယ်ချင်းသားအမိက ထိုင်ကာရှိသေးတယ် သားပိုင် လေ အရုပ်ထားတဲ့  ဗီဒိုကို ဖွင့်ပြီးတော့ ဂတ်ဂတ် အရုပ်ကြီးကို ယူယူဆိုပြီး ပေးတော့တာ။ သူမကြိုက် လို့ လေ။ 

သားက သူကြိုက် တဲ့ ကစားစရာတွေဆို ပေးမကိုင် ဘူးရယ်။ ပြီးတော့သားက ငယ်ငယ်ထဲက အမြှောက်ကြိုက် တယ်။ အချော့ လည်းကြိုက်တယ်။ အဲဒါ အိမ် အလည်လာတဲ့ မလေး သူငယ်ချင်းက ပိုင်ရေ ဖိနပ်တွေ ပြပါအုံး လို့  ပြောတာ ချက်ချင်း ပဲဗီဒိုကို ဖွင့် ရှိသမျှ ဖိနပ်တွေ တခုမကျန် အကုန်ဆွဲထုတ်လာတာ ။ အင်္ကျိတွေ လည်း ဆွဲထုတ် လာ တာ။ ပြီးရင် တော့ မလေး က သားသားဖွသမျှ တွေကို တခုချင်းဆီကို လိုက်သိမ်းရတော့ တာ ပေါ့။

                                                        သားသား မကြိုက်တဲ့ ဂတ်ဂတ်
မလေး ရဲ့သားက ငယ်ငယ်ထဲက အရုပ်ဆိုင် တွေခေါ်သွားရင် လည်း တစ်ခု ပဲယူတာ ။ မလေး တို့ က သားနောက် တခု ယူအုံးလေ ဆိုလည်း မယူဘူးရယ်။ ဘယ် ဆိုင် ရောက်ရောက် တခုတော့ ၀ယ် ပေးရတာ။ မလေး သားကငယ်ငယ် ထဲက ညဖက် အိပ်ရင် လည်း တည လုံးတောက်လျောက် အိပ်တာ။ (တချို့ ကလေးတွေက နေ့  နဲ့ ညနဲ့  မှားတတ် တယ် တဲ့ ) မလေး သားက အဲလို မဖြစ်တော့ တော်သေးတယ်။ ညဆို အိပ်ရေးမပျက် တော့ဘူး။ မလေးသားက လေဆန်နာ လည်းမဖြစ်ဘူး။  ကလေး လေနာ တယ် ဆိုတာ နို့  တိုက် ပြီးရင် ကလေးကို လေမထုတ်ပေး လို့ ဖြစ်တာ ထင်တယ်။(မလေး အထင်နော်) ။ နို့ တိုက်ပြီးတိုင်း ကလေးကို လေထုပ်ပေးရ တယ် (ကလေးရဲ့ ကျောလေးကို အသာလေး ပုတ်ပေးရတယ် )

Saturday, 29 June 2013

ဘုတ်ဘုတ် လေး၏ ရာဇ၀င်

မလေး တစ်ယောက် အလှအပ ဘယ် လောက်ကြိုက် လဲဆို သားသားတောင် ဘုတ်ဘုတ်ကို သိနေတယ် ။ ဒါလေးကတော့ မလေးနဲ့ သားရဲ့  ရီစရာ အမှတ်တရလေး ပါ။ အဖြစ်အပျက် ကဒီလိုပါ ။ မလေးက တစ်နေ့ တစ်နေ့  ကို ဘယ် လောက်တောင် မိတ်ကပ် လိမ်းသလဲဆို သားတော်မောင်တောင် ဘုတ်ဘုတ် ဘုတ်ဘုတ်နဲ့  ဖြစ် ရော ။ မေမေ ကလည်း အလှကြိုက် ။ မိတ်ကပ် ဗူးထဲ ပါတဲ့ puff လေးတွေကို အများကြီး ၀ယ် ပေးထားရတာ။ ညဖက် အိပ်ရင် တောင်မှ သားတော် မောင် ကရောင်တာ (မေမေဘုတ်ဘုတ်တဲ့) ။ အဲဒါဆိုတော့ မလေးကလည်း ခေါင်းအုံးထဲ ကို puff လေးထားအိပ်ရတာ ။ ယောင်တဲ့နေ့ ဆို သူ့ လက်ထဲကို puff လေးချက်ချင်း ထည့် ပေးမှ မဟုတ်ရင် ငိုပါရော။ ကလေးများ သူစွဲမိ စွဲရာ ရယ် ။ သားပိုင် ကိုင် တာမြင် တော့ သားထက် ကြီး တဲ့ အိမ်နီးချင်း ကလေးလေး ၂ယောက် ကလည်း 'ဘုတ်ဘုတ် ဘုတ်ဘုတ်' ကို ဖြစ်ရော ပေါ့။  မလေးအထင် ကလေးတွေ ရဲ. သဘော က တစ် ယောက် ကိုင်တာ မြင်ရင် လိုက် ကိုင် ချင်ကြ တာ။
                                         
                                                             သားပိုင် ၏ ဘုတ်ဘုတ်များ



ကစားပြီ ဆိုရင် လည်း သူ့ ထက် အကြီးတွေ ကစားတာမှ လိုက် ကစားချင်တာ။ ယောကျာင်္းလေး ဆိုတော့ လည်း ယောကျာင်္း လေး ကစားနည်းလေး တွေမှ ဆော့ချင်တာ။ သားပိုင် တို့ များ ငယ်ငယ် ထဲက ဂေါတ်ရိုက်တာမှ ဆော့ချင်တာ။ ပလတ်စတစ် ဂေါတ်တံ လေး တွေဝယ် ပေးထား ရတာ။ သားပိုင် ဖေကတော့ သားကြီးရင် အတူတူဂေါတ်ရိုက် လို့ရပြီ ဆိုပြီးပျော်နေလေ ရဲ့။မိန်းကလေး ဆော့တဲ့ အရုပ်တွေများ ပေးလိုက်ရင် ခြေထောက်နဲ့ ကန်ပစ်တာ။ တစ်ခါက ဘုရားပွဲဈေးရှိလို့ လိုက်ပို့ တာ။ အရုပ်တွေ အစုံ လက်ညှိုးထိုး ပြီး ဝယ်ခိုင်းတာ။ ကိုယ်က ဒါလေး လှတယ် ယူ ဆို မယူဘူး ။ သူလိုချင်တာကို ခါးထောက်ပြီး သေချာရွေးတော့ ဆိုင်ရှင်ကတောင် တခြားကလေးတွေ နဲ့ တူဘူးနော်။ သူကြိုက်တာမှ ယူတာတဲ့ ။ အဲဒါ အပြန်ကျ မလေး မိတ်ဆွေ သမီးလေး အတွက် ချိန်ခွင်လေးတွေ ဂျိုးရုပ် ကလေးတွေ ဒန်အိုးလေးတွေ အစုံ ပေးဖို့  ဆိုင်သွားဝယ်တော့ လုံးဝမှကို မတောင်းဘူး။ အဲဒါ မလေးက သား ဒါလေးတွေ ယူမလား ဆို တော့ ခေါင်း သွက် သွက် ခါ ငြင်းပြီး ယူဘူး ယူဘူး တဲ့လေ။  ယောကျာင်္းလေး နဲ့  မိန်းကလေး ကလေး ဘ၀ ထဲက အကြိုက် မတူကြ ဘူး။
                                             
                                                                     ဒါတွေမှ ကြိုက် တာ



Wednesday, 26 June 2013

တောင်လှေ ခါးမြို. မှ ကတိုက်ကရိုက် ပြန် ခဲ.ရ

မလေးတို.မိသားစု  တောင် လှေ ခါး မြို. (ပြင်ဦးလွင် )  ကို အလည် တခေါက် သွား ခဲ.မိပါတယ် ချက်ချင်း ပြန်ပြေး ခဲ.ရ တယ်။ သားတော်မောင် ပိုင်လေ အိမ်ပြန်မယ် အိမ်ပြန်မယ်ဆိုပြီး အတင်းငို လို. ဘယ်မှ တောင် မသွားခဲ.ရ ဘူး။ ချက်ချင်း  ပြန်ခဲ.ရတော.တယ်.။ သားပိုင်က အဲဒီအချိန်က (၁ နှစ် ၂လ ပဲရှိသေးတာ) စကားက လည်း ' ဖေ ၊  မေ' လို. ခေါ်တာက လွဲရင် ဘာမှ မပြောတတ်သေး ဘူး ။.

တူတော် မောင် နှစ် ယောက် ကလည်း သူတို. ညီလေး ပိုင် ကို ချစ် လိုက် ကြတာ. . ညီလေး ပြန်နဲ.နော် ကိုကိုကြီးတို. နဲ.ဆော. ရအောင် နော် တဲ.။ မလေး ပြော ဖို. မေ.နေတာ မန်းလေး မှ  တညအိပ်ပြီးမှ  နောက်နေ. မနက် စောစော ပြင်ဦး လွင် ကိုတက် ၈နာ ရီလောက် ပြင် ဦး လွင် ကို ရောက်တယ် ။.ရောက် ရောက် ချင်းတော. တူတော်မောင် တွေ နဲ. ဆော.ပေါ. ညနေ ရောက် တော. အိမ် ပြန်မယ် အိမ်ပြန်မယ် ဆို ပြီး အတင်းငိုတော. တာ။ ဦးလေး တွေ အဒေါ် တွေက လည်း (ပိုင်က စကား မပြော တတ်သေး ဘူးသာဆို တယ်   အိမ်ပြန် မယ် ပြောတာ ပီလိုက် တာတဲ. ) ။အဲဒါနဲ. မလေး တို.ကလည်း သားကို အံ.သြ နေ တာ ။ အိမ်မှာ တုန်း ကဖေ မေ လောက် ပဲ ပြော တတ်သေးတာ ဒီ ရောက်မှ အဲ့လို ပြောတတ်တာ။ အဒေါ် တွေ အစ်မတ၀မ်း ကွဲတွေနဲ. ကလည်း မတွေ. ဖြစ်တာတော် တော် ကြာပြီ လေ။ ပြင်ဦး လွင်မှာ ၅ရက် လောက် တော. နေမ.ယ် စိတ်ကူး ထားတာ ။ တစ်ညတောင် မအိပ် ခဲ.ရဘူး ။  ပြန်တောလည်း တူတော် မောင် နှစ် ယောက် က ညီလေး တို. နဲ. လိုက် ချင် တာဆို ပြီး ငို ကျန်ရစ် ခဲ.တယ်.. . ။အဲဒါ တစ်လမ်းလုံး ကားပေါ်မှာလည်း အိမ်ပြန်မယ် အိမ်ပြန်မယ် နဲ့ ငိုပြီးလိုက်လာတာ။ နောက်ဆုံး မောသွားတော့မှ အိပ်ရော။ နောက်နေ.  မနက်မိုးလင်း အိပ်ရာကနိုးတော့ သူ. ဘဘ က ပိုင် အိမ်ပြန် မယ် ပြောအုံး လေ  ဆိုတော. ပြောဘူး ပြောဘူး တဲ. ... ဘယ်လိုမှကို ပြောခိုင်းလို့ မရတော့ဘူး။
ကလေးများနော် မနေ. ကသူ မဟုတ်တဲ. အတိုင်း ပဲ ။ 

Friday, 21 June 2013

ကိုယ်တိုင် သီကုံး အလှ ဆုံး

မလေး က စာဖတ်ခြင်း စာရေးခြင်း ကို အင်မတန် နှစ်သက် ပါတယ် ။ ဒီကဗျာ လေးက ရင်မှာ ဖြစ် တည် တာ ကို ချရေး ဖြစ်တာပါ  ။ ကာရံ တို. နဘေ တို. ညီချင် မှ ညီမှာ ပါ ။ ကာရံ နဘေ အကြောင်း လည်း မလေးနား မလည် ပါဘူး ။ ဒီတိုင်း ပဲ ချက်ချင်းရေး ချင်စိတ် ပေါက်လာ လို.ချရေး ဖြစ် လိုက်တာပါ ။
 ခေါင်းစဉ် လေးက အလှဆုံး......
                                  
                                                   ချစ်ခြင်း ကို အခြေခံ
                                                   နှလုံး သားကို ရင်းတည်
                                                   သံယော ဇဉ် ဖြင်.ဖွဲ. နှောင်
                                                   နားလည် မှု ဖြင်. တည် ဆောက်
                                                 
                                                   တသက် မခွဲ ထာဝရ လက်တွဲ
                                                   ခိုင်ကြည် မြဲ  တဲ. ဒို. နှစ် ယောက်.....


image from yahoo

စေ.စပ် သေချာသော ယောကျာင်္း လေးများ

ဒီ နေ. ရေးဖြစ် တဲ. အကြောင်း ကတော. မှတ်မှတ် ရရ လို. ပဲ  ပြောရမှာပါ.။ ဒီလို ပါ မလေး သားသား ကို မွေး တော. သူငယ် ချင်း တွေ လာ မေးကြ တယ်။ အပျိုကြီး တွေ ရော သားသားမီး မီး မေမေ တွေ  ရော လူစုံ ပါ တယ် . ..အဲဒီ ထဲမှာ မှ မှတ်မှတ် ရရ မောင် ငယ် လေး ရဲ. သူငယ် ချင်း အုပ်စု (စုစုပေါင်း ၁၂ ယောက်) ကတော. အမြဲ တမ်း ကို အမှတ် ရ နေတော. မှာ ..ကလေး မွေး တယ် ဆို တော. သူငယ် ချင်း တွေက ကလေး ပစ္စည်း အစုံ နဲ. လာမေးကြ တာပေါ.။ အားလုံး ကတော. ပေါင်ဒါ ဗူး အကျီင်္ အဒါတွေပဲ ၀ယ် လာ ကြတာ များတာပေါ. နော်. ..ပြောရရင် မလေးတောင် သားကိုမွေးတုန်းက( ပေါင်ဒါ အကျီင်္ ပေါင်းနှီး ခြေအိပ် လက်အိပ် ကလေးတွေ ခေါင်းအုံး သေးသေး ဖက် လုံး သေးသေးလေးတွေ) အဒါတွေ ပဲ ၀ယ် ဖြစ် တာ တခြား လို. အပ်တာတွေ ကို အဲ ဒီ အချိန် မှာ မစဉ်း သားမိဘူး။ ဟို ကို လူပျို (၁၂) ယောက် နဲ. တွေ. မှ ပဲ မလေးတစ် ယောက် ကျွတ် တော.တယ်။ ၀ယ် လာလိုက် တာစုံ လို. ကလေး တယောက် အတွက် ဘာမှ လိုတာမရှိ အောင် ကို ပြည်.စုံ တာ သူတို. ကပြော သေးတယ် အမက လည်းး တဲ. ကျွန် တော် တို. လောက် တောင် မသိဘူး တဲ.။ မလေးက လည်း ၀န်ခံ လိုက်ပါတယ် ...ဟူတ်တယ် မလေး သူတို. လိုကို စေ.စေ. စပ်စပ် မသိဘူး.။ဝယ် လာလိုက်တာတွေက အင်္ကျိ ဘောင်းဘီ ၀မ်းဆက် ကလေး တွေ ၁၂စုံ ၊ လက်အိပ် ခြေအိပ် ၁၂စုံ ၊ဟော သရေခံ ၁၂ခု၊ စောင် ပါးပါးလေး တထည်၊ ရေချိုးပြီး ရင် သုပ်ဖို.တဲ. မျက် နှာသုပ် ပ၀ါလေး ကတစ် ထည်၊တစ် သျူးအစိုက ၁ဒါဇင် ၊ ကလေးရေချိုး ဖို.တဲ. ပလတ်စတစ် ကန် အသေးလေး တစ် ခု ၊ချိုလိမ် လေးတောင် ပါလိုက် သေး ခေါင်းအုံး ဖက် လုံးတစ်စုံ ၊ ဦးထုပ် သေးသေးလေး ၆ လုံး၊ diapers အထုတ်ကြီး ၁ထုပ် ၊ baby johnson (ပစ္စည်းအစုံ ပါ) ပါကင် ၁ဗူးဝယ် ခဲ. ကြတာလေ.. ။.မလေး မှာ လေ သူတို. ၁၂ ယောက် ကို ကျေးဇူးတွေကို တင် လို....

Wednesday, 19 June 2013

မလေး တယောက် ဘုနှင်. ဘောက်

မလေး လေ ပြောပြ ရအုံးမယ် ။  မိဘတွေ တိုင်းက ကိုယ်.ရဲ.  သားသမီး တွေပေါ် စိတ်ရှည်တာ ချစ်တာ ဟာ ဘယ်အရာ နဲ. မှ နှိုင်းယှဉ် ဘို.မရဘူးဆိုတာ မလေးတယောက် ကောင်းကောင်းကြီး နားလည် လာခဲ့တယ်။ ဘာလို. လဲ ဆိုတော. မလေးကိုယ် တိုင် လည်းမိခင် တစ်ယောက် ဖြစ်နေလို. ပါ ။ဖြစ်ပုံ ကဒီလို သားပိုင် ၈လအရွယ် တုန်းက မျက်စိ နာဖြစ်တာ .မျက်စိဆရာဝန် ဆီ ပြေးရတော.တာပေါ့ ။ ဆရာဝန်ဆီသာ သွားရတာ (ကလေးက အရမ်းငယ်သေးတော.) ဆရာဝန် ထည်.ခိုင်းတဲ. ဆေးလည်း မလေးတို. ကမျက်စိထဲ ကို မထည်.ချင်..ဆရာ ၀န်ကတော. ဘာမှ မဖြစ် ဘူး မစိုးရိမ် ရဘူး ပြောပါတယ် ။ ကိုယ်.သားဆိုတော. လည်းစိုး ရိမ် တာပေါ. ဘာလုပ် လို.ဘာကိုင် ရမှန်းကို မသိဘူး ။ သားပိုင်က သိပ်မသက်သာတော့  သားကိုကြည့် ပြီး စိတ်လည်း မကောင်း ဘူး။ အဲတော့ ဘာ ဖြစ် ကြ လည်းဆိုတော့ သားပိုင် ဖေနဲ. တစ်ယောက် တစ်ခွန်း အော် ကြတော.တာပေါ. (တကယ် တမ်း
ကတော. မအော် သင့်ဘူးပေါ.နော် ) တခုခု ဆိုရင် အကောင်းဆုံး ကို ခေါင်း အေးအေးထားပြီး သားကို မျက်စိနာ သက် သာအောင် ဘယ် လို လုပ်ရ မလဲ ဖြစ် သင်.တာပေါ။ ဒီလို. နဲ. ညနေ လောက် ရောက်တော. သားပိုင် ဖွားဖွားက ဖုံးဆက် ပြောပါလေ ရော ။ ဘာမျက် စဉ်းဆေးမှ ထည့်စရာ မလို ဘူး ။ မိခင် နို့ ရည် ကိုသာ မျက်လုံးလေး ထဲ ကွင်းပေးလိုက် မကြာဘူးပျောက်သွား လိမ့်မယ်တဲ့။ မလေးလည်း ချက် ချင်းပဲ သားပိုင် မျက်ဝန်း လေးထဲ ထည့် ၊ အပြင်ကနေလည်း ကွင်းပေးလိုက်တာ ။ တကယ် မကြာဘူးရယ် ညလည်းရောက် ရော သားပိုင် မျက်လုံးကလေး လုံးဝကို ယူပစ် သလို ပျောက် သွားတာ။ သားပိုင် သက်သာမှပဲ မလေး တို့  နှစ်ယောက် ပြုံးနိုင် ကြတော့တာ..............