ဘလော့ဂ်ရောက်လာသူ မိတ်ဆွေ အပေါင်း စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday 24 October 2013

အမှတ်တရသီတင်းကျွတ်

မလေးတစ်ယောက်တော့ သီတင်းကျွတ်လပြည့်နေ့ က မှတ်မှတ်ရရပါပဲ။ မနက်ပိုင်း အလှူတခုကိုသွားတယ်။ ပြီးတော့ shopping ခဏ၀င်လိုက်သေးတယ်။ အပြန်ကျ wet market ၀င်ပြီးလိုအပ်တာလေး တွေဝယ်တယ်။ ညနေကျရင်သူငယ်ချင်းတွေ ကို ထမင်းစားဖိတ်ထားတော့ ။ အိမ်ကိုသွက်သွက်လေးပြန်လာတယ်။ အိမ်ရောက်တော့ နားတောင်မနားဘူး။ ချက်စရာရှိတာတွေချက်ပေါ့။ အဲလိုနဲ့ မလေးလည်း ဟင်းတွေအစုံချက်တာ။ အားလုံးကျက်ခါနီးအချိန်မှာ ချက်ထားတဲ့ဟင်းတွေကိုဓါတ်ပုံရိုက်အုံးမှဆိုပြီး ကင်မရာလေး ကိုင်တုန်းရှိသေး အိမ်ရှေ့မှာ ဘဲလ်တီးသံကြားတာနဲ့  သူငယ်ချင်းတွေလာပြီနေမှာဆိုပြီး လက်ထဲကကင်မရာကိုင်ရင်း ပြေးထွက်တာ ချော် လဲပြီး ကင်မရာလည်းပျက်သွားတယ်။ နောက်မှဆိုင်ပြကြည့်တော့ lens ချော်သွားတာတဲ့ ။ပြင်လည်းအသစ်နီးပါးကုန်မှာ ဆိုတော့ မပြင်တော့ဘဲ အသစ်ပဲဝယ်လိုက်တော့တာ။ အဲဒီနေ့ ကဟင်းတွေကို စပယ်ရှယ်ချက်ထားတာ။ မမအိုင်အိုရာ ဟင်းတွေကြည့်ပြီး ရှယ်လုပ်ထားတာ။ ဓါတ်ပုံမရိုက်လိုက်ရလို့ စိတ်မကောင်းဘူး။ အဲဒါနဲ့ မလေးချော်လဲသံကြားတော့မှ အိမ်ကလူက အပြေးထွက်လာတာ။ ဒါတောင်သူငယ်ချင်းတွေ ကအော်လို့ သာကြားတာ။ သူဟာသူဆို သိမှာတောင်ဟုတ်ဘူး။ အဲဒါနဲ့ မလေးအပေါ်ရောက်တော့ မြန်မာဆေးလိမ်းလိုက်တယ်။ မလေး မေမေက လူကြုံရှိလို့ ဆိုပြီး ကမ်းဇော်ဆီတဲ့ပို့ လိုက်တာ။ ကမ်းဇော်ဆီက အကျောနာတာတို့  ဒူးနာတာတို အတွက် ကောင်းတယ်ဆိုပြီးပို့ လိုက်တာ။ တခါမှ အသုံးမပြုရသေးဘူး။ အဲနေ့ ကတော့ သူငယ်ချင်းတွေလည်းရှိနေ ရုတ်တရက်လည်းဆိုတော့ ဆေးခန်းမသွားဖြစ်ပဲ ကမ်းဇော်ဆီကို ဂွမ်းလေးနဲ့ ဆွတ် ပြီးလိမ်းလိုက်တာ။ မလေးမေမေကပြောတယ် ကမ်းဇော်ဆီက အစစ်ကဈေးကြီးတယ် ။ အရောတရောတွေလည်း ရှိတယ်တဲ့ ။အရောတရော တွေကတော့ ဈေးနဲနဲချို တယ်တဲ့။ ရွှေပြည်ကြီးကတော့ ရောတောရှိဘယ်တော့မှ ကင်းမယ်မသိ။

မလေးကလည်း သူငယ်ချင်းအားလုံးလည်းစုံနေပြီ စားရအောင်ပြင်ပြင်ဆိုတော့ သူငယ်ချင်းအားလုံးက၀ိုင်း လုပ်ပေးတယ် ။ ဟင်းတွေလည်း စားပွဲပေါ်မှာအားလုံးစုံနေပြီ ။ ထမင်းခူးဆိုတော့ ပေါင်းအိုးဖွင့်လိုက်တော့ ထမင်းက မချက်ရသေးဘူး။ ပေါင်းအိုးခလုပ်နှိပ်ဖို့ မေ့နေတာ ။ အဒါနဲ့ ဟင်းတွေပဲရှိပြီး ထမင်းက မချက်ရသေး အားလုံးကိုအရမ်းလည်းအားနာ အချိန်ကလည်းနောက်ကျနေပြီ။ ကိုယ်ကိုယ်ကို သတိမမေ့တတ်ဘူး ထင်နေတာ။ မေ့တတ်လာပြီ။   တော်သေးတာက  သူငယ်ချင်းအားလုံးက သိတတ်စွာနဲ့ ခေါက်ဆွဲရှိရင် ခေါက်ဆွဲပြုတ်ပြီး ဟင်းနဲ့ စားရင်ကောင်းတယ်လို့ ပြောရင်း ချက်ချင်းထပြုတ်ကြတာ။ မလေးကတော့ ခါးရော၊ ဒူးရော နာသွားလို့ သိပ်မလှုပ်နိုင်ဘူး။ ခေါက်ဆွဲပြုတ်နှင့် ဟင်းများကိုစားရင်း ပျော်ရွှင်စရာသီတင်းကျွတ်ညလေးကို ကုန်ဆုံးသွားပါတော့တယ်ရှင်...............။



                                       ပျက်သွားတဲ့ ကင်မရာလေး


မလေးမြတ်ဘလောဂ့်လေးကို လာလည်ကြသော ချစ်သောမိတ်ဆွေ ညီအစ်ကိုမောင်နှမများ အားလုံး  ပျော်ရွှင်စရာ သီတင်းကျွတ်လေးမှသည် နောင်နှစ်ပေါင်းများစွာ စိတ်၏ ကျန်းမာခြင်း ကိုယ်၏ချမ်း သာခြင်း နှင့်ပြည့်စုံပါစေလို့ မလေးတို့ မိသားစုက ဆုမွန်ကောင်းတောင်းအပ်ပါသည်။

8 comments:

  1. မလေး ဒူးဒဏ်ရာ အမြန်ဆုံး သက်သာပါစေ..ကမ်းဇော်ဆီဆိုတာ ဘယ်လိုပါလိမ့်..မမြင်ဘူး မကြားဖူးဘူး...ဓာတ်ပုံရိုက်ပြီး တင်ပါဦးနော်...ဟင်းဓာတ်ပုံတွေ လွတ်သွားတာ နာသကွာ...ကင်မရာအသစ် ရတော့မယ်ဆိုတော့ နောက်ထပ် ဓာတ်ပုံတွေ မြင်ရဖို့ ရှိတယ်..း)...ပျော်ရွှင်စရာ သီတင်းကျွှတ်လေး ဖြစ်ပါစေ...Friendly reminder ပြက်သွားတဲ့ ကင်မရာလေး ပြက်အစား ပျက်လို့  ပြင်လိုက်ပါလား ပျက် - ပျက်စီး၊ ပြက် - လူပြက်။

    ReplyDelete
    Replies
    1. ဟုတ်တယ်ညီမစန်းထွန်း ရေ မလေးပြင်လိုက်ပြီနော်။ နောက်နေ့ ကျမှ ကမ်းဇော်ဆီအကြောင်းလေးရေးရင်း ဓါတ်ပုံပါတင်
      မယ်။ မလေးတော့ ကမ်းဇော်ဆီနဲ့ တင် သက်သာသွားလို့ ဆေးခန်းမသွားလိုက်ရဘူး။ အခုလိုပြောပြပေးတာ ကျေးဇူးအများ
      ကြီးတင်ပါတယ်။
      ချစ်ခင်တဲ့
      မလေးမြတ်

      Delete
  2. ဟန်ကြည်25 October 2013 at 04:30

    ဘလော့ဂါ ရောဂါက ဆိုးသကိုးဗျ...တစ်ခုခု ချက်ပြီးရင်လည်း ဓာတ်ပုံကလေး ရိုက်လိုက်ရမှ...တစ်ခုခု စားရင်လည်း ဓာတ်ပုံလေး ရိုက်ဦးမှ...တစ်နေရာရာ သွားရင်လည်း ဓာတ်ပုံကလေး ထုတ်ရိုက်လိုက်ရမှ...း)

    သီတင်းကျွတ်မှသည် နောင်သီတင်းကျွတ်ပေါင်းများစွာအထိ ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် မလေးရေ...

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ဆရာဦးဟန်ကြည် ဆုမွန်ကောင်းတောင်းပေးတာကျေးဇူးအများကြီးတင်ပါတယ်။ မလေးတော့ ဘယ်နေရာရောက်ရောက် ဓါတ်ပုံကလေးရိုက်လိုက်ရမှ ဘလောဂ့်ရောဂါကသေးဘူးနော်။
      ခင်မင်တဲ့
      မလေးမြတ်

      Delete
  3. ဟယ်..မလေးရယ်..တော်သေးတာပေါ့။ အဆစ်လွဲတာတို့ အရိုးကျိုးတာတို့ မဖြစ်သွားလို့ နော်။
    ကို်ယ့်လိုမျိုးဟင်းတွေချက်ထားတယ်ဆိုတော့ဟင်းပုံတွေကြည့်ချင်လိုက်တာနော်။
    မတင်နိုင်ရင်လည်းဘာတွေချက်ခဲ့လဲဆိုတာလေးတော့ကြားချင်သား။း)
    ကိုယ်တနင်္သာရီတိုင်းကိုကွင်းဆင်းတုန်းက အဲဒီအဆီတွေလက်ဆောင်ရတယ်။ သူတို့ တွေကသိပ်တန်ဘိုးထားတာ။
    လူကြီးတစ်ယောက်ကအဲဒါကိုသုတေသနတောင်လုပ်ခိုင်းထားတယ်လို့ သိခဲ့ရတယ်။ ကိုယ်အကြမ်းရေးခဲ့တဲ့ရီပို့ ထဲမှာတောင်အဲဒါကိုထဲ့ရေးမိသေးတယ်။
    ဟုတ်တယ်။ မလေးပြောသလိုပဲ အတုရောထားတာတွေကျဈေးပေါတယ်။
    အိုင်အိုရာ

    ReplyDelete
  4. ဟုတ်တယ်မမအိုင်အိုရာ မလေးတော့ အရိုးအဆစ်တွေ မလွဲသွားလို့ တော်သေးတယ်။ အဲနေ့ ကဖြစ်တဲ့နေရာကို ကမ်းဇော်ဆီကို ဂွမ်းမှာ ဆွတ်ပြီး အသားထဲစိမ့်အောင်လိမ်းလိုက်တာ။ နောက်ရက်ကျသက်သာသွားတယ်မမရဲ့၊ အဲဒီနေ့က မှတ်မှတ်ရရ မလေးချက်တာတွေက ငါးပူတင်းငါးကို ဂျုံမှုန့်နဲ့ ကပ်ပြီးကြော်တယ်၊ ၀က်သားသရက်သီး သရက်သီးသနပ်(၀က်သားကတော့မပါမဖြစ် မလေးတို့ က၀က်သားအရမ်းကြိုက်တာ) ၀က်သားသရက်သီးသနပ်ချက်က တော်တော်စားကောင်းတယ်မမ ၊ မမအိုင်အိုရာဟင်းကိုကြည့်ပြီးချက်လိုက်တာ၊ ကျေးဇူးအများကြီးတင်တယ်နော်မမ၊နောက်ပြီးတော့ ပုစွန်ချဉ်သုပ်၊ ပဲဟင်းချို၊ ကြက်သားအစပ်ချက်၊ မြင်းခွာရွက်သုပ်၊ ကန်စွန်းရွက်နဲ့မှိုကြော်၊ အဒါတွေချက်တာ၊ အဲဒီနေ့ ကတော့ တကယ်ကိုအမှတ်တရပါ ၊ ထမင်းချက်ဖို့ မေနေလို့ လေ။
    ချစ်ခင်တဲ
    မလေးမြတ်

    ReplyDelete
    Replies
    1. ဟင်းကောင်းတွေအများကြီးချက်ပြီးထမင်းမရှိတော့တော်တော်မချင့်မရဲဖြစ်မှာပဲနော်။
      ဒို့ လည်းခဏခဏကြုံရတယ်။ စားခါနီးမှထမင်းမချက်ရသေးတာတို့ ကုန်နေမှန်းမသိတာတို့ ။
      ဟင်းနံမည်တွေကြားတာနဲ့ တောင်စားချင်လာတယ်။ တွေ့ သာတွေ့ ရရင်ဘယ်လောက်များဗိုက်ဆာလိုက်မလဲမသိဘူး။း)
      အိုင်အိုရာ

      Delete
  5. ဟုတ်တယ်နော် မမအိုင်အိုရာ မလေးတော့ အဲနေ့ ကတကယ်ကို မချင့်မရဲဖြစ်မိတယ်။ နောက်တခါချက်ပြီးရင် ဓါတ်ပုံတွေတင်အုံးမယ်။ မမအိုင်အိုရာရေ မလေးတော့ပြောပြရအု့းမယ် မမရဲ့ ဝက်သားသရက်သီးသနပ်လေးကို အရမ်းအားပေးကြတာ (ခေါက်ဆွဲနဲ့ ) ထမင်းဖြူလေးနဲ့
    သာဆိုရင် ဘယ်လောက်များစားကောင်းလိုက်မလဲဆိုပြီးတော့ မချင့်မရဲဖြစ်ပြီး ပြန်သွားကြတာ။
    ချစ်ခင်တဲ့
    မလေးမြတ်

    ReplyDelete