ဘလော့ဂ်ရောက်လာသူ မိတ်ဆွေ အပေါင်း စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday 30 October 2013

ကမ်းဇော်ဆီ အကြောင်း

ဟိုနေ့ ကရေးမယ့် ကမ်းဇော်ဆီ အကြောင်းလေးပါ။ ကမ်းဇော်ဆီက ကမ်းဇောသီးကထုတ်တာတဲ့။ တနင်္သာရီတိုင်း ထားဝယ် တို့ မြိတ်တို့ ကလာတာ။ ကမ်းဇော်ဆီရဖို့ အတွက် ကမ်းဇော်သီးပင်က အသီးကို ၈နှစ်သက်တမ်းရှိမှ  ခူးရတာတဲ့။ မလေးလည်း ကမ်းဇော်ဆီအကြောင်းကို သိပ်မသိဘူး။ မေမေပြောပြသလောက်လေးပဲ သိတာ။ ဘာလို့ လည်းဆိုတော့ မလေးသီတင်းကျွတ်နေ့ ကချော်လဲတုန်းက ဒူးရော ခါးရော ရဲ ပြီးတော့ကို နာသွားတာ အဲဒီကမ်းဇော်ဆီကိုပဲ ဂွမ်းဆွတ်ပြီး လိမ်းလိုက်တာ နောက်ရက်ကျ ယူပစ်သလိုကို သက်သာသွားတာ။ နောက်ပြီးတော့လည်း မလေးတို့ ဆိုတာ ကွန်ပျုတာသမားတွေဆိုတော့ ဇက်ကျောအရမ်းတက်တယ်။ အခုရက်ပိုင်းဆို မလေးတော့ ညညရောက်ရင် ကမ်းဇော်ဆီလိမ်းဖြစ်တယ်။ မလေးညီမဆိုလည်း မျက်မှန်တပ်ရတဲ့အပြင် ဂုတ်ကျောအရမ်းတက်တာတဲ့။ အဲ့ဒါသူ့ ကို ကမ်းဇော်ဆီလိမ်းကြည့်လို့ ပြောတာ။ ဂုတ်ကျောတ၀ိုက်ကို အလိုပဲ ဂွမ်းနဲ့ ဆွတ်ပြီး လိမ်းတာ သက်သာတယ်တဲ့။ သူငယ်ချင်းတွေကို ဟိုလူနည်းနည်း ဒီလူ့ နည်းနည်းပေးရင်း နဲ့ မလေးတောင် သိပ်မကျန်တော့ဘူး။ ကမ်းဇော်ဆီ အစစ်က ရောဂါတော်တော်များများ အတွက် ပိုပြီးတော့ထိရောက်တယ်။ သက်လည်းသက်သာတယ်။





ဒီလင့်လေး မှာလည်း ကမ်းဇောဆီ အကြောင်း ရေးထားတာ ဖတ်ကြည့်လို့ ရပါတယ်နော်

9 comments:

  1. ဧရာဝတီတိုင်းဖက်မှာတော့ မတွေ့ ဖူးဘူး...စလုံးရောက်ရင် မလေးဆီ ကမ်းဇော်ဆီ လာတောင်းလိမ်းရမယ်...း)

    ReplyDelete
  2. လာခဲ့ ပါ ညီမစန်းထွန်းရေ မလေးက အရမ်းလည်းတွေ့ ချင်ပါတယ်။ ကမ်းဇော်ဆီလည်းပေးပါ့မယ်။ မလေးဂျီမေးကို accept လုပ်ပေးအုံးနော်။
    မလေး invite လုပ်ထားတယ်။
    ချစ်ခင်တဲ့
    မလေးမြတ်

    ReplyDelete
  3. ဟန်ကြည်31 October 2013 at 06:12

    ကမ်းဇော်ဆီဆိုတာ တစ်သက်နဲ့တစ်ကိုယ် သည်တစ်ခါပဲ ကြားဖူးတာပဲဗျာ...တိုင်းရင်းဆေးကတော့ စွမ်းကြတာချည်းပါပဲ...လင့်ခ်ကိုလိုက်ပြီး သူ့အကြောင်း ဖတ်လိုက်ပါဦးမယ်...

    ReplyDelete
  4. ဟုတ်ကဲ့ ဆရာဦးဟန်ကြည် မလေးတော့ ဇက်ကျောတက်တာသက်သာတာနဲ့ တင်တော်တော်သဘောကျနေတာ။ အတုကလည်းအရမ်းပေါတယ်။ အစစ်ကိုရှာဝယ်ရတာ။ အစစ်ကမှအာနိသင်ရှိတာ။ မလေးမေမေတို ကထားဝယ်ဘက်ကို
    မှာပြီးဝယ်တာတဲ့။ မေမေတို့ မိတ်ဆွေလေးဖက်နာသမားတွေတောင် ကမ်းဇော်ဆီလိမ်းတာသက်သာတယ်တဲ့။
    ခင်မင်စွာဖြင့်
    မလေးမြတ်

    ReplyDelete
  5. ခုတလောတော့ ကမ်းဇော်ဆီကတော်တော်လေးကိုနာမည်ကြီးသလို..တော်တော်ကောင်းတယ်လို့လဲပြောကြတယ်..မလေးပြောသလိုပဲ..ခဏလေးနဲ့နာတာသက်သာတယ်တဲ့။အတုအစစ်တော့ဘယ်လိုခွဲမလဲမသိဘူးနော်.

    ReplyDelete
  6. ညီမသူရေ မလေးတော့ ကမ်းဇော်ဆီအတုကို မမြင်ဘူးသေးဘူး။ မလေးမေမေက အတုလည်းရှိတယ်လို့ ပြောလို့ မလေးသိတာ။ မလေးမေမေကို အတုအစစ်ဘယ်လိုခွဲလို့ ရလဲဆိုမေးကြည့်အုံးမယ်၊ သိရရင်မလေးပြောပြပေးမယ်နော်ညီမသူ
    မလေးဘလောဂ့်လေးကိုလည်လာပေးလို့ ကျေးဇူးနော်ညီမ

    ReplyDelete
  7. ကမ်းဇော်ဆီကမြိတ်မှာတောင်ဈေးကြီးတယ်အစစ်တစ်ပုလင်းတစ်သိန်းထိရှိတယ်။စစ်မစစ်ရေခဲသေတ္တာထဲထည့်ကြည့်ပါမခဲဘူးဆိုရင်အစစ်ပဲ။အနံ့ကကြမ်းပိုးအနံ့ရှိတယ်။

    ReplyDelete
  8. ဟုတ်ကဲ့ စောခိုင်ရေ အခုလိုရှင်းပြပေးတာကျေးဇူးအများကြီးတင်ပါတယ်။ မလေးဘလောဂ့်ကို လာလည်တာလည်းကျေးဇူးနော်။

    ReplyDelete
    Replies
    1. ကမ်းဇော်ဆီစစ်စစ်လိုချင်ရင် ကျွန်တော့်ဆီဆက်သွယ်လိုက်ပါ။ PHး 098762772

      Delete