ဘလော့ဂ်ရောက်လာသူ မိတ်ဆွေ အပေါင်း စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 14 September 2013

သားပိုင်နှင့်  ဟစ်ဟော့

အခုတလော မလေးသားပိုင် တယောက်လေ ဟစ်ဟော့ရေစီးကြောင်းထဲမျောပါနေလေရဲ့။ ကလေးတွေများ အတုခိုးမြန်တာနော်။ မလေးက သားပိုင်ကလေး ကြည့်ပါစေဆိုပြီး ဟစ်ဟော့သီချင်းလေးတွေ ဖွင့်ပေးတာပေါ့။ ဟစ်ဟော့အဆိုတော်တွေက သီချင်းဆိုရင် လက်ကလေးတွေ ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက် ဘောင်းဘီအိတ်ထဲ လက်နှိုက်လိုက် အစုံပေါ့နော်။ သူတို့ ရဲ့ ဒီဇိုင်းလေးတွေက။ မလေးကတော့ အဆိုတော်တွေရဲ့ အမူအရာတွေကို သိပ်သတိမထားမိလိုက်ဘူး။ အဲလိုလိုက်လုပ်တတ်လိမ့်မယ်လို့ လဲမထင်တာ။ မလေးတစ်ယောက်ပိုင်ကို လျော့တွက်တာ။ တရက်ကျတော့ သားတော်မောင်ပိုင်လေ ဘောင်းဘီထဲ လက်နှိုက်ပြီး" ဟေးရို့ ရို့ " ဆိုပြီးလုပ်တာ။ မလေးဆိုတာ မျက်လုံးကိုပြုးလို့ ။ အဲဒါနဲ့ သားကိုမေးရတာ သားအဲဒါဘယ်သူ လုပ်တာမြင်ဘူးလဲမေးတော့ မေမေဖွင့်ပေးတဲ့ တီဗွီထဲကအဆိုတော်တွ လုပ်တာလေတဲ့။ အင်းဖွင့်ပေးတဲ့မလေးအပြစ်။ အဲဒီနောက်ပိုင်းကစပြီး ပိုင်တစ် ယောက်ဘောင်းဘီထဲကို လက်နှိုက်တက်သွားတယ်။ သူများ လက်လှုပ်တာက အပေါ်ယံတင်။ ပိုင်ကျတော့ အတွင်းထဲထိ ကိုင်၊ ကိုင် ပြီး " ရို့ ရို့ " လုပ်နေလို့ မနည်းကို အကျင့်ပြင်နေရတယ်။ ဒီအရွယ်တွေက အတုမြင် အတတ်သင်တယ်လေ။ ကလေးကို တစ်ယောက်ထဲ ထားလို့ မရတော့ဘူး။ ငယ်ငယ်ထဲက စနစ်တကျနဲ့  ပြုစုပျိုးထောင်ပေးရတော့မယ်။ ဘာလို့ လဲဆိုတော့ ပိုင်တို့ ခေတ်ရောက်လာရင် ဘာတွေထပ်ပြီး တိုးတက်လာအုံးမယ် ဆိုတာမသိနိုင်ဘူး။ မလေးတို့ ခေတ်နဲ့ တောင်အရမ်းကွာနေပြီ။ မလေးတို့ ငယ်ငယ်ကဘာဟစ်ဟော့မှ မရှိသေးဘူး။ အခုကျတော့ အရမ်းကြီးခေတ်မှီပြီး ပြောင်းလဲလာတယ်။ မလေးတို့ ငယ်ငယ်က မေမေက ပြောဘူးတယ်။ သားသမီးကို ထိန်းရတာ စောင်းကြိုးလို့ ပဲတဲ့။ လျှော့သင့်တဲ့အချိန်မှာ လျှော့ပြီး ၊ တင်းသင့်တဲ့ အချိန်မှာ တင်းပေးရတယ်တဲ့။
မလေးကိုယ်တိုင်တောင် မိခင်ဖြစ်လာမှ ဒီအကြောင်းတရား တွေကို နားလည်လာတာ။ သြော်မေမေ ပြောတဲ့စကားကမှန် လိုက်တာပေါ့။ သားကိုလည်း သေချာဆုံးမသွန်သင်ရမယ်။ အစကောင်းမှ အနှောင်းသေချာမှာ။ သားပိုင်လေးတောင် ၂နှစ်ခွဲ ပြည့်တော့မယ်။ မိဘဆိုတော့လည်း ဒီအရွယ်ပဲ ရှိသေးတာတောင် စိတ်ပူမိသား။

ဒီရက်ပိုင်းဆို ပိုင်က သီချင်းလေး တအေးအေးနဲ့ လေ။ သားဆိုတဲ့သီချင်း က " ရဲတွေလာနေ ရဲတွေလာနေ" တဲ့လေ။ ပြီးတော့လည်း 'ဘာတဲ့လဲလဲ.လဲလဲ..လဲလဲ..လဲလဲ...တဲ့"့  အခုခေတ်သီချင်းတွေက ဘာတွေလည်း မသိတော့ဘူး။ မလေးကိုယ်တိုင်ကလည်း ခေတ်မမှီတော့တာနေမှာ။ အင်းခေတ်ကို အညီလိုက်အုံးမှ။ တော်ကြာ သားတော်မောင်က အားလုံးသိနေပြီး ကိုယ်က မသိသေးဆိုလည်း မဖြစ်သေးဘူး။ မလေးကတော့  သားဆိုတဲ့ သီချင်းက ဘာပါလိမ့်ပေါ့။ နောက်မှ မောင်ငယ်ရဲ့ မေးကြည့်တော့ သြော် အဆိုတော်ထွန်းထွန်း (example) ဆိုထားတဲ့ သီချင်းဆိုတာ သိတာ ။ ဟိုလဲလဲ...လဲ သီချင်းကတော့ နစ်ကီဆိုတာတဲ့။ မလေးက ဟစ်ဟော့ သီချင်းတွေကို သားကြည့်ဖို့ သာ ဖွင့်ပေးထားတာ သိပ်နားမထောင်ဖြစ်ဘူး။  သီချင်းဆို အေးအေးလေးတွေပဲ ကြိုက်တာ။ ကိုယ်ကြိုက်တာ ၊ မကြိုက်တာထက် မိဘဆိုတော့ သားကို ဦးစားပေးဖြစ်တာပေါ့။ ကလေးတွေက အဲလို သီချင်းတွေမှ ကြိုက်တာ။ ဟစ်ဟော့ဆို စိုင်းစိုင်းတို့ လောက်သာသိတာ။ အခုနောက်ပိုင်း လူငယ်လေးတွေကျ သိပ်မသိတော့ဘူး။  ဦးငယ်ကတော့ ပိုင်နဲ့ တွဲပြီး အဆင်ကိုပြေလို့ ။  ယောကျာ်းလေးဆိုတော့ ငယ်ငယ်ထဲကဇာတိပြတာလေ။ အခုဆို မိန်းကလေးတွေ မြင်ရင် စတတ်နေပြီလေ။

အင်းထိန်းရအုံးမယ် ထိန်းရအုံးမယ်။





image from yahoo

4 comments:

  1. သားပိုင်လေး ရို့ ရို့ လုပ်နေတာကို မြင်ယောင်မိပြီး ရယ်လိုက်ရတာလေ..

    ReplyDelete
    Replies
    1. ဟုတ်တယ် ညီမမြတ်ပန်းရေ သားပိုင်တစ်ယောက်လေ ရို့ ရို့ နဲ့ ခေတ်ကလေးတွေများလွယ်ဘူးနော်။
      ရှေ့ ကလုက်တာမြင်ရင် နောက်ကချက်ချင်းလိုက်လုပ်တာ။
      ချစ်ခင်တဲ့ 
      မလေးမြတ်

      Delete
  2. ဟန်ကြည်15 September 2013 at 06:26

    ထိန်းပေဦးတော့...လူလားမြောက်တဲ့အထိ...သူရို့ထက် ကိုယ်က ခေတ်ကို နားလည်ပါမှ တော်ကာကျမယ်...ခေတ်ကလေးတွေက အရှင်မွေး နေ့ချင်းကြီးသဗျား...း)

    ReplyDelete
  3. ဟုတ်တယ်နော် ဆရာဦးဟန်ကြည် မလေးတို့ တော့သားပိုင်ကို မျက်စိဖွင့် နားစွင့်ပြီး ခေတ်နဲ့ အညီ ထိန်းရတော့မယ်။
    ခင်မင်စွာဖြင့်
    မလေးမြတ်

    ReplyDelete